မကြာခဏ စားပေးနေရင် သင့်ခန္ဓာကိုယ်က ကျေးဇူးတင်မိစေမယ့် အစားအစာများ

shutterstock/   kitzcorner
Sponsored

နေ့စဉ်ကိုယ်စားသောက်လိုက်တဲ့ အစားအစာတိုင်းက ခန္ဓာကိုယ်အတွက် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ အဟာရတွေ၊ ဗီတာမင်တွေရရှိမှ သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး သင့်ကို ကျန်းမာနေစေမှာပါ။ ဒီတော့ သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတဲ့ ဒီအစားအစာတွေကို မကြာခဏ စားပေးဖို့ လိုအပ်ပါတယ်။

ကြက်ဥ

shutterstock/nelea33

ကြက်ဥက ခန္ဓာကိုယ်အတွက် တကယ့်ကို အကျိုးရှိတဲ့ အစားအစာဖြစ်တာကြောင့် မကြာခဏစားပေးဖို့ လိုကိုလိုအပ်ပါတယ်။ ကြက်ဥမှာ အခြေခံ ဗီတာမင် 12 မျိုးအထိပါဝင်ပြီး vitamin A, D, E, H, K, vitamin B အုပ်စုတွေဖြစ်တဲ့ (B1, B2, B3, B4, B9) နဲ့ တစ်ခြားသော ဗီတာမင်တွေများစွာ ပါဝင်နေပါတယ်။ နောက်ပြီး ကြက်ဥဟာ amino acids ဓာတ်ပေါများစွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် တကယ့် လိုအပ်တဲ့ အရာတွေပါဝင်နေတာဖြစ်လို့ စားပေးသင့်တဲ့ အရာဖြစ်ပါတယ်။

READ
စစ်ဆေးမှု (၂၁)နာရီကြာ ခံယူပြီးနောက် ပြန်လွတ်လာတဲ့ Jung Joon Young

Blueberries

shutterstock/ pilipphoto
Sponsored

Blueberries ဟာလည်း ဗီတာမင်တွေ ပေါများစွာပါဝင်တဲ့ အသီးဖြစ်ပြီး အသားအရေနဲ့ အမြင်အာရုံကျန်းမာရေအတွက် အထူးကောင်းမွန်ပါတယ်။ ဒါကြောင့် အရသာရှိပြီး ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ Blueberries တွေကို မကြာခဏ စားပေးသင့်ပါတယ်။

ထောပတ်သီး

shutterstock/ Krasula

နှလုံးကျန်းမာရေးအတွက် အထောက်အကူပေးတဲ့ ထောပတ်သီးဟာ သွေးဖိအားကို ကောင်းစေတယ်၊ နှလုံးသွေးကြောရောဂါတွေကို မဖြစ်ပေါ်အောင် တားဆီးပေးပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးကို အလေးထားတယ်ဆိုရင်တော့ ထောပတ်သီးကို စားပေးဖို့ လိုအပ်ပါတယ်။

မုန်ုလဥနီ

shutterstock/Gamzova Olga

မုန်လာဥနီက ရောဂါခုခံစနစ်ကို တိုးမြှင့်ပေးပြီး သူ့မှာပါဝင်တဲ့ carotene ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် A အဖြစ်ပြောင်းလဲစေနိုင်ပါတယ်။ Vitamin A က ရောဂါပိုးတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်။

ငှက်ပျောသီး

shutterstock/ Paulo Vilela

ငှက်ပျောသီးမှာ ကောင်းကျိုးတွေများစွာရှိတဲ့အတွက် စားသောက်ပေးသင့်တဲ့ အရာပါ။ သူ့မှာ သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ မကြာခဏ စားသောက်ပေးဖို့ လိုအပ်ပါတယ်နော်။

READ
ရာသီခွင်အလိုက် သူတို့ရဲ့ ဖူးစာရှင်နဲ့ ဆုံတွေ့မယ့် နေရာလေးတွေ

Khin

sponsored