ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်လို့ သတိထားသင့်တဲ့ အစားအစာများ

shutterstock/   Freedom Life
Sponsored

ခေါင်းကိုက်ခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ စိတ်ရှုပ်ထွေးခြင်းအပြင် အစားအသောက်ကြောင့်လည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မကြာခဏ ခေါင်းကိုက်လေ့ရှိတတ်သူတွေအနေနဲ့ ဒီအစားအစာတွေကို သတိထားသင့်ပါတယ်။

Soda and cola

shutterstock/ Lukas Gojda

Soda ပါဝင်တဲ့ ဖျော်ရည်နဲ့ cola တွေက ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါတယ်။ နောက်ပြီး မှတ်ဥာစ်ပြသနာကို ဖြစ်ပေါ်စေပြီး မူးဝေခြင်းကို ဖြစ်ပေါ်စေပါတယ်။ တစ်ချို့လူတွေအတွက်တော့ ဒီဖျော်ရည်တွေက ဘာမှမဖြစ်နိုင်ပေမယ့် တစ်ချို့တွေအတွက်ကတော့ ဆိုးဆိုးဝါးဝါးကို ခေါင်းကိုက်တတ်ပါတယ်။

ပဲငံပြာရည်

shutterstock/ ffolas
Sponsored

ပဲငံပြာရည်မှာ sodium ဓာတ်မြင့်မားစွာ ပါဝင်တဲ့အတွက် ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ နောက်ဆက်တွဲပြသနာကတော့ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေတာပါပဲ။

ထောပတ်သီး

shutterstock/ Krasula

ထောပတ်သီးက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာဖြစ်သလို ကောင်းမွန်တဲ့ အဟာရတွေကို ပေးစွမ်းပါတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ တစ်ချို့သော ထောပတ်သီးတွေက ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ထောပတ်သီးမှာ tyramine ပါဝင်ပြီး ဒီဓာတ်က သွေးကြောတွေကို တင်းကျပ်စေတဲ့အတွက် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။

READ
Relationship တိုင်းမှာ ရေရှည်အဆင်ပြေစေဖို့ မဖြစ်မနေ သိထားသင့်တဲ့ အချက်များ

ငှက်ပျောသီး

shutterstock/Paulo Vilela

လုံးဝထင်မထားလောက်တဲ့ ငှက်ပျောသီးက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူဟာလည်း တစ်ခါတစ်လေမှာ ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါတယ်နော်။

ပီကေ

shutterstock/Billion Photos

ပီကေဝါးတတ်တဲ့ အကျင့်က မကြာခဏ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ပီကေဝါးတဲ့အခါ ဦးခေါင်းနဲ့ လည်ပင်းကြွက်သားတွေက ပြင်းထန်စွာ တင်းကျပ်မှုကို ခံစားရတဲ့အတွက် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေတတ်တာပါ။

Khin

sponsored