ကိုယ်သင်းရနံ့ကို အနံ့ဆိုးတွေ ထွက်စေတတ်တဲ့ အစားအစာများ

doucefleur/Freepik
Sponsored

လူတိုင်းမှာ ကိုယ်နံ့ဆိုတာ ရှိပါတယ်။ ဒီကိုယ်သင်းနံ့ကတော့ ကိုယ်တိုင်က သိပ်သတိမထားမိဘဲ တခြားသူတွေက ပိုပြီး သတိထားမိတတ်တဲ့ အနံ့မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နံ့ မဆိုးစေဖို့ ကိုယ်တိုင် သတိထားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အလှပြင်ပစ္စည်း အသုံးအဆောင်တွေ သုံးရင်တောင်မှ ကိုယ်နံ့က သက်သက် ထွက်တတ်ပါသေးတယ်။ ကိုယ်သင်းနံ့ကို ပိုပြီးဆိုးစေတတ်တာကတော့ ဒီအစားအစာတွေပဲ ဖြစ်ပါတယ်။

(၁) အရက်

Sponsored

အရက်ကို အမြဲ သောက်တတ်တဲ့သူတွေက ကိုယ်နံ့ဆိုးတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ ခံတွင်းကို ကောင်းကျိုးပေးတဲ့ ဘတ်တီးရီးယားတွေက အရက်သောက်တဲ့သူတွေမှာ နည်းနေတတ်ပါတယ်။ ဒါကြောင့် ခံတွင်းနံ့ကို ဆိုးစေပြီး ကိုယ်နံ့ကိုပါ နံစေတာ ဖြစ်ပါတယ်။

Photo by Magda Ehlers from Pexels

(၂) ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် ကောင်းတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ခံတွင်းနံ့ကို ပြင်းစေပြီး စိတ်အနှောင့်အယှက် ဖြစ်စေသလို ချွေးနံ့နဲ့ ကိုယ်သင်းနံ့ကိုလည်း နံစေပါတယ်။

READ
အဆင့်အတန်းမြင့်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ရှောင်သင့်တဲ့ အချက်(၆)ချက်
Photo by mali maeder from Pexels

(၃) ကြက်သွန်နီ

အသုပ်တွေမှာ မပါမဖြစ် ပါနေတတ်တဲ့ ကြက်သွန်နီကလည်း စားလို့တော့ ကောင်းပေမယ့် ခံတွင်းနံ့ သိပ်ကို နံစေပါတယ်။ ဒါ့အပြင် ကိုယ်နံ့ကိုလည်း ဆိုးစေတတ်ပါသေးတယ်။

Photo by mali maeder from Pexels

(၄) ပင်လယ်စာ

ပင်လယ်စာတွေကလည်း ကိုယ်နံ့ကို ဆိုးတတ်စေပါတယ်။ ပင်လယ်စာမှာ သဘာဝအလျောက် ပါဝင်တဲ့ Chemical တွေကို ခန္ဓာကိုယ်က အလိုအလျောက် မဖြိုဖျက်နိုင်တဲ့သူတွေကိုတော့ ပင်လယ်စာက နာရီပိုင်းအတွင်းမှာပဲ ကိုယ်နံ့ကို နံစေတတ်ပါတယ်။

Photo by Elle Hughes from Pexels

(၅) ဟင်းခတ်အမွှေးအကြိုင်

အနံ့အရမ်းပြင်းတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကလည်း အသားဟင်းတွေကို မွှေးစေတယ်ဆိုပေမယ့် ကိုယ်နံ့နဲ့ ချွေးနံ့ကိုတော့ ဆိုးဝါးစေပါတယ်။

Kham

sponsored