အသားအရေလှချင်တဲ့ မိန်းကလေးတွေစားသင့်တဲ့ အစားအစာများ

Sponsored

Collagen ဓာတ်ကတော့ အသားအရေကို စိုပြီး လှစေတယ် ၊ ဆံသားတွေကို လင်းလက်စေတယ် ၊ လက်သည်းတွေ ကျန်းမာစေတယ်။ ဒီအစားအစာတွေကတော့ အသားအရေလှချင်တဲ့ မိန်းကလေးတွေ အဓိကစားပေးသင့်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ အစားကြေးများရင်လည်းအသားအရေ မွဲခြောက်ခြောက်ဖြစ်စေလို့ အစားအစာကို ရွေးမနေဘဲ စားသင့်တာကို လုံလုံလောက်လောက်စားပေးပါ။

(၁) ပဲနီလေး

Sponsored

အသားအရေလှချင်ရင် ပဲနီလေး ဟင်းရည်ကို သောက်ပေးပါ။ ပဲနီလေးတစ်ခွက်မှာ ပရိုတင်းဓာတ်၊ ဇင့်ဓာတ် ၊ အသားအရေလှစေတဲ့ collagen ဓာတ်တွေပါဝင်ပါတယ်။ Zinc နဲ့ Copper ဓာတ်တို့က Collagen ဖြစ်လာဖို့ amino acid ကို ကူညီပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ပဲနီလေးဟာ အသားအရေလှလာစေဖို့အတွက် အကူအညီဖြစ်စေပါတယ်။

(၂) ငရုတ်ပွသီး

ငရုတ်ပွသီးမှာ အနီရောင် ၊ အ၀ါရောင် ၊ အစိမ်းရောင်ဆိုပြီးရှိပါတယ်။ အစိမ်းရောင်ငရုတ်ပွကိုတော့ ဈေးထဲမှာ အလွယ်တကူရှာလို့ရပါတယ်။ ဒီငရုတ်ပွသီးမှာပါတဲ့ ဗီတာမင် စီ ကတော့ အသားအရေလှစေတဲ့ Collagen ဓာတ်ကို ထုတ်ပေးပါတယ်။ အနီရောင် ငရုတ်ပွသီးမှာတော့ Collagen ဓာတ်ပိုပါပါတယ်။ Collagen က အသားအရေကို စိုပြေနေအောင်ထိန်းသိမ်းပေးပြီး အရေးအကြောင်းတွေကိုပါ ပျောက်စေနိုင်ပါတယ်။

READ
ခန္ဓာကိုယ်လှဖို့ (၄)မိနစ်ပဲ အချိန်ပေးပါ..

(၃) မုန်လာဥနီ

အသားအရေအတွက် မုန်လာဥနီကတော့ အကောင်းဆုံးပါပဲ။ အသားအရေလှချင်တဲ့ မိန်းကလေးတွေအတွက် မုန်လာဥနီကို အစိမ်းစားတာပဲဖြစ်ဖြစ် ၊ ဖျော်ရည်သောက်တာပဲဖြစ်ဖြစ် သောက်ပေးသင့်ပါတယ်။ မုန်လာဥနီထဲမှာ ဗီတာမင် အေ ဓာတ်လည်းပါဝင်တဲ့အပြင် အသားအရေကိုလှစေတဲ့ ဓာတ်တွေလည်း ပါဝင်တယ်။

(၄) အမဲသား 

အသားအရေလှစေနိုင်တဲ့ အစားအစာတွေထဲမှာ အမဲသားလည်းပါတယ်။ အဓိပ္ပာယ်မရှိပါဘူး ထင်ရင်ထင်မှာပါ။ ဒါပေမယ့် အမဲသားထဲမှာ အသားအရေလှစေတဲ့ Collagen ဓာတ်တွေပါဝင်ပါတယ်။

(၅) ကမာကောင် 

ကမာကောင်ကတော့ ဈေးကြီးတဲ့ အမျိုးအစားထဲမှာပါပေမယ့် အသားအရေအတွက်ကောင်းစေလို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါပဲ။ ကမာကောင် လတ်လတ်ဆတ်ဆတ်ထဲမှာဆိုရင် copper နဲ့ အသားအရေလှစေတဲ့ collagen ဓာတ်ကိုထုတ်ပေးတဲ့ ဓာတ်တွေပါတယ်။ ဒါကြောင့် တခြားပင်လယ်စာတွေထက် ကမာကောင်ကို စားပေးသင့်ပါတယ်။

(၆) အရိုးပြုတ်ရည် 

အရိုးပြုတ်ရည်တွေဖြစ်တဲ့ ကြက်ရိုးပြုတ်ရည် ၊ အမဲရိုးပြုတ်ရည် ၊ ဆိတ်ရိုးပြုတ်ရည် ၊ ၀က်ရိုးပြုတ်ရည်တို့ကို သောက်ပေးခြင်းက အသားအရေကို လှပြီး နုပျိုစေပါတယ်။ အရိုးပြုတ်ရည်ထဲမှာ အားဖြစ်စေတဲ့ ပရိုတင်းဓာတ်နဲ့ collagen ဓာတ်တွေ ပါဝင်ပါတယ်။ အရိုးမှာဆိုရင် အဆစ်နားကအရိုးကို ပြုတ်ပေးတာက ပိုကောင်းပါတယ်။ အရိုးပြုတ်ရည်က အသားအရေအတွက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ ကောင်းလို့ သောက်သင့်ပါတယ်။

READ
မျက်နှာအဆီပြန်သမားတွေအတွက် အထိရောက်ဆုံး မျက်နှာချေးချွတ်နည်းများ
Hannwe Soe (Auntymay) 
sponsored