ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ချင့်ချိန်ကျွေးသင့်တဲ့ အစားအစာ (၁၀)မျိုး

Maile Escalona/ public domain pic/pixabay/pinterest
Sponsored

အစားအသောက်တွေ ပုံစံအမျိုးမျိုးနဲ့ အမျိုးအစားစုံလင်လွန်းလှတဲ့ ဒီဘက်ခေတ်ကြီးထဲမှာ ကလေးတွေရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အစားအစာတွေကလည်း ချစ်စရာအရောင်အသွေး၊ စားချင်စဖွယ်ပုံစံတွေနဲ့ ကလေးတွေကိုဆွဲဆောင်နေပါတယ်။ ကလေးတွေကတော့ ကလေးသဘာဝ မျက်စိရှေ့မှာ မြင်လာတဲ့မုန့်အမျိုးမျိုးကို စားချင်မှာပါပဲ။ ဒီတော့မိဘတွေက ကလေးတွေရဲ့ အစားအသောက်ကို သေချာရွေးချယ်ပြီး ကျွေးဖို့လိုပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ချင့်ချိန်ပြီးကျွေးသင့်တဲ့ အစားအသောက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရယ်ဒီမိတ်ဖျော်ရည်အမျိုးမျိုး

Martie Netuschil/pinterest

ရယ်ဒီမိတ်အချိုရည်၊ ဖျော်ရည်တွေက သကြားနဲ့ကယ်လိုရီတွေအမြောက်အများပါဝင်တာကြောင့် သွားပိုးစားတာ၊သွားအခေါင်းပေါက်ဖြစ်တာတွေအပြင် ကလေးတွေရဲ့အာရုံကြောစနစ်ကို ထိခိုက်စေပြီး မှတ်ဉာဏ်စွမ်းရည်ကိုပါလျော့ကျစေပါတယ်။

(၂) စက်နဲ့လုပ်တဲ့ ပေါက်ပေါက်ဆုပ်

Sponsored

စက်ထဲက ထွက်လာတဲ့ထောပတ်ပေါက်ပေါက်တွေမှာ perfluorinated chemicals တွေပါဝင်ပြီး အဲ့ဒီ ကယ်မီကယ်တွေက ကလေးတွေရဲ့ ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးမှုနှုန်းကို ထိခိုက်စေပြီး ကင်ဆာရောဂါဖြစ်အောင် တွန်းအားပေးနိုင်ပါတယ်။

(၃) ပျားရည်

Sandy 249 /pinterest

ပျားရည်က ကလေးတွေကိုကျွေးဖို့မသင့်တော်ဘူးလို့ပြောရင် နည်းနည်းတော့ အံ့သြစရာဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် တစ်နှစ်အောက်ကလေးတွေကို ပျားရည်ကျွေးမယ်ဆိုရင် ကြွက်သားအားနည်းတာ၊ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတာတွေဖြစ်နိုင်လို့ ပျားရည်အစား ငှက်ပျောသီးကိုကျွေးပါ။ တစ်နှစ်အထက်ကလေးဆိုရင်တော့ ပျားရည်ကျွေးလို့ရပါတယ်။

READ
မောင်လေး အရွယ်ရောက်လာတဲ့အခါ အစ်မတွေ ရင်ထဲမှာဖြစ်လာတတ်တဲ့ ခံစားချက်(၁၀)မျိုး

(၄) စည်သွပ်ဗူးနဲ့ဆော့စ်တွေ

စည်သွပ်ဗူးနဲ့ ဆော့စ် တွေမှာ Bisphenol-A (BPA) လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးကိုတွေ့ရပြီး အဲ့ဒီဒြပ်ပေါင်းက အရွယ်ရောက်ပြီးသားလူတွေအတွက် ထိခိုက်မှုပြင်းပြင်းထန်ထန်မဖြစ်နိုင်ပေမယ့် ကလေးငယ်တွေရဲ့ ကြီးထွားနှုန်းကိုနှေးကွေးစေတာ၊ မှတ်ဉာဏ်စွမ်းရည်လျော့ကျစေတာ နဲ့ ကင်ဆာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

(၅) ကလေးတွေအတွက်ထုတ်ထားတဲ့ဒိန်ချဉ်

Kore Chiropractic & Wellness /pinterest

ကလေးတွေအတွက် ထုတ်ထားတဲ့ ဒိန်ချဉ်ဗူးတွေမှာ သကြားပါဝင်မှုပိုများပြီး ဆိုးဆေးလည်း ပါဝင်တာကြောင့် ပုံမှန်ကလေးတစ်ယောက်ကိုတောင် ဓာတ်မတည့်ရောဂါဖြစ်သွားစေနိုင်ပါတယ်။ အဲ့ဒီအစား လူကြီးတွေသောက်တဲ့ ဒိန်ချဉ်ကမှ ကလေးတွေအတွက် အန္တရာယ်ကင်းပါသေးတယ်။

(၆) အဆီထုတ်ထားတဲ့အစားအစာများ

လူကြီးတွေက ကိုယ်အလေးချိန်ထိန်းချင်လို့ အဆီထုတ်ထားတဲ့ အစားအသောက်တွေကိုစားတာ ဘာပြဿနာမှ မရှိပေမယ့် ကလေးတွေကိုတော့ အဲ့ဒါတွေမကျွေးသင့်ပါဘူး။ အဆီထုတ်ထားတဲ့ အစားအသောက်တွေက ကလေးတွေ ခန္ဓာကိုယ်ထဲက ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့ အင်ဇိုင်းတွေကို အားနည်းစေလို့ ကလေးတွေ ကိုယ်ခံအားနည်းစေပါတယ်။

(၇) ဟော့ဒေါ့နဲ့အနီရောင်အသားများ

Richard Jackim /pinterest

ဟော့ဒေါ့နဲ့အနီရောင်အသားတွေကို လုံးဝမကျွေးသင့်တာတော့မဟုတ်ပါဘူး။ ချင့်ချိန်ပြီးကျွေးဖို့လိုတာပါ။ ဘာလို့လဲဆိုတော့ ဟော့ဒေါ့နဲ့ အနီရောင်အသားတွေကို များများစားတာက ကလေးတွေကို အူမကြီးကင်ဆာ ပိုဖြစ်စေနိုင်လို့ပါ။

READ
မိသားစုနဲ့အတူ ပျော်စရာ အမှတ်တရတွေ ဖန်တီးပြီး နှစ်သစ်ကို ဖြတ်သန်းနိုင်မယ့် နည်းလေးတွေ

(၈) ပီကေ၊ဂျယ်လီ

ပီကေနဲ့ဂျယ်လီတွေမှာ သကြားပါဝင်မှုများပြီး အာဟာရဖြစ်တဲ့အရာတွေ မပါဝင်ပါဘူး။ ဒါပေမယ့် ဒါတွေက ကလေးတွေအရမ်းကြိုက်တဲ့ အစားအစာတွေဖြစ်လို့ လုံးဝမကျွေးဘဲနေလို့တော့ရမယ် မထင်ပါဘူး။ကြိုက်သလောက်စားဖို့ခွင့်မပြုထားဘဲ ချင့်ချိန်ပေးပြီး အနည်းငယ်ကျွေးနိုင်ပါတယ်။

(၉) အသင့်စားအာလူးကြော်

Karla Canales/pinterest

အသင့်စားအာလူးကြော်တွေက အဆီ၊ ကယ်လိုရီ နဲ့ ဆားပါဝင်မှုမြင့်မားတဲ့ အစားအစာဖြစ်တာကြောင့် ကလေးတွေကို ရေဓာတ်ဆုံးရှုံးခြင်း၊ အဝလွန်ခြင်းနဲ့ အသည်းရောဂါတချို့ကိုဖြစ်စေနိုင်ပါတယ်။

(၁၀) ပီဇာ

ပီဇာရဲ့ပါဝင်ပစ္စည်းတွေက လူကြီးတွေကိုတောင် ဝိတ်တက်စေနိုင်ပါတယ်။ ကလေးတွေကိုတော့ အဝလွန်ခြင်းအပြင် ဆီးချိုရောဂါဖြစ်နိုင်ချေပါ တိုးစေတာကြောင့် ကလေးတွေကို ပီဇာတွေ အမြဲလိုလိုမကျွေးသင့်ပါဘူး။

MAY THAZINHTOO

sponsored