မနက်စာအဖြစ် လုံးဝမစားသောက်သင့်တဲ့ လူကြိုက်အများဆုံး အစားအစာများ

shutterstock By Jevgenijs Sarigins, By New Africa
Sponsored

တစ်နေ့တာကို လန်းဆန်းတက်ကြွစွာနဲ့ ဦးနှောက်စွမ်းဆောင်ရည်ကောင်းကောင်း စတင်နိုင်ဖို့အတွက် မနက်စာကို အာဟာရပြည့်ပြည့်၀၀ နဲ့ များများ စားဖို့လိုအပ်ပါတယ်။ သို့ပေမယ့် အစားအသောက်တိုင်းကိုတော့ မနက်စာအဖြစ်ရွေးချယ်ဖို့မသင့်တော်ပါဘူး ။ အခုဖော်ပြမယ့် အစားအသောက်တွေကတော့ မနက်စာအနေနဲ့ အမြဲစားသုံးမိနေရင် အစာအိမ်ကင်ဆာအထိ ဖြစ်နိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်နော် …

(၁) ဆီကြော်မုန့်များ

shutterstock By Jevgenijs Sarigins

မနက်စာအဖြစ် အလွယ်တကူ အများဆုံး စားသောက်နေမိတာကတော့ ဆီကြော်မုန့်တွေပါ( ဒိုးနပ်တွေ ၊ ပေါင်မုန့်ကြော် ၊ အကြော်စုံ ၊ ကြက်ကြော် … စသဖြင့် ) ။ ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ တွဲစားပြီး သရေစာအနေနဲ့တော့အဆင်ပြေနိုင်ပေမယ့် မနက်စာအဖြစ်တော့လုံးဝမရွေးချယ်သင့်ပါဘူး။ ဆီကြော်မုန့်တွေမှာ အဆီပါဝင်မှုများပြီး အာဟာရပြည့်ဝမှုလဲမရှိတာကြောင့် ရေရှည်စားသုံးရင် ၀ိတ်ပါတက်လာစေပါတယ်။ မီးပြင်းပြင်းနဲ့ကြော်ထားတာကြောင့် အာဟာရဓာတ်တွေ လောင်ကျွမ်းကုန်ပြီး ကယ်လိုရီပမာဏများစွာပါဝင်ကာ အစာအိမ်ကင်ဆာကို ဖြစ်စေတဲ့ အက်စစ်နဲ့ ကာဗွန်တွေကိုပါ ထုတ်လွှတ်တာကြောင့် မနက်စာအနေနဲ့ လုံးဝရှောင်ကျဉ်ရပါမယ်။

READ
သင်ဟာ သူ့အတွက် Dream Girl လေးလားဆိုတာ ဒီအချက်တွေနဲ့ဆန်းစစ်လိုက်ပါ

(၂) လက်ဖက် ကြက်ဥပေါင်း

shutterstock By ReeFSubagja
Sponsored

မနက်စာအနေနဲ့ ကြက်ဥကိုစားရင် အာဟာရအပြည့်ရကြမယ်လို့ထင်ကြပေမယ့် လက်ဖက်ကြက်ဥပေါင်းကိုစားရင်တော့ အဆိပ်ပါဖြစ်စေပါတယ် ။ လက်ဖက်ကို အပူပေးတဲ့အခါမှာ ကျန်းမာရေးအတွက် မကောင်းတဲ့ chemical တွေကို ထုတ်လွှတ်ပေးပြီး ကြက်ဥနဲ့ဓာတ်ပြုသွားတာပါ။ လက်ဖက်ကြက်ဥပေါင်းကတော့ အစာအိမ် အတွင်းနံရံတွေကိုပါ ပါးလာစေပါတယ် ။ မနက်စာအဖြစ် မကြာခဏစားသုံးမယ်ဆိုရင်တော့ အစာအိမ်ပါးလာပြီး ကင်ဆာရောဂါအထိဖြစ်ပွားနိုင်ပါတယ်

(၃) နံနတ်သီး

shutterstock By Maridav

မနက်ခင်းပိုင်း အသီးအနှံစားရင် အကောင်းဆုံးလို့ထင်ကြပေမယ့် နံနတ်သီးကတော့ no ပါ။ လုံးဝမစားသင့်ပါဘူး ။ နံနတ်သီးမှာ ပါဝင်တဲ့ အင်ဇိုင်း နဲ့ အက်စစ်ဓာတ်ကြောင့် မနက်ခင်း ဘာအစာမှမရှိပဲ ဟင်းလင်းဖြစ်နေတဲ့ အစာအိမ်ကိုထိခိုက်နိုင်တာကြောင့် မစားသင့်တာပါ။ နံနတ်သီးလိုပဲ လီမွန် နဲ့ အခြား အချဉ်ဓာတ်များတဲ့ အစားအစာတွေ ကိုလည်း မနက်စာအနေနဲ့ လုံးဝမစားသင့်ပါဘူးနော် ။ နံနက်စာအနေနဲ့မဟုတ်ပဲ နေ့လည် အစာစားပြီး နဲ့ တစ်ခြားအစားအစာတွေစားပြီးနောက်မှ နံနတ်သီးကိုစားမယ်ဆိုရင်တော့ အစာခြေစနစ်ကိုပါ အထောက်အကူပေးပြီး အာဟာရဓာတ်လည်းအပြည့်အ၀ရရှိစေပါတယ်။

READ
ဝိတ်ချဖို့ အပြင်းအထန်ကြိုးစားပေမယ့် ၀ိတ်မကျရတဲ့ အကြောင်းအရင်း (၅) ချက်

(၄)သရေစာမုန့်နဲ့ အအေးများ

shutterstock By AS Food studio

မနက်စာအနေနဲ့ ကွတ်ကီး၊ ဘီစကွတ် လို မုန့်တွေကို အစားများကြပါတယ် ။ ကွတ်ကီးတွေကလည်း ဆီကြော်တွေဖြစ်တာကြောင့် ရေရှည်မှာ အာဟာရလဲမဖြစ်ပဲ ၀ိတ်ပဲတက်လာစေနိုင်ပါတယ် ။ မနက်စာအနေနဲ့ ဂတ်စ်ပါတဲ့ အအေးတွေကိုလည်း လုံးဝမသောက်သုံးသင့်ပါဘူးနော်။

(၅) စပ်တဲ့အစားအစာများ

မနက်ပိုင်းအစာလုံးဝမရှိတဲ့ အစာအိမ်က အားနည်းတာကြောင့် အစပ်တွေစားတဲ့အခါ အစာခြေအက်စစ်တွေလည်းပိုမိုထုတ်လွှတ်ပြီး အစာအိမ်နံရံတွေကိုပါးလာစေနိုင်ပါတယ် ။

ဒီလိုအစားအစာတွေကို မနက်စာအနေနဲ့ နေ့စဉ်စားသောက်မိနေမယ်ဆိုရင်တော့  ရေရှည်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာတွေကိုပါဖြစ်ပွားစေလို့ ရှောင်ကျဉ်စားသောက်ကြပါလို့ တိုက်တွန်းပေးချင်ပါတယ် ။

Kay

sponsored