မျက်စိ အမြင်အာရုံအားကောင်းစေဖို့ စားသုံးပေးသင့်တဲ့ အစားအစာများ

pch.vector/Freepik
Sponsored

မျက်စိကျန်းမာရေးက သိပ်ကို အရေးကြီးတဲ့ အရာတစ်ခုပါပဲ။ မျက်စိကို အလွန်အကျွံ အသုံးပြုရတာတွေကလည်း မျက်စိကို ထိခိုက်စေသလို ပင်ကို အာရုံကြော အားနည်းတဲ့ သူတွေကလည်း မျက်စိ အလုပ်များများ လုပ်ရပြီဆိုရင် မျက်ရိုးကိုက်တာနဲ့ ခေါင်းကိုက်တာတွေတောင် ဖြစ်စေပါတယ်။ ဂိမ်းတွေ၊ ဖုန်းတွေ၊ ကွန်ပျူတာတွေကိုကြည့်နေရတဲ့ ယနေ့ခေတ် လူတွေအတွက် မျက်စိကျန်းမာရေးကို ကောင်းမွန်စေတဲ့ အခုလို အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။

၁။ အစိမ်းရောင်အရွက်များ

Sponsored

အစိမ်းရောင်ပါတဲ့ ဟင်းသီးဟင်းရွက်တွေကလည်း မျက်စိအားကောင်းဖို့အတွက် အထောက်အကူပြုနေပါတယ်။ ပန်းဂေါ်ဖီစိမ်းနဲ့ မြင်းခွာခွက်စတဲ့ အရွက်တွေကိုတော့ မျက်စိကျန်းမာရေးအတွက် စားသုံးပေးဖို့ အသင့်လျော်ဆုံးပါပဲ။ ဒါ့အပြင် ထောပတ်သီးလည်း စားပေးသင့်ပါတယ်။

Freepik.com

၂။ ငါးများ

ဆဲလ်မွန်၊ ဆာဒင်းနဲ့ တူနာ စတဲ့ ငါးတွေမှာ Omega-3 fatty acids တွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် မျက်လုံးခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးပြီး အမြင်အာရုံယိုယွင်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ဒီလို ပင်လယ်ငါးတွေကို စားသုံးပေးခြင်းဖြင့် မျက်စိအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိလာမှာ ဖြစ်ပါတယ်။

READ
#miachallenge ဆိုတဲ့ DJ Soda ရဲ့ ဗီဒီယိုဖိုင် နာမည်ကြီးနေ
Freepik.com

၃။ ဥနှင့် အစေ့အဆံများ

ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေက ဥအမျိုးမျိုးမှာ ပါဝင်ပါတယ်။ lutein နဲ့ မျက်လုံးခြောက်တာ၊ ညဘက် အမြင်ဝေဝါးတာကို ကာကွယ်ပေးတဲ့ Vitamin A တို့ ပါဝင်ပါတယ်။ ဒါ့အပြင် မျက်စိကျန်းမာရေးကို ပိုပြီးကောင်းမွန်စေတဲ့ Vitamin E နဲ့ Omega-3 fatty acids တို့ ကြွယ်ဝစွာ ပါဝင်ထားပါတယ်။

lovelyday12/Freepik

၎။ ချဉ်သော အသီးများ

လိမ္မော်သီးကဲ့သို့ အသီးတွေမှာ ဗီတာမင် စီဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး တခြားသော ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

pch.vector/Freepik

၅။ နေကြာစေ့

မျက်စိကျန်းမာရေးကောင်းမွန်ဖို့ နေကြာစေ့ကို စားသုံးပေးလို့ ရပါတယ်။ နေကြာစေ့မှာ Vitamin E နဲ့ Zinc တို့ ပါဝင်ပြီး မျက်စိကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ ဒါပေမယ့် သွေးပေါင်ကျတတ်သူတွေကတော့ စားသုံးဖို့ မသင့်ပါဘူးနော်။

READ
'The King: the Eternal Monarch' ရိုက်ကွင်းက Lee Min Ho ရဲ့ပုံရိပ်လေးများ

Kham

sponsored