အန္တရာယ်ဖြစ်စေနိုင်လို့ microwave ထဲမှာ ပြန်နွှေးပြီး မစားသင့်တဲ့ အစားအစာ(၄)မျိုး

shutterstock/Monkey Business Images
Sponsored

လူတော်တော်များများက အစားအစာတွေကို အလွယ်တကူပဲ microwave ထဲမှာ ပြန်နွှေးပြီး စားတတ်တဲ့ အကျင့်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အစားအစာတွေက microwave ထဲမှာ ပြန်မနွှေးသင့်တဲ့ အစားအစာတွေ ရှိလို့နေပါတယ်နော်။ ဒီအစားအစာတွေက microwave ထဲမှာ ပြန်မနွှေးသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ကြက်ဥပြုတ်

shutterstock/rebrova irina

ပြုတ်ထားတဲ့ ကြက်ဥတွေကို microwave ထဲမှာ ပြန်မနွှေးသင့်တော့ပါဘူး။ အကြောင်းအရင်းကတော့ ကြက်ဥပြုတ်တွေဟာ ပါးလွှာတဲ့ အခွံ၊ အကာတွေနဲ့ ဖွဲ့စည်းထားပြီး သူ့ကို အပူပေးလိုက်တဲ့အချိန်မှာ ရေမော်လီကျူးတွေက ဖိအားဖြစ်စေတဲ့အတွက် microwave ထဲ ပေါက်ကွဲသွားတာမျိုး ဖြစ်တတ်ပါတယ်။ တကယ်လို့ သင်က ကြက်ဥပြုတ်ကို ထက်ခြမ်းခြမ်းပြီး အပူပေးရင်တောင် ဖြစ်နိုင်တာဖြစ်လို့ ပြန်မနွှေးသင့်ပါဘူး။

မုန်လာဥ

shutterstock/ MZinchenko
Sponsored

မုန်လာဥတွေကို microwave ထဲ ပြန်နွှေးတာက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ မုန်လာဥဟာ မြေကြီးထဲက လာတာဖြစ်တဲ့အတွက် မုန်လာဥကို မဆေးကြောပဲ သို့ အညစ်အကြေးတွေ ကပ်ကျန်နေမယ်ဆိုရင် ဒီမုန်လာဥမှာပါတဲ့ သတ္တုဓာတ်တွေဟာ microwave ထဲမှာ အလွယ်တကူပဲ မီးပွါးမီးစတွေ ဖြစ်ပေါ်ပြီး မီးလောင်ပေါက်ကွဲတာမျိုး ဖြစ်တတ်ပါတယ်။

READ
Baifern နဲ့ Nine တို့ရဲ့ ‘Sroi Sabunga’ ဇာတ်ကားသစ် ရိုက်ကူးရေး စတင်

ရေ

shutterstock/Marian Weyo

ရေကို အလွယ်တကူပဲ microwave ထဲ ထည့်ပြီး အပူပေးတာက ဘာမှမဖြစ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် လေ့လာချက်တွေအရ ရေကို microwave ထဲ အပူပေးလိုက်တာက ရေဟာ အရမ်းကို ပူလောင်လာပြီးတော့ ရေရဲ့ မော်လီကျူးတွေ မတည်မငြိမ်ဖြစ်ပြီး ပေါက်ကွဲမှုကို ဖြစ်စေနိုင်ပါတယ်။

ခရမ်းချည်သီး သို့ ခရမ်းချည်သီး ဆော့စ်

shutterstock/denio109

ခရမ်းချည်သီးဟာလည်း ကြက်ဥပြုတ်လိုပဲ ပေါက်ကွဲတတ်ပါတယ်။ ခရမ်းချည်သီးနဲ့ ခရမ်းချည်သီးဆော့စ်တွေကို microwave ထဲမှာ အပူပေးလိုက်တဲ့အခါ ပူဖောင်းလေးတွေဖြစ်လာပြီး အရည်တွေ ပန်းထွက်လာစေတတ်ပါတယ်။

Khin

sponsored