ရေခဲသေတ္တာထဲထည့်ပြီး သိမ်းမထားသင့်တဲ့ အစားအစာနှင့် ဟင်းသီးဟင်းရွက်များ

Sponsored

အစားအစာတွေကို ကြာရှည်ခံပြီး မပုတ်မသိုးစေချင်ရင်၊ လတ်လတ်ဆတ်ဆတ်လေး ဖြစ်နေစေချင်ရင်  ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားလေ့ရှိပါတယ်။ တစ်ခါတစ်လေ စားလို့မကုန်တဲ့အခါမှာလည်း လက်ကျန် အစားအစာတွေကို မပုတ်မသိုးအောင်လို့ ရေခဲသေတ္တာထဲထည့်ပြီး သိမ်းမိမှာပါ။ အအေးဓာတ်ကြောင့် အစားအစာတွေဟာ အချိန်အတိုင်းအတာ တစ်ခုအထိ ကြာရှည်ခံနေပြီး ကိုယ်စားချင်တဲ့အချိန်ကျမှ ရေခဲသေတ္တာထဲက ထုတ်၊ ပြန်နွှေးပြီး စားတတ်ကြပါတယ်။

ဒါပေမယ့် အအေးဓာတ်ကြောင့် နဂိုရှိနေတဲ့ အရသာတွေ၊ ဓာတ်တွေ ပျက်ပြယ်ပြီး လူကို ဘေးအန္တရာယ် ဖြစ်စေမယ့် အစားအစာမျိုးတွေလည်း ရှိနေပါတယ်။ ရေခဲသေတ္တာထဲထည့်ပြီး သိမ်းမထားသင့်တဲ့ အစားအစာ တွေကို စာဖတ်ပရိတ်သတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပြုတ်ပြီးသား ပါစတာခေါက်ဆွဲ

Sponsored

ပြုတ်ပြီးသား ပါစတာခေါက်ဆွဲရဲ့ အရသာနဲ့ ပုံစံတွေဟာ အအေးဓာတ်ကြောင့် ပျက်စီးသွားမှာပါ။ ဒါ့အပြင် အအေးဓာတ်ကြောင့် ခေါက်ဆွဲသားတွေဟာ ရေငွေ့အရိုက်ခံရသလိုဖြစ်နေပြီး စားတဲ့သူတွေကို အစာမကျေပဲ အော့အန်တာတွေ ဖြစ်စေပါလိမ့်မယ်။

Shutterstock

ရေခဲရိုက်ထားတဲ့ ဟင်းသီးဟင်းရွက်နှင့်အသားများ

ရေခဲရိုက်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားတွေဟာ ကြာရှည်ခံအောင် ရေခဲရိုက်ပြီးသားပါ။ သူတို့ကို ရေခဲသေတ္တာထဲမှာ တစ်ရက်တန်သည် ၊ နှစ်ရက်တန်သည် ခဏတစ်ဖြုတ်တော့ ထည့်ထားလို့ရပါတယ်။ ဒီထက်ပိုကြာကြာထားရင်တော့ မကောင်းပါဘူး။ အဲဒီအစားအစာတွေပေါ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားလေးတွေ ရှိနေပါတယ်။ ဒါကြောင့် ရေခဲရိုက်ထားတဲ့ အသားတွေကို ရေခဲသေတ္တာထဲ ကြာရှည်ထည့်ထားရင် ဘက်တီးရီးယားပိုးတွေမွေးထားသလို ဖြစ်နေပါလိမ့်မယ်။ ရေခဲရိုက်ထားတဲ့ အသားတွေကိုတော့ ကြာရှည်ထားလို့ ရတဲ့နည်းရှိပါတယ်။ ရေခဲရိုက်အသားတွေကိုဝယ်ပြီးရင် ရေနွေးနဲ့ ပြန်ပြုတ်ပြီးမှ ရေခဲသေတ္တာထဲ ထည့်လိုက်ပါ။ ကြာရှည်ခံပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါလိမ့်မယ်။

READ
(၂) ပတ်အတွင်း သိသိသာသာဝိတ်ကျစေဖို့ ကျွမ်းကျင်သူများပေးတဲ့အကြံ (၇) ချက်

အဖုံးမဖုံးထားတဲ့ အချဉ်ရည် ပုလင်းများ

တစ်ခါတစ်ရံမှာ အချဉ်ရည် ပုလင်းတွေကို မေ့ပြီး အဖုံးမဖုံးဘဲ အကြာကြီး ထားတတ်ကြပါတယ်။ အဲလိုမျိုး အဖုံးမဖုံးဘဲ အကြာကြီးထားမိတယ်ဆို ရေခဲသေတ္တာထဲကို အဲဒီပုလင်းမထည့်ပါနဲ့တော့။ ပုလင်းထဲက အချဉ်ရည်တွေဟာ လေနဲ့ထိတွေ့တာများပြီး ရေခဲသေတ္တာထဲက အအေးဓာတ်ကြောင့် ရေငွေ့ရိုက်ကာ အရသာပျက်သွားပါလိမ့်မယ်။ ကျန်းမာရေးအတွက်လည်း လုံးဝမကောင်းပါဘူး။

မုန့်နှစ်နဲ့ ကြော်ထားတဲ့ အစားအစာများ

မုန့်နှစ်နဲ့ ကြော်ထားတဲ့ အစားအစာတွေကတော့ ရေခဲသေတ္တာထဲထည့်လိုက်ရင် ရေငွေ့ရိုက်ခံရပြီး စားမကောင်းတော့ပါဘူး။ ပြန်ကြော်လည်း နဂိုအရသာထွက်မှာ မဟုတ်တော့ပါဘူး။ အခန့်မသန့်ရင် အစာမကြေတာ၊ အော့တာ အန်တာတွေ ဖြစ်နိုင်ပါသေးတယ်။

Shutterstock

အဖုံးမပိတ်မိတဲ့ နို့ဘူးများ

အဖုံးမပိတ်မိတဲ့ နို့ဘူးတွေကို ရေခဲသေတ္တာထဲ အကြာကြီး ထည့်သိမ်းထားပြီးမှ သောက်ရင် ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ၀မ်းလျောတာ၊ အန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဖုံးမပိတ်မိတဲ့ နို့ဘူးထဲက နို့တွေကိုတော့ ပြန်နွှေးပြီး သောက်ရင် ပြဿနာမရှိနိုင်သလို ဟင်းထဲမှာလည်း ထည့်ချက်လို့ရပါတယ်။

READ
စိတ်ကျန်းမာရေးဆေးခန်းကို သွားသင့်ကြောင်း မသိမသာနဲ့ ဖော်ပြနေတဲ့ အခြေအနေများ

ထောပတ်သီး

ထောပတ်သီးကို ရေခဲသေတ္တာထဲထည့်မိရင် အရသာပျက်ပြီး မာတောင့်တောင့်ကြီး ဖြစ်သွားမှာပါ။ ထောပတ်သီးဖျော်ရည်ကိုတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ ရပါတယ်။

Shutterstock

စည်သွပ်ဘူးများ

စည်သွပ်ဘူးတွေဟာ သူ့ချည်းပဲထားလည်း နှစ်ပေါင်းများစွာ ကြာရှည်ခံအောင် စီမံထားတာပါ။ အဲဒါကို ရေခဲသေတ္တာထဲ ထည့်မိရင် အခန့်မသင့်တဲ့အခါ စည်သွပ်ဘူးတွေရဲ့ အဖုံးပွင့်ထွက်တာ ဖြစ်နိုင်ပါတယ်။

သခွားသီးနှင့် အခြားရေဓာတ်များသော ဟင်းသီးဟင်းရွက်များ

သခွားသီးဟာ သူ့နဂိုတည်းက ရေဓာတ်ပြည့်ဝလွန်းတဲ့ အစားအစာတစ်ခုပါ။ ဒါကြောင့် ရေခဲသေတ္တာထဲ ထည့်ထားရင် သခွားသီးမှာပါဝင်နေတဲ့ ရေဓာတ်တွေဟာ ခဲသွားပြီး စားမကောင်းတော့ဘဲ ဆေးဖက်ဝင်တဲ့ အာနိသင်တွေ လျော့ကျသွားပါလိမ့်မယ်။ ဒါ့အပြင် မုန်လာဥ၊ ဆလပ်ရွက်တို့လို ရေဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲ မထည့်ဘဲ ဒီအတိုင်းပဲ အပြင်မှာထားတာ ပိုစားလို့ကောင်းမှာဖြစ်သလို ဆေးဖက်ဝင်တဲ့ အာနိသင်တွေကိုလည်း အပြည့်အ၀ခံစားရမှာပါ။

Source : DailyMail

sponsored