သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင် နှောင့်ယှက်စေတတ်တဲ့ အချက်များ

shutterstock/ Anatoliy Karlyuk
Sponsored

လူတစ်ယောက်အတွက် အိပ်စက်ချိန်ဟာလည်း တကယ့်ကို အရေးကြီးပါတယ်။ ကောင်းစွာ မအိပ်စက်နိုင်တဲ့အခါ လူက ပင်ပန်းနုံးချိနေတတ်ပြီး အိပ်ရေးမဝခြင်းက ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်းနဲ့ တစ်ခြားသော အကြောင်းအရာ တော်တော်များများကို ဖြစ်စေတတ်ပါတယ်။ ဒါက နေ့စဉ်ဘဝမှာ ကိုယ့်ရဲ့ လုပ်ငန်းတာဝန်တွေကို မပြီးမြောက်စေပဲ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီတော့ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပြီး ကောင်းမွန်စွာ အနားယူနိုင်ဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုအပ်ပါယ်။

အိပ်ချိန်မလုံလောက်မှာကို စိတ်မပူပါနဲ့

shutterstock/ Sam Wordley

တစ်ချို့လူတွေက နောက်ကျမှ အိပ်ဖြစ်တဲ့ ရက်တွေနဲ့ တစ်ခြားသော အကြောင်းအရာတွေကြောင့် အိပ်ချိန်နောက်ကျသွားတာမျိုး ဖြစ်တဲ့အခါ အိပ်ရေးမဝမှာကို စိတ်ပူတတ်ကြပါတယ်။ ဒီလို စိတ်ပူခြင်းက အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေပြီး အိပ်ရေးမဝခြင်းကို ဖြစ်ပေါ်စေပါတယ်နော်။ ဒီတော့ အိပ်မချိန်မလုံလောက်မှာ၊ အိပ်ရေးမဝမှာကို စိတ်ပူမနေပဲ ဘာဆိုဘာမှ မတွေးပဲ စိတ်လက်ပေါ့ပါးစွာ အိပ်စက်ာလိုက်ပါ။ ဒါက သင့်ကို ကောင်းကောင်း အိပ်ပျော်စေမှာ ဖြစ်ပါတယ်။

READ
ခြောက်လအတွင်း ကိုယ့်ကိုယ်ကိုတိုးတက်ပြောင်းလဲလာအောင် ဘယ်လိုလုပ်မလဲ

အိပ်ဖို့ကို အတင်းဖိအားမပေးပါနဲ့

shutterstock/ Tero Vesalainen
Sponsored

မနက်ဖက် စောစောထဖို့ လိုအပ်လို့တဲ့ နေ့တွေမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အမြန်အိပ်ပျော်အောင် အတင်းကြိတ်မှိတ်အိပ်တတ်ကြပါတယ်။ တကယ်တော့ ဒါက အိပ်ဖို့ကို အတင်းဖိအားပေးသလိုဖြစ်နေပြီး စိတ်ဖိစီးကာ ပိုအိပ်မရဖြစ်တတ်ပါတယ်နော်။ ဒါကြောင့် မအိပ်ခင်မှာ အရင်ဆုံး စိတ်ကို ဖြေလျော့ဖို့လိုအပ်ပြီး ဖြည်းဖြည်းချင်း အိပ်ပျော်သွားအောင် ကူညီပါတယ်။

အလွန်အကျွံ အိပ်စက်ခြင်းမျိုး မလုပ်ပါနဲ့

shutterstock/Marcos Mesa Sam Wordley

အိပ်ချိန်များတဲ့အခါမှာ လူက မလန်းဆန်းပဲ ခေါင်းမကြည်တာတွေ၊ လေးလံထိုင်းမှိုင်းနေတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ အလွန်အကျွံ အိပ်တာမျိုးကို ရှောင်သင့်ပါတယ် ဒါက ညဘက်မှာ အိပ်မပျော်ဖြစ်စေပါတယ်။ နေ့လည်နေခင်း အချိန်အကြာကြီး အိပ်လိုက်တာ၊ အိပ်ချိန် ဆယ်နာရီထက်ပိုအိပ်တာတွေက ကျန်းမာရေးကို ထိခိုက်စေသလို ညဘက်မှာ မအိပ်နိုင်ပဲ ဖြစ်နေစေပါတယ်။

READ
သင့်အိပ်မက်ကနေတစ်ဆင့် သင့်လက်ရှိအချစ်ရေးကို မှန်အောင်ပြောပြမယ်

အတွေးမများပါနဲ့

shutterstock/ Photographee.eu

လူတော်တော်များများက ညဘက် အိပ်စက်တဲ့ အချိန်မှာ ဟိုတွေး၊ ဒီတွေး တွေးတတ်ကြပါတယ်။ ဒီလို အတွေးများခြင်းက အိပ်စက်ဖို့ကို နှောင့်ယှက်စေပြီး စိတ်ပူစရာတွေ၊ စိတ်ညစ်စရာတွေကို တွေးမိရင် အိပ်မပျော်နိုင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်တဲ့အချိန်မှာ ဘာကိုမှ မစဉ်းစားပဲ စိတ်အေးလက်အေး အိပ်စက်ခြင်းက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ ဖြစ်ပါတယ်။

Khin

sponsored