အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့ အမျိုးသမီးငယ်များအတွက်…

Sponsored

အမျိုးသမီးငယ်တွေ အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်ချက်ချထားပြီဆိုရင် ဒီအချက်တွေကို သိထားဖို့လိုပါတယ်။ အိမ်ထောင်ကျသွားရင် အမျိုးသမီးတွေတော်တော်များများမှာ တွေ့ရတဲ့အမှားတွေရှိပါတယ်။ အိမ်ထောင်ကျသွားတာနဲ့ ကိုယ့်အတွေး၊ အမြင်တွေကို အမှောင်မချပစ်လိုက်ပါနဲ့။ အတတ်နိုင်ဆုံး ခေတ်မီအောင်၊ ခေတ်နဲ့အညီ တွေးတတ်မြင်တတ်အောင်ပါ။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ အမှောင်မချလိုက်ပါနဲ့။ ဒီအချက်တွေက အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့ အမျိုးသမီးငယ်တွေအတွက်ပါ။

(၁) အိမ်ထောင်ကျလို့ဆိုပြီး အလုပ်မထွက်လိုက်ပါနဲ့

Sponsored

အိမ်ထောင်ပြုလိုက်တဲ့ အမျိုးသမီးတွေရဲ့အမှားက အလုပ်ထွက်လိုက်ကြတာပါ။ အိမ်ထောင်ကျသွားတာနဲ့ ကိုယ့်အစွမ်းအစတွေ၊ ၀ါသနာတွေကိုစွန့်လွှတ်ပြီး အိမ်အလုပ်တွေမှာ စိတ်နှစ်လိုက်တာ မှားပါတယ်။ အလုပ်ထွက်လိုက်တော့ ယောကျာ်းဖြစ်သူ ပေးမှစားရမယ့်၊ ၀တ်ရမယ့်ပုံစံမျိုးဖြစ်နေတတ်တယ်။ ကိုယ်အတွက် လစာဆိုတာမရှိတော့၊ ယောက်ျားဖြစ်သူကို မျက်နှာငယ်နဲ့ဆက်ဆံပြီး အားငယ်ရမယ့်အစား ကိုယ့်အစွမ်းအစနဲ့ကိုယ်ရထားတဲ့ အလုပ်ကို မထွက်လိုက်ပါနဲ့။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်နေတဲ့အတွက် ယောက်ျားဖြစ်သူရဲ့ ဖိနှိပ်မှုကိုလည်း ခံရမှာမဟုတ်သလို တစ်ခုခုဆို ယောက်ျားဖြစ်သူထားသွားမှာ ကြောက်စရာမလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်နေနိုင်တာကြောင့်ပါ။

(၂) အိမ်ခွဲနေပါ

အိမ်ထောင်ပြုဖို့စဉ်းစားလိုက်ပြီဆိုတာနဲ့နေရမယ့် အိမ်ကိစ္စကို သူနဲ့ဆွေးနွေးပါ။ အိမ်ထောင်မပြုခင်ကတည်းက အိမ်ခွဲနေမယ်လို့ ပြောထားပါ။ အိမ်ထောင်ပြုပြီးရင် ကိုယ့်မိသားစုနဲ့လိုက်မနေသလို သူ့မိသားစုဘက်ကိုလည်း လိုက်မနေပါနဲ့။ အိမ်ထောင်ကျခါစအချိန်ဆိုတာ သူစိမ်း(၂)ယောက် ပေါင်းဖက်ကြတာဆိုတော့ အခက်အခဲတွေရှိနိုင်တယ်။ ဒါပေမယ့် အိမ်ခွဲနေပါ။ အိမ်ခွဲနေလိုက်ရင် သူ့ဘက် ကိုယ့်ဘက် အမျိုးတွေနဲ့ကင်းသွားတော့ သွေးထိုးတာတွေ၊ မကျေနပ်ဖြစ်တာတွေ၊ ပြဿနာတွေဝေးသွားမှာပါ။ အဲဒါကြောင့် အိမ်ခွဲနေပြီး လင်မယား(၂)ယာက်အတွက်ပဲ အချိန်ပေးလိုက်ပါ။

READ
အိမ်ထောင်တစ်ခုလုံးကို တစ်စစီပြိုကွဲသွားစေနိုင်တဲ့ အချက် (၅) ချက်

၃။ အမြဲဆွဲဆောင်မှုရှိအောင်နေပါ

အိမ်ထောင်ပြုလိုက်တဲ့ အမျိုးသမီးငယ်တွေမှာ တွေ့တတ်တဲ့ နောက်အမှားတစ်ခုကတော့ ပြင်ပြင်ဆင်ဆင်မနေတော့တာပါ။ အိမ်ထောင်ကျသွားပြီဆိုတော့ “ဒီယောကျာ်းတစ်ယောက်ပဲရမှာပါအေ” ဆိုပြီး အိမ်အလုပ်တွေကြားမှာ ပြင်ပြင်ဆင်ဆင်မနေကြတော့ဘူး။ အိမ်အလုပ်ချည်းပဲစိတ်မနှစ်ပါနဲ့၊ အလုပ်ထွက်လုပ်ပါ။ ပြီးရင် ၀ိတ်ထိန်းပြီး လှလှပပနဲ့ ဆွဲဆောင်မှုရှိအောင်နေပါ။ ယောက်ျားဖြစ်သူဂုဏ်ယူရတဲ့ မိန်းမဖြစ်အောင်နေပါ။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားတွေက အိမ်မှာနေပြီး ဆံပင်စုတ်ဖွားဖြစ်နေတဲ့ မိန်းမနားကိုမကပ်ချင်ကြလို့ပါ။ အဲဒါကြောင့် အိမ်ထောင်ကျသွားရင်တောင်မှ ၀ိတ်ထိန်းပြီး အမြဲဆွဲဆောင်မှုရှိအောင်နေပါ။

(၄) ယောက်ျားကို အိမ်အလုပ်ကူပေးခိုင်းပါ

ယောကျာ်းဖြစ်သူကို အိမ်အလုပ်ကူလုပ်ခိုင်းရတာက ယောက်ျားဖြစ်သူ တခြားကိုစိတ်မရောက်နိုင်အောင်ပါ။ ယောက်ျားအများစုက အားနေရင် မဟုတ်တဲ့အတွေးတွေ ၀င်လာတတ်တယ်။ အဲဒါကြောင့် သူတို့မအားရလေအောင် အိမ်အလုပ်တွေကို ကူလုပ်ခိုင်းပါ။ ဘယ်တော့မှ ယောက်ျားကိုခိုင်းရမှာ အားမနာပါနဲ့။ ကိုယ်လည်းအလုပ်ထွက်လုပ်ရရင် အိမ်အလုပ်ဆိုတာ မိန်းမတစ်ယောက်တည်းလုပ်ရဖို့ဆိုတာ ပင်ပန်းတယ်။ ယောက်ျားဖြစ်သူကိုပါ အိမ်အလုပ်ခိုင်းပါ။ ဒီအိမ်ထောင်ကို နှစ်ယောက်ပေါင်းပြီး တည်ဆောက်ခဲ့ရလို့ အိမ်အလုပ်ကိုလည်း (၂)ယောက်အတူလုပ်မှရမှာပါ။

(၅) ချစ်သူဘ၀ကအတိုင်းပဲ ကြင်ကြင်နာနာဆက်နေပါ

အိမ်ထောင်ပြုတော့မယ် အမျိုးသမီးငယ်တွေအတွက် အိမ်ထောင်ကျသွားရင် ယောက်ျားဖြစ်သူကို ချစ်သူဘ၀ကအတိုင်းပဲ ကြင်ကြင်နာနာပြောပြီး ဆက်ဆံပါ။ အဲဒါမှ အိမ်ထောင်ရေးက သာယာပြီး ပျော်ဖို့ကောင်းမှာပါ။ အိမ်ထောင်ကျသွားရင် ယောက်ျားကို နာမည်တပ်မခေါ်ဘဲ “ကိုကို၊ ကို၊ မောင်” ဆိုပြီး ချိုချိုသာသာလေးခေါ်ပါ။

READ
မိန်းကလေးတိုင်း တစ်ခါလောက်တော့ စိတ်ကူးယဉ်လေ့ရှိတဲ့ လက်ထပ်ပွဲပုံစံ (၄) မျိုး

Hannwe Soe (Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
sponsored