ပျာတိပျာယာနဲ့ တစ်ခုမဟုတ် တစ်ခု အမြဲ လွဲနေတတ်တဲ့ ကောင်မလေးတွေ ဖတ်ဖို့….

cookie_studio/Freepik
Sponsored

တစ်နေ့မှ မလွဲရရင် ဒီကောင်မလေး မဟုတ်ဘူးလို့ ပြောရလောက်တဲ့အထိ တစ်ချို့ကောင်မလေးတွေက အမြဲ တစ်ခုမဟုတ် တစ်ခုမှာ လွဲနေတတ်ကြပါတယ်။ တမင် ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပေမယ့် လွဲနေတဲ့ အကျင့်ကတော့ သူတို့မှာ ရှိနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွဲလွဲလေးလည်း ကောင်းပါတယ်လို့ သီချင်းလေးတောင် ရှိနေပေမယ့် လွဲနေတဲ့ အကျင့်ကတော့ တကယ့်ကို မကောင်းတဲ့ အချက်တစ်ခု ဖြစ်ပါတယ်နော်။ ဘာကြောင့်လဲဆိုတာကတော့ ဒီအချက်တွေကြောင့်ပဲ ဖြစ်ပါတယ်နော်။

ယုံကြည်မှု မရတတ်ဘူး

Sponsored

လွဲတတ်တဲ့သူက တခြားသူတွေရဲ့ ယုံကြည်မှု ရဖို့ ခက်ခဲတတ်ပါတယ်နော်။ သူက လွဲတတ်တယ်လို့ လူတွေက လက်ခံလိုက်တာနဲ့ ကိုယ်က အလွဲနဲ့သူမို့ စိတ်ချယုံကြည်ရဖို့ ခက်ခဲတယ်ဆိုတဲ့ အမြင်မျိုး ဖြစ်သွားစေနိုင်ပါတယ်။ ဒီအတွက် အလုပ်ခိုင်းတာမျိုးနဲ့ တစ်ခုခု အကူအညီတောင်းချင်တာတောင် မတောင်းရဲတာမျိုးတွေ ဖြစ်သွားလို့ ကိုယ့်ရဲ့ အကျင့်က တခြားသူတွေဆီက ယုံကြည်မှု လျော့သွားအောင် ဖြစ်စေပါတယ်နော်။

READ
Rebel Wilson ရဲ့ ၀ိတ်ကျနည်း လျှို့ဝှက်ချက်ကို သူမရဲ့ Personal Trainer ဝေမျှ
wayhomestudio/Freepik

ကိုယ့်ကိုယ်ကိုတောင် စိတ်မချရဘူး

လွဲတတ်တဲ့သူတွေကတော့ တကယ်ပဲ တစ်ခုခုကို လွဲလိုက်ရမှ တနေ့တာက ပြီးသွားတတ်ကြတာ ဖြစ်ပါတယ်။ အပြင်သွားရင် တစ်ခု မဟုတ် တစ်ခု ကျန်ခဲ့တာမျိုး၊ မှာလိုက်ရင် တစ်ခုဖြစ်ဖြစ် မေ့ကျန်ခဲ့တာမျိုးက သူတို့ အမြဲ ကြုံနေရတဲ့ အရာတွေပါပဲ။ ဒါကြောင့် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုတောင် စိတ်မချရတာမျိုး ခံစားနေကြရမှာပါ။ ကိုယ့်ကိုယ်ကိုတောင် စိတ်မချရရင် သူများရဲ့ ကိုးစားမှု ရဖို့က မလွယ်တာမို့ လွဲတတ်တဲ့ အကျင့်ကို ပျောက်သွားအောင် လုပ်ရမှာ ဖြစ်ပါတယ်။

luis_molinero/Freepik

အခွင့်အရေးကောင်းတွေ လက်လွှတ်ရတတ်တယ်

လွဲတတ်တဲ့သူတွေ အလွဲတွေကို သူများတွေထက် ပိုပြီး ရင်ဆိုင်ရတတ်ပါတယ်။ ကိုယ့်အကျင့်ကြောင့် ကိုယ့်ဆီကို ဒီလို အလွဲတွေ ရောက်လာတာမျိုးပါ။ ဒီအတွက် တစ်ချို့ဆိုရင် တကယ့်အခွင့်အရေးကောင်းတွေကို လက်လွှတ်လိုက်ရတဲ့ အလွဲတွေ ဖြစ်သွားတတ်ပါတယ်နော်။

pch.vector/Freepik

ဆင်ခြင်ပါ

လွဲနေတဲ့ အကျင့်ကို ပြင်ဖို့ဆိုရင် အမြဲ ဦးနှောက်ကို တွေးနေဖို့ လိုပါတယ်။ အပြင်သွားခါနီးမှာ လိုတဲ့အရာအားလုံးကို သေချာ ထည့်ပြီးမှ စိတ်ချလိုက်တာမျိုး၊ တစ်ခုခု ခိုင်းလို့ လုပ်ရင် သေချာ လုပ်ဖြစ်လားဆိုတာကို ပြန်စစ်ဆေးတာမျိုးတွေက သင့်ရဲ့ အကျင့်ကို လျော့သွားစေနိုင်ပါတယ်။ လွဲနေတတ်တဲ့ အရာတွေမှာ ပိုပြီး အာရုံထားလိုက်မယ်ဆိုရင် နောက်ကို ဆင်ခြင်မိပြီး အကျင့်က တဖြည်းဖြည်းပျောက်သွားမှာပါ။

READ
ကျဆုံးခြင်းတွေကို ရင်ဆိုင်ရတဲ့အခါ ဒီအရာလေးတွေနဲ့ အသစ်တဖန်ခွန်အားယူပါ.......
cookie_studio/Freepik

လွဲကောင်းတိုင်း မလွဲပါနဲ့

လွဲလွဲလေးနဲ့ ကောင်မလေးက ချစ်စရာလေးဆိုတာ ရုပ်ရှင်တွေထဲမှာ အများဆုံး ရှိတာပါ။ အပြင်မှာလည်း ကိုယ်နဲ့ အရမ်း ရင်းနှီးတဲ့သူတွေသာ ဒီအချက်ကို နားလည်ပေးနိုင်ကြတာပါ။ ဒါကြောင့် ဒီအကျင့်က ကိုယ့်ကို ထိခိုက်မှုတွေ ရှိနေတတ်တာကို မေ့မထားသင့်ပါဘူး။ လွဲတာ သိပ်ကြီးမားတဲ့ အပြစ် မဟုတ်ဘူးဆိုပေမယ့် အကြိမ်တွေ များလာရင် သင့်ကို တစ်ချိန်မဟုတ် တစ်ချိန်မှာ ထိခိုက်စေနိုင်ပါတယ်။ ဒီအတွက် ဒီအကျင့်ကို လုံးဝ ပျောက်သွားအောင် ပြုပြင်လိုက်ပါနော်။

Kham

sponsored