အမျိုးသမီးတို့ ရှောင်ကြဉ်အပ်တဲ့ ယောက်ျားဆိုး အမျိုးအစား(၄)မျိုး

shutterstock By pathdoc
Sponsored

ချစ်သူရည်းစားထားတော့မယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့သူမျိုးဖြစ်ဖို့ သေချာရွေးချယ်စဉ်းစားသင့်ပါတယ်။ ကိုယ်ချစ်ရင်ပြီးရောဆိုပြီး ကိုယ်နဲ့မထိုက်တန်တဲ့သူတွေကို အတင်းတွယ်ကပ်နေမယ့်အစား ကိုယ့်ကိုတစ်ကယ်ချစ်ပြီးတန်ဖိုးထားမယ့်သူမျိုးကိုသာ စောင့်သင့်ပါတယ်။ ကိုယ့်အချိန်တွေပေးဖို့မတန်တဲ့ ရှောင်ကြဉ်ရမယ့် ယောကျာ်းဆိုး(၄)မျိုးကတော့…

(၁) လိုမှခေါ်ချစ်တဲ့ ယောကျာ်းမျိုး

freepik by beststudio

ဒီလိုလူတွေကတော့ သူတို့လိုအပ်တဲ့အချိန်မှတော့ ချစ်ပြ၊ ရွှမ်းရွှမ်းဝေအောင်ပြောပြီး ဂရုစိုက်ပြကြပေမယ့် သူတို့မလိုအပ်တဲ့အချိန်မှာတော့ ထားပစ်ခဲ့ဖို့ ၀န်မလေးတဲ့သူမျိုးတွေပါ။ လိုတဲ့အချိန်ပြန်လာ၊ မလိုတဲ့အချိန်ထားသွားနဲ့ သင့်ရဲ့စိတ်ကို အမြဲကစားနေမယ့်သူတွေကိုတော့ ရှောင်ပါနော်။ ဒီလိုလူတွေက သင့်ကို တန်ဖိုးထားပြီးတွဲနေတာမဟုတ်သလို ဘယ်အချိန်ကိုယ့်ကိုထားသွားမလဲဆိုပြီး ပူပန်နေရမယ့်သူမျိုးအတွက်နဲ့တော့ ကိုယ့်ရဲ့အချိန်တွေကို အကုန်မခံပါနဲ့။

(၂) သာပေါင်းညာစား ယောကျာ်းမျိုး

freepik by freepik
Sponsored

သာပေါင်းညာစားသမားတွေကတော့ ကိုယ်အဆင်ပြေနေတဲ့အချိန်မှာတော့ ကိုယ်နဲ့တွဲမယ် ၊ ကိုယ်နိမ့်ကျတဲ့အချိန်ရောက်ရင်တော့ ထားသွားပြီး သာတဲ့လူနဲ့သွားတွဲမယ်ဆိုတဲ့ သူမျိုးတွေပါ။ ဒီလိုလူတွေက ကိုယ့်ရဲ့ အနိမ့်အမြင့် အတက်အကျတွေမှာ အတူတူလက်တွဲကျော်ဖြတ်မယ့် သူမျိုးမဟုတ်လို့ ဆက်တွဲမနေသင့်ပါဘူး။

READ
ဆိုးလ်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ coffee ဆိုင်ဖွင့်လိုက်တဲ့ WINNER’s MINO

(၃) ရည်ရွယ်ချက်မရှိတဲ့ ယောကျာ်းမျိုး

freepik by cookie studio

ချစ်သူကို ဘ၀လက်တွဲဖော်အဖြစ်ပါ ရည်ရွယ်ပြီးတွဲတဲ့မိန်းကလေးတွေကတော့ ဒီလိုရည်ရွယ်ချက်မရှိတဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား လူမျိုးတွေနဲ့ ဝေးဝေးကရှောင်ရပါမယ်။ ကိုယ့်ဘ၀လက်တွဲဖော်က မိဘချမ်းသာလို့ ကောင်းကောင်းနေ ၊ ကောင်းကောင်းစားနေနိုင်တာထက် သူကိုယ်တိုင်လည်း အရည်အချင်းရှိပြီး ဘ၀ကိုကြိုးကြိုးစားစားနဲ့လျောက်လှမ်းနေတဲ့သူဖြစ်ရပါမယ် ။ အရည်အချင်းမရှိ၊ တစ်နေ့တစ်နေ့ ဂိမ်းပဲဆော့၊ ပညာရေးလဲအလေးမထား၊ အလုပ်အကိုင်လည်း မယ်မယ်ရရ မလုပ်ချင်တဲ့သူမျိုးနဲ့ တော့ ရေရှည်လက်တွဲလို့အဆင်မပြေပါဘူး။

(၃) အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့ ယောကျာ်းမျိုး

freepik bywavebreakmedia

ကိုယ်နဲ့လည်းတွဲနေပြီး တစ်ခြားမိန်းကလေးတွေနဲ့လည်း တိတ်တိတ်ပုန်းတွဲနေတာမျိုး၊ မတွဲရင်တောင် အီစီကလီတွေ ၊ အရှုပ်ဇယားတွေရှိနေတတ်တဲ့လူမျိုးကိုလည်း ရှောင်ပါ။  ဒီလိုလူတွေက တွေ့သမျှမိန်းမနဲ့ ကင်းမှာမဟုတ်ပဲ သူတို့ကိုယ်သူတို့တန်ဖိုးမထားသလို သင့်ကိုလည်း တန်ဖိုးထားပြီးချစ်ခင်မှာမဟုတ်ပါဘူး။ ဒီကမ္ဘာမှာ ကိုယ့်တစ်ယောက်တည်းကို တန်ဖိုးထားချစ်ပြီး သစ္စာရှိမယ့်သူတွေလည်း အများကြီးရှိနေပါသေးတယ်နော် …

READ
World of the Married' Season 2 ဖြစ်လာနိုင်ချေနဲ့ ပတ်သက်ပြီး Lee Moosaeng ပြော

Rain

sponsored