(၂၅) နှစ်လုံးလုံး ကမ္ဘာပတ်ပြီး ရွက်လွှင့်ခဲ့ကြတဲ့ ပြင်သစ်က လူစွန့်စားစုံတွဲ

Michele Meffre
Sponsored

နယ်မြေဒေသအသစ်တွေဆီ စွန့်စားသွားလာရတာကို ၀ါသနာထုံသူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲ ရောက်ရောက် ခရီးထွက်ဖြစ်အောင် ကြိုးစားကြလေ့ ရှိပါတယ်။ ပြင်သစ်နိုင်ငံဖွား စုံတွဲတစ်တွဲဟာလည်း ကမ္ဘာတစ်ခွင်ကို ရွက်လွှင့်သွားလာပြီးတဲ့နောက် နောက်ဆုံးမှာတော့ သူတို့ရဲ့ အကြိုက်နဲ့ကိုက်ညီပြီး ဆိတ်ငြိမ်အေးချမ်းလှတဲ့ သြစတေးလျနိုင်ငံက တက်စ်မေးနီးယားပြည်နယ်မှာ အခြေချဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Facebook/Georges Meffre

အဆိုပါပြင်သစ်စုံတွဲဟာ မစ်ရှဲလ်နဲ့ ဂျော့ဂ်ျတို့ပဲ ဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ စိတ်တူကိုယ်တူရှိကြသူတွေပီပီ (၁၉၇၈) ခုနှစ်မှာ စီးပွားရေးတွေရောင်းပြီး ခရီးထွက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ပြင်သစ်တောင်ပိုင်းက သူတို့ရဲ့ အိမ်ဒီဇိုင်းအပြင်အဆင်စီးပွားရေးကို ရောင်းပြီး ရွက်လှေတစ်စီးဝယ်ကာ ပြင်သစ်ကနေ ရေကြောင်းခရီးနဲ့ ထွက်ခွာလာခဲ့ပါတယ်။

Facebook/Georges Meffre
Sponsored

မစ်ရှဲလ်ဟာ သူမရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့ ဆီဘက်ရှန်နဲ့ လီလီယာကို ရွက်လှေပေါ်မှာ နေထိုင်ရင်း ဘ၀အတွေ့အကြုံတွေကိုပါ သင်ကြားပေးခဲ့ပါတယ်။ မစ်ရှဲတို့ဇနီးမောင်နှံနှစ်ဦးစလုံးက လက်တွေ့ဘ၀ထဲက ဘ၀အတွေ့အကြုံတွေဟာ ကျောင်းသင်ခန်းစာသင်ရသလိုပဲ အရေးပါတယ်လို့ မှတ်ယူထားကြတာပါ။ ခရီးသွားတဲ့အခါ လူအမျိုးမျိုးနဲ့ တွေ့ဆုံရတဲ့အပြင် ဒေသန္တရဗဟုသုတအမျိုးမျိုးကိုပါ ရရှိစေတယ်လို့ သူတို့က ဆိုပါတယ်။

READ
ကားပိတ်တဲ့အခါ လုပ်လေ့ရှိတဲ့ သင့်အပြုအမူကနေ ပြောနေတဲ့ သင့်အကြောင်းများ
Facebook/Michele Meffre

ဒီလိုနဲ့ မိသားစုလိုက်ရွက်လွှင့်လာခဲ့ရာမှာ (၁၉၈၁)ခုနှစ်အရောက်မှာတော့ သြစတေးလျမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့ပါတယ်။ ဒီအချိန်မှာ ဆီဘက်ရှန်ဟာ ဆယ်ကျော်သက်အရွယ်ရောက်နေပြီမို့ ဆီဘက်ရှန်ကို သြစတေးလျတက္ကသိုလ်မှာ ကျောင်းဆက်တက်ဖို့ ထားခဲ့ပြီး မစ်ရှဲလ်နဲ့ ဂျော့ဂ်ျတို့ဟာ အိန္ဒိယသမုဒ္ဒရာ၊ ပင်လယ်နီနဲ့ မြေထဲပင်လယ်တွေကို ဖြတ်ပြီး ပြင်သစ်ဘက်ကို ပြန်ရွက်လွှင့်လာခဲ့ကြပါတယ်။ ပြင်သစ်မှာနေပြီး (၂) နှစ်အကြာမှာတော့ မစ်ရှဲလ်တို့ဟာ သြစတေးလျမှာကျောင်းတက်ပြီး ကျန်ခဲ့တဲ့ သားဖြစ်သူကို တွေ့ချင်တာကြောင့် ပြင်သစ်ကနေ တဖန် ရွက်လွှင့်ပြီး တက်စ်မေးနီးယားကို ထွက်လာခဲ့ပါတယ်။

Facebook/Michele Meffre

တက်စ်မေးနီးယားရောက်တဲ့အခါမှာတော့ သူတို့စီးလာတဲ့ ရွက်လှေကို ပြန်ရောင်းပြီး ပြင်သစ်မှာတုန်းက သူတို့လုပ်ခဲ့တဲ့ စီးပွားရေးကို ပြန်လုပ်ဖို့စိတ်ကူးခဲ့ပါတယ်။ နောက်တစ်ကြောင်းကတော့ စီးပွားရေးမရှိပဲ ပင်လယ်တွေကူးပြီး ကမ္ဘာပတ်နေရတာဟာ သူတို့အတွက် စရိတ်ထောင်းလို့ဖြစ်ပါတယ်။ ဒါကြောင့် တက်စ်မေးနီးယားမှာ အိမ်လေးတစ်လုံးဝယ်၊ စီးပွားရေး အခြေတကျဖြစ်ပြီးတဲ့နောက် (၃) နှစ်အကြာမှာတော့ လင်မယားနှစ်ယောက်ရဲ့ ခရီးထွက်ချင်တဲ့ရောဂါက ပြန်ပေါ်လာပြန်ပါတယ်။

READ
အချစ်ရေးမှာ ဆရာကျတဲ့သူတွေဆိုတာ ဒီလိုလူ (၃) မျိုးစလုံးနဲ့ ဆုံဖူးတဲ့သူတွေပါ....
Facebook/Georges Meffre

ဒီနောက်မှာတော့ မစ်ရှဲလ်တို့လင်မယားနှစ်ယောက်ဟာ တက်စ်မေးနီးယားမှာ သူတို့ဝယ်ထားတဲ့ အိမ်ကိုပါ ရောင်းခဲ့ပြီး အလူမီနီယမ်သင်္ဘောကြီးတစ်စီးကို ၀ယ်လိုက်ပါတယ်။ သင်္ဘောကြီးကို သေချာပြင်ဆင်ပြီးတာနဲ့ မစ်ရှဲလ်တို့ဟာ ဘရာဇီး၊ အာဂျင်တီးနား၊ ကိတ်ဟုန်းနဲ့ အန္တာတိက တိုက်တွေကိုပါ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါ့အပြင် ချီလီနိုင်ငံကို ဖြတ်ကူးစဉ်အခါမှာလည်း မစ်ရှဲလ်တို့ဟာ အော်စကာနဲ့ ဖာဘီယန်အမည်ရတဲ့ ကောင်လေးနှစ်ယောက်ကိုပါ မွေးစားဖို့ ခေါ်လာခဲ့ပါတယ်။ အခုအခါမှာတော့ လွန်ခဲ့တဲ့ (၂၅) နှစ်လုံးလုံး ကမ္ဘာပတ်ရွက်လွှင့်ပြီး လျှောက်သွားနေခဲ့တဲ့ ဇနီးမောင်နှံဟာ တက်စ်မေးနီးယားမှာပဲ ပြန်လည်အခြေချရင်း ဘ၀ကို အေးဆေးစွာဖြတ်သန်းနေတယ်လို့ သိရပါတယ်။

လင်းလင်း

sponsored