သင့်ကို အသုံးချရုံသက်သက်သာ ခင်မင်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ စရိုက်လက္ခဏာများ

shutterstock/ Syda Productions
Sponsored

တစ်ခါတစ်လေမှာ ကိုယ့်ဘက်ကတော့ အစွမ်းကုန် ပေးဆပ်အနစ်နာခံမှုတွေနဲ့ ခင်မင်ခဲ့ရပေမယ့် သူ့ဘက်ကတော့ ကိုယ့်ကိုယ် တကယ့်စိတ်ရင်းနဲ့ ခင်မင်နေတာမျိုး မဟုတ်ပဲ သူ့အကျိုးအတွက် ကိုယ့်ကိုယ် အသုံးချရုံသက်သက်သာ ခင်မင်ပြနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအချက်တွေက သူ့သင့်ကို တကယ်ခင်မင်တာ မဟုတ်ပဲ အသုံးချရုံသက်သက် ခင်မင်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်နော်။

သူ သင့်ဆီက တစ်ခုခု အမြဲ လိုအပ်နေတတ်တယ်

shutterstock/UfaBizPhoto

သူ သင့်ဆီရောက်လာခဲ့တဲ့ အချိန်တွေဆိုတာ သူ့ဘက်ကနေ တစ်ခုခု အကူအညီလိုအပ်နေတဲ့ အချိန် ဒါမှမဟုတ် သင့်ဆီက တစ်ခုခုကို လိုချင်နေတဲ့ အချိန်မျိုးတွေ ဖြစ်နေတတ်ပါတယ်။ သူ သင့်ဆီကို ရောက်လာတဲ့ အချိန်တိုင်းမှာ တောင်းဆိုမှု တစ်ခုခုက ပါလာစမြဲပါ။ တစ်ခြားအချိန်တွေမှာဆို သင့်ဘက်က တွေ့ချင်တယ်ပြောရင်တောင် အမျိုးမျိုး အကြောင်းပြနေတတ်သူ ဖြစ်နေတတ်ပါတယ်။

READ
ချစ်သူကို ကိုယ်တတ်နိုင်သမျှလေးနဲ့ အစွမ်းကုန်ချစ်ပေးတဲ့ ချစ်သူကောင်လေးတွေဆိုတာ ဒီလိုပါ....

ဘယ်တော့မှာ သင့်ဘက်ကို ထည့်မတွက်တတ်ဘူး

shutterstock/Riccardo Piccinini
Sponsored

စစ်မှန်တဲ့ သူငယ်ချင်းတွေဆိုတာက တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က အမြဲမြင်အောင် ကြည့်တတ်တာ၊ ကိုယ့်ကြောင့်နဲ့ သူငယ်ချင်းကို အခက်အခဲထဲ တွန်းမပို့တတ်တာမျိုးပေါ့။ ဒါပေမယ့် သင့်အပေါ်မှာ အသုံးချရုံသက်သက်သာ ခင်မင်တတ်တဲ့ သူတွေကတော့ သင်ဘာကြီးပဲ ဖြစ်နေဖြစ်နေ သူအဆင်ပြေရင် ပြီးရောဆိုတဲ့ အပြုအမူမျိုးတွေကို တွေ့ရတတ်ပါတယ်။

သင်နဲ့ပတ်သက်ပြီး ဘာကိုမှ မမှတ်မိတတ်ဘူး

shutterstock/Ollyy

လူတစ်ယောက် ကိုယ့်အပေါ် အလေးထားတယ်၊ မထားဘူးဆိုတာက သူ့ရဲ့ မှတ်ဥာဏ်ထဲမှာ ကိုယ်ဘယ်လောက် ရှိနေလဲဆိုတာနဲ့ တိုင်းတာလို့ ရပါတယ်။ ပြောတော့သာ သူငယ်ချင်းဆိုပေမယ့် တကယ်တမ်းမှာတော့ သင်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အရာတွေ၊ သင့်မွေးနေ့တွေနဲ့ တစ်ခြားသော သင့်အကြောင်းတွေကို ဘာဆိုဘာမှ မမှတ်ထားတတ်တာက သင့်ကို အမှန်တကယ် ခင်မင်နေတာ မဟုတ်ပါဘူး။

READ
တစ်နေ့ကို နွားနို့တစ်ခွက်သောက်ရုံနဲ့ ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၇) ခု

သင့်အကြောင်းကို သေချာမသိဘူး

shutterstock/mavo

သူငယ်ချင်းတွေဆိုတာ ကိုယ့်သူငယ်ချင်း မျက်နှာမကောင်းရင်တောင် တစ်ခြားသူတွေထက် ချက်ခြင်း ရိပ်စားမိတဲ့ စိတ်ချင်းနီးတဲ့ သူတွေဖြစ်ပြီး ကိုယ့်အကြောင်းတွေကို အားလုံးနီးပါး သိထားပြီးတဲ့ သူတွေပါ။ ဒါပေမယ့် သင့်ကို အသုံးချရုံသက်သက် တွဲနေတဲ့ သူငယ်ချင်းကတော့ သူတို့လိုအပ်တဲ့ အချိန်တွေသာ သင့်ကို ခင်မင်ရမှန်း သိတဲ့သူတွေဖြစ်ပြီး သင်နဲ့ပတ်သက်သမျှ သင့်စိတ်တွေ၊ သင့်ရဲ့အကြောင်းတွေကို ဘာဆိုဘာမှ သိနားလည်မထားတတ်ကြပါဘူး။

Khin

sponsored