အရပ်သူအဖြစ်ကနေ စပိန်ဘုရင်မကြီးဖြစ်လာခဲ့တဲ့ ဂျာနယ်လစ်အမျိုးသမီးလေး

instagram/queenletizia
Sponsored

အမျိုးသမီးတွေမှာ ဘုန်းကံမရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ အမျိုးသမီးတွေမှာ ဘုန်းကံရှိပါတယ်။ ဘုန်းကံကြီးတဲ့ အမျိုးသမီးတွေဟာ တစ်ချိန်တုန်းက ဘ၀မှာ ဘယ်လိုပဲ နာကျင်စရာဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရပါစေ၊ အချိန်တန်ရင်တော့ ထိုက်တန်တဲ့နေရာတစ်ခုစီ ရောက်ကြရစမြဲပါ။ ဥပမာအနေနဲ့ သာမန်အရပ်သူတစ်ယောက်ဟာ မင်းသားတစ်ပါးနဲ့လည်း လက်ထပ်နိုင်တယ်ဆိုတာကို fabiosa သတင်းကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

https://www.instagram.com/p/BpSndalARll/?utm_source=ig_web_copy_link

Sponsored

(၂၀၀၂) ခုနှစ်တုန်းက အမျိုးသမီးလေး Letizia Ortiz Rocasolano ဟာ စပိန်မင်းသားကို ညစာစားပွဲတစ်ခုမှာ တွေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Letizia က ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး သတင်းကြေညာသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ CNN နဲ့ Bloomberg TV တို့မှာလည်း အလုပ်လုပ်ဖူးတဲ့အပြင် အလုပ်မှာလည်း ပရိုဖက်ရှင်နယ်ကောင်းတစ်ဦးအဖြစ် ထင်ရှားပါတယ်။

သရဖူဆောင်းမင်းသား Felipe ကတော့ အဲ့ဒီအချိန်တုန်းက လူလွတ်ပါ။ မိဘတွေက အိမ်ထောင်ချပေးချင်ပေမယ့် သဘောကျတဲ့သူမတွေ့သေးလို့ နှလုံးသားထဲ ဗလာကျင်းနေတဲ့အချိန်ပါ။ ပြောကြတာက မင်းသား Felipe က Letizia ကိုမြင်မြင်ချင်းသဘောကျခဲ့တယ် ဆိုပါတယ်။ Letizia က တီဗီမှာ ရေနံယိုဖိတ်တဲ့သတင်းနဲ့ပတ်သက်ပြီး အစီအစဉ်ကြေညာတဲ့အချိန်မှာ မင်းသားက စတွေ့ပြီး နှစ်သက်ခဲ့တယ် ဆိုပါတယ်။

READ
ကိုယ့်အားကိုယ်ကိုးပြီးတကိုယ်တည်းနေတဲ့ အမျိုးသမီးတွေရဲ့လျှို့ဝှက်ချက်(၅)ခု

https://www.instagram.com/p/Bxr3PQAiW5V/?utm_source=ig_web_copy_link

ဘယ်အမျိုးသမီးမဆို မင်းသားတစ်ပါးက ကိုယ့်ကိုကြွေနေတယ်ဆိုတာသိရင် ရင်ခုန်ပြီးပျော်ကြမှာပါ။ ဒါပေမဲ့ မင်းသား Felipe ဟာ Letizia နဲ့ အပြင်မှာဒိတ်လုပ်ခွင့်ရဖို့ အများကြီးကြိုးစားခဲ့ရပါတယ်။ အစပိုင်း မင်းသားက Letizia ကို အပြင်အတူတူသွားဖို့ခေါ်တဲ့အခါ ခေါင်းမာလှတဲ့အမျိုးသမီးက ပထမ (၄) ကြိမ်လုံးလုံး ငြင်းပယ်ခဲ့ပါတယ်။ (၅) ကြိမ်မြောက်ကျမှ မင်းသားက အပြင်မှာ ဒိတ်လုပ်ဖို့ချိန်းတာကို လက်ခံခဲ့တာပါ။

https://www.instagram.com/p/B1eBnQEiTB5/?utm_source=ig_web_copy_link

မင်းသား Felipe နဲ့ Letizia တွဲနေကြတာသိတော့ မင်းသားဘက်က မိဘတွေက သဘောမတူပါဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးက တစ်ခုလပ်ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ မင်းသား Felipe က Letizia ဟာ သူ ရွေးချယ်တဲ့သူဖြစ်တဲ့အကြောင်းနဲ့ ဘယ်လိုမှလက်လွတ်အဆုံးရှုံးမခံနိုင်တဲ့အကြောင်း မိဘတွေကို သက်သေပြဖို့ ကြိုးစားပါတယ်။

READ
နုပျိုလန်းဆန်းမှုတွေကို ကြာရှည်ထိန်းသိမ်းထားနိုင်ပြီး အရွယ်တင်စေမယ့် နည်းလမ်း(၇)ခု

(၂၀၀၄) ခုနှစ်မှာတော့ မင်းသား Felipe ဟာ သူချစ်ရတဲ့ ဂျာနယ်လစ်မလေး Letizia ကို သရဖူဆောင်းမင်းသမီးတစ်ပါးအဖြစ် ကြင်ယာတော်မြှောက်ခဲ့ပါတယ်။ မင်းသား Felipe နဲ့ Letizia တို့မှာ အခုဆို ချစ်စရာကောင်းတဲ့ Leonor နဲ့ Sophia အမည်ရတဲ့ မင်းသမီးလေးနှစ်ပါးတောင် ရနေပါပြီ။ (၂၀၁၄) ခုနှစ်မှာတော့ စပိန်ဘုရင် Juan Carlos ဟာ နန်းစွန့်ပြီး သရဖူဆောင်းမင်းသား Felipe က စပိန်ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ ဒါကြောင့် ယနေ့မှာတော့ မင်းသား Felipe နဲ့ မင်းသမီး Letizia တို့ဟာ စပိန်နိုင်ငံရဲ့ဘုရင်နဲ့ ဘုရင်မကြီးတွေဖြစ်လာပြီး ငြိမ်းချမ်းစွာနေထိုင်လျက်ရှိနေကြောင်းလည်း သိရပါတယ်။

https://www.instagram.com/p/By-T_6yC3qx/?utm_source=ig_web_copy_link

လင်းလင်း

sponsored