သင့်ရဲ့ diet plan မှာ မပါမဖြစ် ထည့်စားပေးသင့်တဲ့ အစားအစာ (၅) မျိုး

shutterstock/ photobyphotoboy
Sponsored

ဝိတ်ထိန်းနေတဲ့သူတွေ၊ ဝိတ်လျော့နေတဲ့ သူတွေအနေနဲ့ အားကစား တစ်ခုတည်း လုပ်နေရုံနဲ့ အဆင်မပြေနိုင်သလို ကိုယ်စားသောက်တဲ့ အစားအသောက်တွေကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီတော့ diet plan မှာ မပါမဖြစ် စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မုန်လာဥနီ

shutterstock/ 5 second Studio

မုန်လဥနီက vitamin A တွေ အရမ်းကို ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာဖြစ်လို့ ဝိတ်ထိန်းတဲ့အခါ စားပေးသင့်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ပဲ diet plan ထဲမှာ မုန်လာဥနီကို ထည့်စားပေးသင့်ပါတယ်။

မှို

shutterstock/ Andrey_Zakharov
Sponsored

စားလို့ရတဲ့ မှိုအမျိုးမျိုး ရှိပြီး အရသာရှိလှတဲ့ မှိုတွေကို လူတော်တော်များများကလည်း ကြိုက်နှစ်သက်တတ်ကြပါတယ်။ မှိုက နာကျင်ထိခိုက်မှုတွေကို ကောင်းမွန်စေပြီးတော့ သူ့မှာ probiotics တွေပါဝင်တဲ့အတွက် အူလမ်းကြောင်းကို အထောက်အပံ့ပြုပြီး အစာခြေစနစ်ကို ပိုမို ကောင်းမွန်စေပါတယ်။ ဒါကြောင့်ပဲ မှိုက diet plan ရဲ့ မပါမဖြစ် အစားအစာ ဖြစ်လာတာပါ။

READ
သွယ်လျတဲ့ မျက်နှာလေးရဖို့ မေးနှစ်ထပ် မဖြစ်အောင် ဘယ်လိုလုပ်မလဲ

ပန်းသီး

shutterstock/ Evgeny Karandaev

ပန်းသီးစားရင် ဝိတ်ကျတယ်လို့ လူတော်တော်များများ ပြောတတ်ကြပါတယ်။ ပန်းသီးမှာ vitamin C နဲ့ antioxidants ဓာတ်တွေ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်လက်စထရော မြင့်မားမှုကို လျော့ကျစေပြီး အူလမ်းကြောင်းကို ကောင်းမွန်စေတာဖြစ်လို့ ပန်းသီးက ဝိတ်ထိန်းတဲ့အခါ စားပေးသင့်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။

ကန်စွန်းဥ

shutterstock/K321

ဗီတာမင်တွေများစွာပါဝင်တဲ့ ကန်စွန်းဥက မကြာခဏ စားပေးသင့်တဲ့ အစားအစာ တစ်ခုပဲ ဖြစ်ပါတယ်။ သူ့မှာ vitamin A, C နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေပြီး diet plan မှာ ထည့်စားပေးသင့်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။

စပျစ်သီး

shutterstock/ SMarina

သဘာဝ သကြားလုံးလေးတွေလို့ တင်စားလို့ရတဲ့ စပျစ်သီးတွေကို ဒီအတိုင်းစားလည်း အရသာရှိသလို ဝိုင်အဖြစ် ပြုလုပ်တဲ့အခါလည်း လူကြိုက်များကြတဲ့ အရာပါ။ စပျစ်သီးမှာ vitamin K ဓာတ်ပါဝင်တဲ့အတွက် အရိုးတွေကို သန်မာစေပြီး အဟာရဖြစ်စေတဲ့အတွက် ဝိတ်လျော့ချင်တဲ့သူတွေ စားပေးသင့်ပါတယ်။

READ
ချွေးပေါက်ကျယ်နေတာတွေအတွက် သဘာဝနည်းလမ်းကောင်းများ

Khin

sponsored