ကိုယ့်အိမ်တွင်းမှာပဲ စိတ်ပျော်စရာ ဖန်တီးနိုင်မယ့် နည်းလမ်းကောင်းလေးများ

Photo by Andrea Piacquadio from Pexels
Sponsored

အပြင်ထွက်မှ၊ ခရီးထွက်မှ ပျော်ရွှင်ရတာတော့ မဟုတ်ပါဘူး။ အပြင်ထွက်တာက ငွေကုန်ကြေးကျလည်း များသလို လူလည်း ပင်ပန်းညောင်းညာစေတတ်ပါသေးတယ်။ အနားယူချိန်မှာ အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာပဲ ပျော်အောင် ဖန်တီးလို့ ရပါတယ်။ အပြင်မထွက်ချင်တဲ့ အချိန်တွေမှာလည်း အိမ်ထဲမှာပဲ အခုလိုအရာလေးတွေနဲ့ ပျော်လို့ ရပါတယ်။

(၁) Recycle သုံးတာ

Sponsored

ကမ္ဘာကြီးမှာ တဖြည်းဖြည်း အမှိုက်တွေ များပြားလာပါတယ်။ ဒါကြောင့် အမှိုက်တွေဆိုပြီး လွယ်လွယ် စွန့်ပစ်မယ့်အစား တတ်နိုင်သမျှ ပြန်အသုံးပြုတာတွေလည်း လုပ်လာကြပါပြီ။ ဒီလို ပြန်လည် အသုံးပြုဖို့အတွက်ဆို အမှိုက်တွေကို အသုံးပြုလို့ ရအောင် ပုံစံ ပြောင်းရမှာမို့ အိမ်မှာ နေတဲ့ အချိန်မှာ အချိန်ပေးပြီး ပြုလုပ်ကြည့်သင့်ပါတယ်။

Photo by Juanjo Menta from Pexels

(၂) အလှဆင်တာ

READ
ပရိသတ်တွေ အံ့သြသွားစေမယ့် နာမည်ကျော် ရုပ်ရှင်တွေရဲ့ ရိုက်ကွင်းမှ ရိုက်ကူးပုံများ

သာယာလှပတဲ့ အိမ်က နေချင့်စဖွယ် ဖြစ်စေပါတယ်။ အိမ်ရဲ့ ပုံစံက စိတ်အခြေအနေကိုလည်း သက်ရောက်တာမို့ ရှုပ်ပွအောင်နေမယ့်အစား လှပအောင် ထားသင့်ပါတယ်။ အပြင်မထွက်တဲ့အခါ အိမ်မှာ ပစ္စည်းတွေကို လှပအောင် နေရာချတာ၊ အလှအပ ဒီဇိုင်း ဖြစ်အောင် ပြုလုပ်တာက သိပ်ကို သင့်လျော်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

Photo by Designecologist from Pexels

(၃) လက်မှု ပစ္စည်း ပြုလုပ်တာ

ပိုက်ဆံရှိရင် ကိုယ်လိုတဲ့ ပစ္စည်းမှန်သမျှ ဝယ်ပြီး အသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် ပစ္စည်းတစ်ခုကို ကိုယ်တိုင် ဖန်တီးပြီး သုံးရတဲ့ အရသာကိုတော့ သိမှာ မဟုတ်ပါဘူး။ အပြင်မထွက်ချင်ဘူး ပျော်လည်း ပျော်ချင်တယ်ဆိုရင်တော့ အိမ်မှာ လက်မှုပစ္စည်းလေးတွေကို လုပ်သင့်ပါတယ်။ လက်မှုပစ္စည်းတွေက အသုံးလည်း ဝင်သလို တန်ဖိုးထားစရာ တစ်ခုလည်း ဖြစ်စေပါတယ်။

READ
ကားပိတ်တဲ့အခါ လုပ်လေ့ရှိတဲ့ သင့်အပြုအမူကနေ ပြောနေတဲ့ သင့်အကြောင်းများ
Photo by RF._.studio from Pexels

(၄) အကလေ့ကျင့်တာ

ကခုန်ခြင်းက လူတွေရဲ့ စိတ်ကို ပေါ့ပါး လန်းဆန်းသွားစေတတ်ပါတယ်။ ဒါပေမယ့် မကတတ်တဲ့ အခါ အခက်တွေ့ရတာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အပြင်မသွားဘဲ စိတ်တွေ လန်းဆန်းပြီး ပျော်ချင်ရင်တော့ ဗီဒီယိုဖိုင်တွေ ကြည့်ပြီး လိုက်ကကြည့်လိုက်ပါနော်။

Photo by cottonbro from Pexels

(၅) ယောဂ လေ့ကျင့်တာ

ယောဂ လေ့ကျင့်တာ ကျန်းမာရေးအတွက် သိပ်ကို ကောင်းမွန်စေပါတယ်။ စိတ်တွေကို တည်ငြိမ်လာစေပြီး အာရုံစူးစိုက်မှုလည်း ကောင်းစေပါတယ်။ ဒါ့အပြင် စိတ်ကို ပိုပြီး သက်သာရာ ရစေပါသေးတယ်။ ယောဂ လေ့ကျင့်ပြီး ကိုယ့်အိမ်မှာ အချိန်ကုန်ဆုံးရတာက တကယ့်ကို အကျိုးရှိတဲ့ အချိန်ကုန်ဆုံးနည်းလည်း ဖြစ်ပါတယ်။

Kham

sponsored