အခုခေတ်ကလေးတွေ မသိတဲ့ အရင်ခေတ်က ကလေးဘဝ ပျော်ရွှင်စရာ ဖန်တီးမှုလေးများ

Photo by Eileen lamb from Pexels
Sponsored

နည်းပညာတွေ ဖွံ့ဖြိုးမှုတွေကို တွေ့မြင်ရတဲ့ ယနေ့ခေတ် ကလေးတွေက အရင်ခေတ်က ကလေးတွေနဲ့ မတူညီစွာ ဖြတ်သန်းနေရတာပါ။ တီဗီကြည့်စရာလည်း မရှိ၊ စမတ်ဖုန်းတွေလည်း မရှိတဲ့ အရင်ခေတ်တုန်းက ကလေးတွေက သူ့နည်း သူ့ဟန်နဲ့ ပျော်စရာတွေကို ရှာဖွေခဲ့ကြပါတယ်။ ဒီလို နည်းတွေကို ၉၀ ခုနှစ်ဖွားတွေနဲ့ အစောပိုင်းခုနှစ်တွေမှာ မွေးခဲ့တဲ့သူတွေက ခံစားသိရှိကြမယ်လို့ ထင်ပါတယ်။

ပစ္စည်းတွေကို မြေမြုပ်တာ

Sponsored

ကိုယ်တန်ဖိုးထားရတဲ့ ပစ္စည်းတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို မြေမြုပ်တာမျိုးကို ကလေးတွေတင်မက လူငယ်တွေပါ လုပ်ခဲ့ကြပါသေးတယ်။ ကိုယ့်ခြံထဲက သစ်ပင်အောက်မှာ သို့မဟုတ် ကျောင်းက လူမသိနိုင်တဲ့ တစ်နေရာရာမှာ ကျွင်းတူးပြီး ပစ္စည်းလေးတွေနဲ့ စာတွေကို မြုပ်ပြီး နောက်နှစ်တွေ ကြာရင် ပြန်ဖော်မယ်ဆိုတဲ့ ခံစားချက်ကို ဒီနေ့ခေတ်ကလေးတွေ သိကြမယ် မထင်ပါဘူး။

shutterstock/Duplass

ဆံပင်ညှပ်ကလစ်တွေကို ဆော့တာ

ဆံပင်ညှပ်ကလစ်တွေကို လက်ညိုးမှာ ဘာရယ်မဟုတ် အကြာကြီး ညှပ်ထားတာမျိုးကိုလည်း ဒီနေ့ခေတ် ကလေးတွေ နားလည်မယ် မထင်ပါဘူး။ ဆံပင်ညှပ်ကလစ်တွေက ကလေးဘဝတုန်းက အသားကို ညှပ်ပြီး ထားရတဲ့ ပစ္စည်းတစ်ခုလို တစ်ခါတစ်လေ နှုတ်ခမ်းကိုတောင် ညှပ်ထားတတ်ကြပါသေးတယ်။

READ
မိန်းကလေးတို့ရဲ့ သဘောသဘာဝကို ရယ်ရွှင်ဖွယ်ရာ အသက်သွင်းထားတဲ့ ရုပ်ပြလေးများ

ဖုန်းဒိုင်ခွက်ကို လှည့်တာ

အရင်ခေတ်က အိမ်တိုင်းမှာ ဖုန်း မရှိကြပါဘူး။ စမတ်ဖုန်းတွေကတော့ ဝေလာဝေးပေါ့လေ။ ရှိတဲ့ ဖုန်းတွေကလည်း ခလုတ်နဲ့ နှိပ်ရတာထက် နံပါတ်တွေကို လှည့်ပြီး ခေါ်ရတာမျိုးပါ။ ဒီလို ဖုန်းဒိုင်ခွက်တွေကို လှည့်နေရတဲ့ အခြေအနေကလည်း တကယ့်ကို လွမ်းစရာပါပဲ။

ဖန်ခွက်ကို လေစုပ်ကြည့်တာ

ဖန်ခွက်ကို ပါးစပ်မှာ တေ့ပြီး လေကို စုပ်လိုက်ရင် ဖန်ခွက်က ပါးစပ်မှာ တန်းလန်း ဖြစ်သွားပြီး ပြုတ်မကျတော့တာကိုလည်း အရင်ခေတ်က ကလေးတိုင်းလိုလိုက စမ်းသပ်ခဲ့ပါသေးတယ်။ မတော်လို့ ဖန်ခွက်ကွဲသွားလို့ အဆူခံရ၊ အရိုက်ခံရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Danae Vazquez (@danaevazquez) on

အိမ်ကထွက်သွားဖို့ လုပ်တယ်

အရင်ခေတ်က ကလေးတွေက အိမ်နဲ့ စကားများတာတို့၊ အခြေအတင် ဖြစ်တာမျိုးဆို အိမ်ပေါ်က ဆင်းသွားမယ်ဆိုတာမျိုး လုပ်တတ်ကြပါသေးတယ်။

READ
ကြောင် မွေးရင် သချောပေါက် ရလာမယ့် ကောင်းကျိုးများ
Photo by Ketut Subiyanto from Pexels

ဘောပင်လေယာဉ်လည်း လုပ်တယ်

ခဲသားခံတံနဲ့ ဘောပင်တွေမှာ ပေတံကို ကန့်လန့်ထိုးထည့်ပြီး လေယာဉ်ပျံလုပ်ပြီး ထားထားတာကလည်း အရင်ခေတ်ကလေးတွေရဲ့ ပျော်ရွှင်မှု တစ်ခုပဲ ဖြစ်ပါတယ်။

ခဲဖျက်ပေါ်မှာ ပုံဆွဲတာ

မိဘတိုင်းလိုလိုက ကလေးတွေကို ဆံပင်မှာ အုန်းဆီလိမ်းပေးတဲ့ ခေတ်မှာ ကလေးတွေက ဆံပင်ကို ခဲဖျက်အဖြူနဲ့ ပွတ်ပြီးတဲ့အခါ စာအုပ်ပေါ်က ပုံတွေပေါ်မှာ ဖိထားပြီး ခဲဖျက်ပေါ်မှာ အရုပ်တွေ ပေါ်အောင် လုပ်တတ်ကြပါသေးတယ်။

 

 

View this post on Instagram

 

A post shared by asako-made (@hanko.asakomade) on

နံရံတွေကို လက်နဲ့ ထိတာ

နံရံတွေပေါ်က ချိုင့်တွေ အစင်းကြောင်းလေးတွေကို မြင်ရင် လက်နဲ့ထိပြီး ဆက်ပြီး လမ်းလျှောက်သွားတာကလည်း အရင်ခေတ်ကလေးတွေရဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။

Kham

sponsored