စူပါမော်ဒယ် Gigi Hadid က တော့ သူမ ကိုယ်ဝန်နဲ့ တုန်းက ပုံအသစ်တွေကို ထပ်ပြီး ဝေမျှ ပေးလိုက်ပါတယ်။ဒီတစ်ခါ က တော့ ကိုယ်ဝန် လွယ်ထားရတဲ့ သူမရဲ့ ပုံအပြင် ချစ်သူ Zayn Malik နဲ့ နှစ်ယောက် တွဲ ပုံကိုပါ ဝေမျှ ပေးလိုက်တာပါ။သူတို့ အတွ က တော့ သမီးလေးကို ၂၀၂၀ စက်တင်ဘာ ၂၃ က မှ မွေးဖွားခဲ့တာပါ။မမွေး ခင်တုန်းက လည်း သူမရဲ့ Fan တွေ အတွက် ဗိုက် နဲ့ ပုံတွေ အများကြီး ကို တင်ပေး ခဲ့ပါ သေးတယ်။ဒီတစ်ခါ ပုံတွေ က တော့ ပြီးခဲ့တဲ့ သြဂုတ် လ တုန်းက ပုံ တွေ ပါ။ဒီအ ကြောင်းကိုတော့ dnaindia မှာ ဖော်ပြထားပါတယ်။
View this post on Instagram
အခု ရှယ်လိုက်တဲ့ ပုံတွေထဲမှာတော့ Zayn Malik ပုံ လည်း ပါပါတယ်။ Zayn Malik က တော့ ဗိုက်နားကို ကပ် ပြီး ချစ်သူ အချော လေး ကို ကြည်ကြည်နူးနူး ကြည့်နေတဲ့ ပုံပါ။ တစ်ချို့ ပုံတွေက တော့ အဖြူအမည်း ပုံ တွေ ပါ။တတိယ မြောက် ပုံ က တော့ သူမရဲ့ မျက်နှာ ထက် ပူ နေတဲ့ ဗိုက်ကို ဦးစားပေးရိုက်ထားတာပါ။ ပုံတွေရဲ့ Caption မှာတော့ Gigi က .”သြဂုတ်လ. ကျွန်မတို့ရဲ့ သမီးလေးကို စောင့် နေတယ်..” ဆိုပြီး ရေးထားပါတယ်။အခုဆိုရင် တော့ သမီးလေးက နှစ်လအရွယ် ရောက် နေပါပြီ။ကလေးရဲ့ နာမည်ကိုတော့ အခုထိ ထုတ်မ ပြောကြ သေးပါဘူး။ Gigi Hadid ရဲ့ Zayn တို့ရဲ့ သမီးလေးက တော့ ဖေဖေ မေမေ တို့ရဲ့ အချစ်တွေ အပြင် အဖိုးအဖွားတွေ နဲ့ တစ်မျိုးလုံးရဲ့ အသည်းကျော် လေးပါ။
View this post on Instagram
သမီးလေးမွေးတော့လည်း Gigi ကို ချစ်ကြတဲ့ မိတ်ဆွေ အပေါင်း အသင်းတွေ က ကလေးအတွက် လက်ဆောင်တွေ အများကြီး ပို့ ပေးခဲ့ ကြပါတယ်။လက်ဆောင် တစ်ချို့ကိုတော့ Gigi က သူမရဲ့ IG Story မှာ တင်ခဲ့ပါတယ်။ဒီလို မျိုး လက်ဆောင် တွေ ပေး ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ လည်း Gigi က ပြောခဲ့ပါတယ်။ Gigi Hadid က တော့ အခုနောက်ပိုင်းမှာ သမီးလေးရဲ့ ပုံတွေကို တင်လာ ပါတယ်။ ဒါပေမယ့် မျက်နှာ ပုံကိုတော့ အခုထိ ဖုံး ကွယ်ထားတုန်းပါ။
View this post on Instagram
View this post on Instagram
#AUNTYMAY