မိန်းကလေးတွေ သူတို့ရဲ့ ချစ်သူကောင်လေးဆီက အလိုက်တသိ လိုချင်တတ်ကြတဲ့ အရာများ

master1305/Freepik
Sponsored

မိန်းကလေးတွေက သူတို့လိုချင်တဲ့ အရာတွေကို သူတို့ချစ်သူက ကြိုသိနင့်နေတာလေးတွေကို အရမ်း သဘောကျတတ်ကြပါတယ်။ မိန်းကလေးတွေက သူတို့ချစ်သူဟာ သူတို့ရဲ့ စိတ်ကို အနားလည်နိုင်ဆုံး သူတွေဖြစ်စေချင်ကြတာပါ။ မိန်းကလေးတွေအနေနဲ့ ဒီအရာလေးတွေကို ချစ်သူက အလိုက်တသိ လုပ်ပေးတတ်တာမျိုးကို လိုချင်တတ်ကြပါတယ်။

ထူးခြားတဲ့ ချိန်းတွေ့မှုလေး

Freepik- master1305

တစ်ခါတစ်လေမှာ ဘာမှကြိုတင်မပြောပဲ သူမအတွက် သီးသန့်် ရိုမက်တစ်ဆန်ဆန် ချိန်းတွေ့မှုလေးကို မိန်းကလေးတွေက အရမ်းကို သဘောကျတတ်ကြပါတယ်။ ကိုယ့်ရဲ့ ချစ်သူကောင်လေးက ဘာမှကြိုမပြောပဲ သီးသန့်ဆန်တဲ့ ဒါမှမဟုတ် သူမကို အချိန်ပေးတာမျိုးကို မိန်းကလေးတွေ ချစ်သူဆီက လိုချင်တတ်ကြပါတယ်။

ချီးမွမ်းစကား

cookie_studio/Freepik
Sponsored

မိန်းကလေးတွေက ကိုယ့်ချစ်သူ ကောင်လေးဆီကနေ ချီးမွမ်းတဲ့ စကားလေးကို လိုချင်တတ်ကြပါတယ်။ အရမ်းကြီး ကြီးကြီးမားမား မပြောချင်ရင်တောင် မင်းဒီနေ့ ကြည့်ကောင်းနေတယ်၊ မင်းရဲ့ အောင်မြင်မှု အတွက် ဂုဏ်ယူပါတယ် ဆိုတာမျိုးလောက်တော့ ကိုယ့်ချစ်သူကောင်မလေးကို ပြောပေးသင့်ပါတယ်နော်။

READ
ဘယ်သူဘယ်ဝါရဲ့ အကူအညီမှမလိုပဲ တစ်ယောက်တည်း ရပ်တည်နိုင်တဲ့ မိန်းကလေးတွေဆိုတာ....

ထူးခြားတဲ့ နေ့လေးတွေကို မှတ်မိနေတတ်တာ

shutterstock/ InesBazdar

မိန်းကလေးတွေက တစ်ခြားသူတွေထက် ချစ်သူရဲ့ အလေးထားခြင်းကို လိုချင်ကြသူတွေပါ။ သူမနဲ့ ပတ်သက်တဲ့ အရာလေးတွေ သူမရဲ့ မွေးနေ့၊ anni နေ့လေးတွေ စတဲ့ ထူးခြားတဲ့ နေ့လေးတွေကို သူတို့သတိပေးစရာမလိုပဲ ချစ်သူကောင်လေးက မှတ်မိနေတတ်တာလေးကို လိုချင်ကြပါတယ်။

 ကိုယ်ပိုင်အချိန်လေးပေးတာ

shutterstock/HBRH

ဘယ်လောက်ပဲ ချစ်သူစုံတွဲပဲ ဖြစ်နေပါစေ ကိုယ့်အတွက် သီးသန့်အချိန်ဆိုတဲ့ ကိုယ်ပိုင်အချိန်လေးဆိုတာ လူတိုင်းမှာလိုအပ်ပါတယ်။ ဒီလိုပဲ မိန်းကလေးတွေက သူတို့ တစ်ယောက်တည်း သီးသန့်နေချင်တဲ့ အချိန်တွေ၊ တစ်ယောက်တည်း နေဖို့လိုအပ်တဲ့ အချိန်တွေမှာ ချစ်သူက ဘာမှမမေးပဲ အလိုက်တသိနဲ့ အချိန်ပေးတတ်တာမျိုးကို လိုချင်ကြပါတယ်။

 

ခံစားချက်တွေကို ပြောပြတာ

ယောကျာ်းလေးတွေက သူတို့ရဲ့ ခံစားချက်ကို  မပွင့်မလင်းနဲ့ သိပ်ထုတ်ဖော်ပြေလေ့မရှိတတ်ကြပါဘူး။ မိန်းကလေးတွေကတော့ ကိုယ့်ချစ်သူ ကောင်လေး ဘာဖြစ်နေတယ်၊ ဘယ်လိုခံစားနေရတယ်ဆိုတာကို သိချင်ကြသူတွေပါ။ ဒါကြောင့်ပဲ ချစ်သူကောင်လေးရဲ့ ခံစားချက်တွေကို သူတို့မမေးပဲ ပြောပြတာမျိုးကို လိုချင်ကြပါတယ်။

READ
ရည်းစားအများကြီးထားခဲ့ခြင်းကြောင့် ရရှိလာနိုင်တဲ့ ဘဝသင်ခန်းစာများ

Khin

sponsored