မမျှော်လင့်ဘဲ ကောင်လေးတွေ ကြွေသွားတတ်တဲ့ မိန်းကလေးတွေရဲ့ အပြုအမူလေးများ

Photo by The Lazy Artist Gallery from Pexels
Sponsored

လူတစ်ယောက်ကို ချစ်ဖို့ အချိန် စက္ကန့်ပိုင်းပဲ လိုပါတယ်တဲ့။ တစ်ယောက် အကြောင်း တစ်ယောက် မသိဘဲနဲ့လည်း ချစ်မိတတ်ကြတာ ဒါကြောင့်ပါပဲ။ အချစ်ကို စတင်တွေ့ရှိတဲ့ အချိန်တွေ အများစုကတော့ ကောင်မလေးတွေရဲ့ အပြုအမူတစ်ခုခုကို ကောင်လေးတွေ မြင်လိုက်ရလို့ ဖြစ်ပါတယ်။ အမှတ်တမဲ့ ကောင်မလေးတွေ ပြုလုပ်တဲ့ လှုပ်ရှားမှုမှာ ကောင်လေးတွေက ကြွေသွားတာမျိုး ဖြစ်ပါတယ်။ ဘယ်လို အပြုအမူတွေကို ကောင်လေးတွေက ကြွေတတ်လဲ ဆိုရင်တော့..

စိတ်ဆိုးနေတာ

Sponsored

ဒေါသထွက်နေတဲ့အချိန် မဟုတ်ဘဲ မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက် ဖြစ်တဲ့အခါမှာ ဖြစ်နေတတ်တဲ့ အလိုမကျတဲ့ မျက်နှာအနေအထားက ကောင်လေး အများစုအတွက် သဘောကျစရာ ကောင်းနေတတ်ပါတယ်။ ဒီလို မျက်နှာပေးလေးနဲ့ ဆောင့်အောင် ပြုမူနေတာမျိုးကို မြင်မိပြီးလည်း ကောင်လေးတွေက ကြွေသွားတတ်ကြပါတယ်။

READ
အချစ်ကြီးတဲ့ကောင်လေးတွေဆိုတာဒီလိုပါ
Photo by Jaspereology from Pexels

ကလေးဆန်တာ

ကလေးဆန်တဲ့ အပြုအမူရှိတဲ့ ကောင်မလေးတွေကိုလည်း ကောင်လေးတွေက ချစ်မိတတ်ကြပါသေးတယ်။ နှုတ်ခမ်းလေးစူတာက စလို့ အပြစ်ကင်းစင်စွာ စိတ်တိုင်းကျ ပြုမူလှုပ်ရှားနေတဲ့ ကောင်မလေးတွေကို တွေ့တဲ့အခါမှာလည်း မင်သက်ပြီး ကြည့်မိတတ်ကြပါတယ်။ ဒါကတော့ ကလေးဆန်တဲ့ အပြုအမူတွေအောက်မှာ ကျရှုံးသွားကြတာ ဖြစ်ပါတယ်။

Photo by Ba Phi from Pexels

မျက်စောင်းထိုးတာ

ကောင်လေးတွေ အများဆုံး ကြွေတဲ့ အချက်ကတော့ မျက်စောင်းလှလှလေးပါပဲ။ ဒါကတော့ ရင်းနှီးစ ပြုနေတဲ့သူတွေနဲ့ ရင်းနှီးပြီးသား သူတွေမှာ ပိုပြီး ဖြစ်တတ်ကြပါတယ်။ စိတ်ဆိုးအောင် စလိုက်လို့ မျက်စောင်းလေး ပြန်ထိုးလိုက်တဲ့အခါမှာတော့ ကောင်လေးတွေက ပစ်ကြွေမိသွားတတ်ကြပါတယ်။

Photo by Ike louie Natividad from Pexels

အလွဲလုပ်တာ

မလွဲရ မနေနိုင်ပါဘူးဆိုတဲ့ ကောင်မလေးတွေကလည်း အချစ်ခံ လူတန်းစားလေးတွေပါပဲ။ ခလုတ်တိုက်ပြီး လဲတာတို့၊ တစ်ခုခုကို နဖူးနဲ့ ဝင်ဆောင့်တာတို့ ဖြစ်နေတတ်တာ အဲ့သည့် ကောင်မလေးတွေပါပဲ။ သူတို့ရဲ့ အဲ့လို လွဲတဲ့ အချိန် အခိုက်အတန့်လေးတွေတိုင်းက တချို့ကောင်လေးတွေကို ချစ်စိတ်ဝင်စေတတ်ပါတယ်နော်။

READ
Balance ဖြစ်တဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ
Photo by Tỷ Huỳnh from Pexels

အသားကို လာထိတာ

အင်္ကျီကို လှမ်းဖမ်းဆွဲတာ၊ လက်ကလေးကို ခပ်တည်တည်နဲ့ လာထိခံရတာမျိုးတွေကလည်း ကောင်လေးတွေအတွက် စိတ်ဝင်စားမိစေတတ်ပါတယ်။ တမင်သက်သက် အသားထိတာမျိုး မဟုတ်ဘဲနဲ့ ပုံမှန် ရိုးရိုးသားသား ထိတတ်တဲ့ ကောင်မလေးတွေရဲ့ ရုတ်တရက် ပြုလုပ်လိုက်တာတွေကလည်း ကောင်လေးတွေ ရင်ထဲ ဝုန်းဒိုင်းကြဲစေတတ်ပါတယ်။

Kham

sponsored