ခေါင်းစည်းကြိုးကို လက်မှာပတ်ထားတတ်တဲ့ မိန်းကလေးတိုင်း သိထားသင့်တဲ့ ဆိုးကျိုး(၃)ချက်

shutterstock By MiniLab
Sponsored

ခေါင်းစည်းကြိုးတွေကိုလက်မှာဝတ်တတ်တဲ့အကျင့်ရှိတာက သင့်ကျန်းမာရေးကိုထိခိုက်စေလိမ့်မယ်လို့ တွေးဖူးပါသလား။ ဟုတ်ပါတယ်၊ ထိခိုက်စေပါတယ်။ ဒါပေမယ့် မိန်းကလေးအများစုက ခေါင်းစည်းကြိုးတွေကိုလက်မှာစွပ်ထားတာကို ဖက်ရှင်တစ်မျိုးလို လုပ်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ မလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့….

၁။ သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေတယ်

shutterstock By Sharomka
Sponsored

ခေါင်းစည်းကြိုးကလက်မှာအနည်းငယ်ကြပ်နေရုံနဲ့ဘာမှမဖြစ်လောက်ဘူးဆိုပြီး ဝတ်မထားပါနဲ့။ နည်းနည်းလေးပဲ ကြပ်နေတာက အချိန်ကြာလာတဲ့အခါ သေးငယ်တဲ့ သွေးကြောလေးတွေကို ပိတ်ဆို့စေပြီး သွေးလှည့်ပတ်မှု နှေးကွေးတာကိုဖြစ်ပေါ်စေပါတယ်။

၂။ ရေရှည်ထိခိုက်မှု ဖြစ်စေတယ်

shutterstock By MiniLab

ခေါင်းစည်းကြိုးရဲ့တင်းအားကြောင့် သွေးလှည့်ပတ်မှုကို ထိခိုက်စေတဲ့အပြင် ခေါင်းစည်းကြိုးရဲ့မျှော့ကြိုးကနေ ဘက်တီးရီးယားပိုးတွေ အရေပြားပေါ်ကိုရောက်လာပြီး အရေပြားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ နေ့တိုင်းလိုလို ခေါင်းစည်းကြိုးကိုလက်မှာဝတ်ထားမိရင် အရေပြားအတွက် ပိုဆိုးနိုင်ပါတယ်။

၃။ အလှပျက်စေတယ်

shutterstock By MiniLab

ခေါင်းစည်းကြိုးကိုလက်မှာပတ်ထားတတ်တဲ့ မိန်းကလေးတွေက ဒီလိုပတ်ထားတာဟာ ဖက်ရှင်တစ်ခုဖြစ်တယ်၊ အထာကျတယ်လို့ထင်တန်ကြပါတယ်။ တကယ်တမ်းမှာတော့ အဲ့လိုပတ်ထားတာက သင့်ကိုအလှပျက်စေပါတယ်။ ဝတ်ထားတဲ့အဝတ်အစား၊ သင်အပင်ပန်းခံပြင်ဆင်ထားတဲ့ အလှအပတွေကို မှေးမိန်စေပါတယ်။ အထူးသဖြင့် ခေါင်းစည်းကြိုးက ညစ်ပတ်နေရင်ပေါ့။
May

sponsored