ကောင်လေးတွေကြားမှာ ထင်ပေါ်ပြီးအကြိုက်များတဲ့ ကောင်မလေးတွေဆိုတာ..

Freepik- diana.grytsku
Sponsored

တကယ်တော့ ကောင်လေးတွေကြား ရေပန်းစားတဲ့ ကောင်မလေးတွေဆိုတာ သက်သက်ရှိနေပါတယ်။ ရုပ်လှတာ မလှတာနဲ့လည်း မဆိုင်ပါဘူးတဲ့နော်။ မယုံရင် ယောက်ျားလေးသူငယ်ချင်းတွေကိုမေးကြည့်။ ဒါဆိုရင် ဘယ်လိုကောင်မလေးမျိုးတွေက ကောင်လေးတွေကြားထဲ ပေါ်ပြူလာဖြစ်လေ့ရှိသလဲဆိုတာ ကြည့်လိုက်ရအောင်..

(၁) မိန်းကလေးဆန်တဲ့ကောင်မလေးတွေ

Sponsored

ကောင်လေးတွေက မိန်းကလေးတွေ မိန်းကလေးဆန်တာ အရမ်းသဘောကျကြတာ။ ဒါကြောင့် သူတို့အနေနဲ့ မိန်းကလေးဆန်တဲ့ ကောင်မလေးတွေဆိုရင် သူတို့ကြားထဲ တကူးတကကို ထုတ်ပြောတတ်ကြတာမျိုးပေါ့။ ယဉ်ယဉ်လေးနဲ့ နူညံ့သိမ်မွေ့တတ်တဲ့ ကောင်လေးတွေကတော့ သူတို့ကြားမှာ popular အဖြစ်ဆုံးပါပဲ။

Freepik- wayhomestudio

(၂) ဝတ်တတ်စားတတ်တဲ့ကောင်မလေးတွေ

ခေတ်နဲ့အညီ၊ ခန္ဓာကိုယ်အချိုးစားနဲ့လိုက်အောင် ဝတ်တတ်စားတတ်တဲ့ ကောင်မလေးမျိုးဆိုလည်း ကောင်လေးတွေက စိတ်ဝင်စားတတ်ကြပါတယ်တဲ့။ Fashion bae လေးတွေပေါ့။ သူတို့ကိုကျတော့ အမြဲတမ်းလိုလို ဒီကောင်မလေး ဘယ်လိုများဝတ်လာမှာလဲ၊ ဘယ်လိုပုံလေးတွေတင်ဦးမလဲဆိုပြီး အမြဲတမ်းလိုလို ဂရုတစိုက်ကို စောင့်ကြည့်နေရတာမျိုးပါ။

(၃) ဟာသဥာဏ်ရွှင်တဲ့ကောင်မလေးတွေ

ဥပမာပြောရင် memes တွေကို နားလည်တဲ့ ကောင်မလေးမျိုးပေါ့။ ဒါဆို ကောင်လေးတွေက အလိုလိုနေရင်းကို စိတ်ထဲက အမှတ်ပြည့်ပေးပြီးသားတဲ့လေ။ ဘာကြောင့်လဲဆိုရင် ဟာသဥာဏ်ရွှင်တဲ့ကောင်မလေးတွေက ပွင့်ပွင့်လင်းလင်းရှိတယ်၊ နောက် စကားပြောရတာလည်း အဆင်ပြေတယ်၊ ပဲသိပ်မများတတ်လို့ စိတ်အနှောက်အယှက်ဖြစ်စရာလည်း သူတို့အတွက် မလိုတော့ဘူး။

READ
ယောက်ျားတစ်ယောက် ဖခင်ကောင်း ဖြစ်နိုင်/မဖြစ်နိုင် အကဲဖြတ်ပေးနိုင်မယ့် အချက်များ
Freepik- senivpetro

(၄) ပညာတတ်တဲ့ကောင်မလေးတွေ

ပြောရမယ်ဆိုရင်တော့ ခပ်ချေချေနဲ့ စမတ်ကျကျ ထက်မြက်တဲ့ မိန်းကလေးတွေပေါ့။ ဒါပေမဲ့ အဲလိုပုံပေါက်အောင်လည်း အတင်းလုပ်ယူနေတာမျိုးမဟုတ်ဘဲ အလိုလိုကို အဲဒီလိုပုံပေါက်နေတဲ့ ကောင်မလေးမျိုးတွေဆိုရင် ကောင်လေးတွေက အထင်ကြီးပြီးကို လေးစားကြတာ။ ဒါပေမဲ့ တစ်ခုရှိတာက အဲလိုကောင်မလေးတွေဆိုရင် ကောင်လေးတွေက အနားတော့ မကပ်ရဲကြဘူး။

(၅) ပေါင်းရသင်းရလွယ်တဲ့ကောင်မလေးတွေ

Social ကျတာကိုပြောတာမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက်စကားပြောကြည့်လိုက်တာနဲ့ တခြားသူတို့စကားပြောဖူးတဲ့ ကောင်မလးမျိုးမတူဘဲ စိတ်ဝင်စားဖို့ကောင်းနေတာမျိုး၊ ဒါမှမဟုတ် အကြိုက်ချင်းတူလို့ အကြောင်းအရာတစ်ခုကို ထဲထဲဝင်ဝင်လိုက်ပြောနိုင်တဲ့ ကောင်မလေးမျိုးရင် သိပ်ကို သဘောကျကြတာပါတဲ့လေ။

Freepik- wayhomestudio

penny

sponsored