စိတ်ဓာတ်ကြံခိုင်ပြီး ခံစားချက်တွေ သိုဝှက်ထားတတ်တဲ့ မိန်းကလေးတွေရဲ့ အမူအကျင့်များ

shutterstock/ ViChizh
Sponsored

တစ်ချို့မိန်းကလေးတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို လွယ်လွယ်ထုတ်ပြလေ့မရှိကြသလို စိတ်ဓာတ်မာကျောတယ်လို့ ထင်ရတတ်ပါတယ်။ တကယ်တမ်းမှာတော့ ဒါဟာ သူတို့ရဲ့ နူးညံတတ်မှုနဲ့ အားနည်းတယ်လို့ထင်ရတဲ့ အရာတစ်ချို့ကို ဖုံးကွယ်ဖို့ သူတို့ကိုယ်သူတို့ စိတ်ဓာတ်မာကျောချင်ယောင် ဆောင်ထားတတ်ကြတာပါ။ ဒီလို စိတ်ဓာတ်မာကျောချင်ယောင်ဆောင်ပြီး ခံစားချက်တွေ သိုဝှက်ထားတတ်တဲ့ မိန်းကလေးတွေဆီမှာ ဒီလိုအမှန်တရားလေးတွေ ရှိလို့နေပါတယ်။

ခံစားလွယ်တဲ့စိတ်ကို ဖုံးကွယ်ထားတတ်တယ်

shutterstock/ ViChizh

တကယ်တမ်းမှာတော့ သူတို့တွေဆီမှာ အရမ်းကို နူးညံတဲ့နှလုံးသား တစ်စုံကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် လောကကြီးက အားငယ်ပျော့ညံနေရင် ရှင်သန်ဖို့ မလွယ်ကူဘူးဆိုတာကို နားလည်တဲ့အတွက်ကြောင့် သူတို့ရဲ့ နူးညံမှုကို ဖုံးကွယ်ပြီး စိတ်ဓာတ်မာကျောချင်ယောင် ဆောင်ထားတတ်ကြပါတယ်နော်။ သူတို့ဟာ ခံစားလွယ်တတ်တဲ့သူတွေဖြစ်ပေမယ့် တစ်ခြားလူတွေရှေ့မှာတော့ သူတို့ခံစားနေရတာကို ထုတ်မပြတတ်ကြပဲ လူကွယ်ရာကျမှ တိတ်တိတ်လေး ခံစားတတ်ကြပါတယ်။

READ
အတင်းအပြောခံရပါများလာလေ ကိုယ့်အတွက်ပိုကောင်းကျိုးရလေဆိုတဲ့ သက်သေများ

ကြင်နာသနားတတ်မှုကို ထုတ်မပြတတ်ဘူး

Sponsored

တကယ်တော့ ကြင်နာတတ်မှု၊ သနားတတ်မှုဆိုတာ လူတကာသိအောင် ထုတ်ပြနေဖို့မလိုအပ်ပဲ တစ်ခြားသူ အထင်ကြီးအောင် လုပ်ပြစရာမလိုတဲ့ တကယ့်စိတ်စေတနာအရင်းခံက ဖြစ်ပေါ်လာတဲ့အရာပါ။ ဒါကြောင့် ဒီလိုမိန်းကလေးတွေက သူတို့ရဲ့ ကြင်နာသနားတတ်မှုကို လူတွေသိပါစေဆိုပြီး ထုတ်ပြမနေတတ်ပါဘူး။ သူတို့ဟာ အပြောထက်အလုပ်နဲ့ သက်သေပြတတ်သူတွေဖြစ်ပြီး တစ်စုံတစ်ယောက်ကို ကူညီဖို့ လက်မတွန့်တတ်ကြသူတွေပါ။ ဒါပေမယ့် သူတို့ရဲ့ ကူညီတတ်မှု၊ ကြင်နာမှုကိုတော့ တစ်ခြားသူတွေ အထင်ကြီးလေးစားအောင် ဘယ်တော့မှ ထုတ်ဖော်မပြောတတ်ကြပါဘူး။

မလိုအပ်ပဲ ရှင်းပြရတာတွေ မကြိုက်ဘူး

shutterstock/ Dmitry_Tsvetkov

ခံစားချက်ကို ဖုံးကွယ်ထားတတ်တဲ့ ကောင်မလေးတွေဟာ တစ်စုံတစ်ယောက်က သူတို့ကို အကောင်းမြင်ဖို့အတွက် ရှင်းပြပြောဆိုရတာမျိုးကို မကြိုက်တတ်ကြပါဘူး။ သူတို့အမှားမလုပ်ထားတဲ့အတွက် ဘာမှရှင်းပြနေစရာကို မလိုဘူးလို့ ခံယူထားတတ်ကြပါတယ်။ နောက်ပြီး တစ်စုံတစ်ယောက်ကို အပြစ်တင်ပြောဆိုပြီးမှ ရလာမယ့် အမှန်တရားမျိုးကိုဆို တတ်နိုင်သလောက် မရှင်းပြပဲသာ နေတတ်ကြပါတယ်။

READ
မိန်းကလေးတစ်ယောက်သူ့ချစ်သူကိုတွယ်ကပ်လွန်းရခြင်းအကြောင်းရင်း(၅)ခု

သူတို့ရဲ့ စိတ်ခံစားချက်တွေကို လွယ်လွယ်မဖော်ပြတတ်ဘူး

ဒီလိုမိန်းကလေးတွေက တစ်စုံတစ်ယောက်ကို အရမ်းချစ်မိရင်တောင် သူတို့ရဲ့ အချစ်ကို အကုန်ထုတ်မပြတတ်ကြသူတွေပါ။ သူတို့ချစ်ရတဲ့သူတွေကို အရမ်းချစ်တတ်ကြပေမယ့် ပါးစပ်က ထုတ်မပြောပြတတ်ကြဘူး။ ဒါပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေ၊ အပြုအမူတွေမှာ သူတို့ရဲ့ အချစ်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ဝမ်းနည်းနာကျင်မှုတွေကို ခံစားနေရရင်တောင် ဘာမှမဖြစ်သလို ဟန်ဆောင်တတ်ကြပြီး တစ်ယောက်တည်း လူမသိအောင် တိတ်တိတ်လေး ခံစားတတ်ကြပါတယ်။

Khin

 

sponsored