လွယ်ကူရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ပဲစောင်းလျားသီးသုပ်နည်း

Sponsored

ဒီနေ့ဖော်ပြပေးမှာကတော့ အရသာရှိပြီး ထမင်းမြိန်စေတဲ့ ပဲစောင်းလျားသီးသုပ်နည်းလေး ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းလွန်းတဲ့ နည်းလေးဖြစ်တာကြောင့် အားလုံးနဲ့အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။

လိုအပ်သောပစ္စည်းများ
  • ပဲစောင်းလျားသီး ၁၅ တောင့်
  • ဆီ (ထမင်းစားဇွန်း ၅ ဇွန်း)
  • ပုဇွန်ခြောက် (ထမင်းစားဇွန်း ၁ ဇွန်း)
  • မြေပဲလှော် (ထမင်းစားဇွန်း ၃ ဇွန်း)
  • ကြက်သွန်နီ (၂ လုံး)
  • ကြက်သွန်ဖြူ (၆ မွှာ)

ပြုလုပ်ပုံ အဆင့်ဆင့်
  • ပဲစောင်းလျားသီးကို စင်ကြယ်အောင်ဆေးပါ။
  • ရေနွေးဆူဆူထဲတွင် ၁၀ စက္ကန့်လောက်သာထည့်ပြီး ချက်ချင်းပြန်ဆည်ပါ။ ပြီးလျှင် ပါးပါးလေးစိတ်ပြီး ပန်းကန်လုံးထဲတွင်ထည့်ပါ။
  • ပုဇွန်ခြောက် ကိုထောင်း၍ထည့်ပါ။
  • မြေပဲကိုလည်း ထောင်း၍ထည့်ပါ။
  • ကြက်သွန်နီကို ပါးပါးလေး လှီး၍ထည့်ပါ။
  • ကြက်သွန်ဖြူကိုထောင်း၍ ဆီသတ်ပြီး ထည့်ပါ။
  • ဆား၊ အချိုမှုန့် သင့်တော်သလိုထည့်ပါ။ အစပ်ကြိုက်က ငရုတ်သီးမငန့်ထည့်နိုင်သည်။
  • နှံ့စပ်အောင် နယ်ပြီးလျှင် အရသာရှိသော ပဲစောင်းလျားသီးသုပ်ကို ထမင်းနှင့်သုံးဆောင်နိုင်ပါသည်။
READ
အင်ဒိုနီးရှားမှာ နာမည်ကြီးနေတဲ့ မီးသွေးခဲ ကော်ဖီ
Sponsored

Em Em(Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

sponsored