အနုပညာလှုပ်ရှားမှု အသစ်နဲ့ ပတ်သက်ပြီး ထုတ်ပြောလာတဲ့ Gong Yoo

Image:IG/Management SOOP
Sponsored

Gong Yoo က တော့ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် လူပျိုကြီးပါ။ ဒရမ်မာဇာတ်လမ်းတွဲ သစ် မရိုက်တာ ကြာ နေတာ မို့ Gong Yoo  ရဲ့ ပရိသတ်တွေက တော့ နောက်ထပ် ကားသစ်ကို မျှော် နေကြပါတယ်။ Guardian: The Lonely and Great God ဆိုတဲ့ ဇာတ်ကား  Season 2 ထပ်လာဖို့ရှိ မရှိကိုလည်း အားလုံးက သိချင် နေ ကြပါတယ်။ နောက်ထပ်ဘယ်လို အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်ဖြစ်မလဲ ဆိုတာကိုတော့ Gong Yoo က အခုလို ဖြေ ခဲ့ပါ တယ်။ ဒီအေ ကြာင်းကိုတော့ Koreaboo မှာ အခုလို ဖော်ပြ ထားပါတယ်။

Sponsored

ဒီ အ ကြောင်းကို တော့ အရင်တုန်းက ကျင်းပခဲ့တဲ့ Fan Meeting ပွဲ တစ်ခု မှာ ဖြေခဲ့တာပါ ။နောက်ထပ် လာမယ့် ကားသစ် က ပရိသတ် စောင့်ရ ကျိုး နပ်တဲ့ ကား မျိုး ဖြစ်စေ ရမယ်လို့ Gong Yoo က ပြောခဲ့ပါတယ်။ “ကောင်းတဲ့  အရာ မျိုး နဲ့ပဲ ပြန် ဆုံ ချင်ပါတယ် ။နောက်လာမယ့် အရာက စောင့်ရ ကျိုး နပ်တာ မျိုး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံး ကြိုက်ကြတဲ့ အရာ မျိုးပဲ ဖြစ်မှာပါ..” လို့ ပြောခဲ့ပါတယ်။ Guardian: The Lonely and Great God  ဇာတ်ကား  Season2 ထပ် လာခဲ့ရင် ရော လက်ခံရိုက်ကူးမှာလား ဆိုတာကို တော့ ..သူ့ အတွက် က တော့ ငြင်း စရာ မရှိပါဘူး လို့ ပြန် တုံ့ပြန်ခဲ့ပါတယ်။ ဒီဇာတ်ကား က တော့  အရမ်းကို နာမည်ကြီးတဲ့ ကိုရီးယား ဒရမ်မာ စီးရီး တစ်ခု ဖြစ်ခဲ့ပါတယ်။

ကြည့်ရှုနှုန်း စံချိန်တင် တဲ့ အထိ များပြားခဲ့တာပါ။ Reply 1988 ခုနှစ် ဇာတ်ကားပြီးရင် ကိုရီးယား TV သမိုင်း တစ် လျောက် မှာ ကြည့်ရှုနှုန်း ဒုတိယ မြောက် အများဆုံး ဇာတ်ကားပါ။ Gong Yoo က တော့ ငြင်းစရာ မရှိ ဘူး လို့ ပြော ခဲ့ ပေမယ့် Guardian: The Lonely and Great God Season 2 လာ ဖို့ က လက် တ လော မှာတော့ အစီ အစဉ် မရှိသေး ဘူးလို့ ပြော ခဲ့ပါတယ်။ Gong Yoo  က တော့ Seo Bok and Wonderland ၊Sea of Silence ဇာတ်ကားတွေနဲ့ ပရိသတ် ရှေ့ကို ပြန်လာဖို့ ရှိပါတယ်။

#AUNTYMAY

sponsored