Gong Yoo က တော့ နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ tvN ရဲ့ “You Quiz on the Block,” မှာ ဧည့်သည် အဖြစ် ပါဝင် ပေးခဲ့ပါတယ်။အဲ့ဒီမှာတော့ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေ နဲ့ လုံးဝ ကွာခြား တဲ့ သူ့ရဲ့ တကယ့် အပြင် Life က ပုံစံ နဲ့ ပတ်သက်ပြီး ထုတ်ပြောခဲ့ပါတယ်။ Jo Se Ho က “Gong Yoo အဖြစ်နဲ့ရှင်သန် နေရတာ ဘယ်လို မျိုးလဲ.” လို့ မေးတဲ့ အခါမှာတော့ Gong Yoo က “ တခါ မှ မတွေးကြည့်ဖူးဘူး ..” လို့ ပြန် ပြောခဲ့ပါတယ်။အများ အမြင် မှာတော့ နာမည်ကြီး မင်းသား Gong Yoo ဆိုပြီး ထင်ကြေ ပမယ့် တကယ့် တော့ သူ့အပြင် Life က သာမန်လူ ၊သာမန် life မှာပဲ နေ နေ တာပါလို့ Gong Yoo က ပြောပြခဲ့ပါတယ်။ဒီအကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။
View this post on Instagram
“ကျွန်တော်အရင်က သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကောင်တွေ၊စိတ်ကူးယဉ်ဇာတ်ကားတွေ ထဲက ပုံစံ တွေက ကျွန်ေ တာ့် ကို တွဲမြင် ဖန်တီးပေးခဲ့ကြတယ်။ဒါပေမယ့် Gong Yoo မဟုတ်တဲ့ Gong Ji Chul(သူ့ရဲ့တကယ့် နာမည် အရင်း)အနေနဲ့ က တော့ ကျွန်တော်က သာမန်လူ တစ်ယောက်ပါ၊ဘာမှ မဟုတ်ဘူး..” လို့ ပြောခဲ့ပါတယ်။သူ့ ရဲ့ အပြင်က တကယ့် Type ၊ တကယ့် personality က ဘယ်လို မျိုးလဲ လို့ မေးတဲ့ အခါ မှာတော့..”လူတွေထင်ထား တာထက် ပိုပြီး ကျွန်တော်က မေ့တက် တဲ့ ယောင်တိယောင်ဝါး သမားပါ။အရမ်းကြင်နာတတ်တဲ့ လူမျိုးလဲ မဟုတ်ပါ ဘူး..” လို့ ပြောခဲ့ပါတယ်။
View this post on Instagram
“Coffee Prince” ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ အပြင်က သူ့ပုံစံကို နှိုင်းယှဉ်ပြီး ပြောတဲ့ အခါမှာတာ့ “Choi Han Gyul က သူ့မိသားစု အပေါ် ကြင်နာတယ်။အမေက တော့ တကယ့်အပြင် life မှာလဲ အဲ့လို လုပ်ဖို့ ပြော တယ်..” ဆိုပြီး ပြောခဲ့ ပါတယ်။သူ့ရဲ့ တကယ့်အပြင် Type က အမျိုးသမီးတွေ လိုချင်တဲ့ Type မျိုး မဟုတ်ပါဘူး လို့ လည်း Gong Yoo က ပြောခဲ့ပါတယ်။”ကျွန်တော့် တကယ့်အပြင်ပုံစံက အချစ်နဲ့ တွေ့ရင် သတ္တိရှိရှိ တဲ့ ယောက်ျား ပုံစံမျိုး မဟုတ်ပါဘူး။
View this post on Instagram
ဇာတ် ကောင်ထဲမှာတော့ ခံစားချက်တွေကို ရင်ဖွင့်နိုင်ပေမယ့် အဲ့ဒါ တကယ့် ကျွန်တော့် ပုံစံ မဟုတ်ပါဘူး။ Gong Ji Chul အနေနဲ့က တော့ ဒါက အရမ်းခက်ခဲ ပါတယ်။ဒါကြောင့်ပဲ ကျွန်တော်သရုပ်ဆောင် ရတာကို ကြိုက်တာ။ကျွန် တော် အစစ်မဟုတ်တဲ့ တခြားတစ်ယောက်ဖြစ်ရတာကို .တကယ့် အပြင်မှာ အရမ်းရှက်တတ်လို့ ကျွ န်တော် မလုပ်နိုင်တဲ့ အရာ တွေကို ဇာတ်ကားထဲမှာ လုပ်လို့ရတ ယ်လေ..” လို့ ပြောခဲ့ပါတယ်။ ဇာတ်ကားထဲမှာ သာ အချစ်နဲ့ ပတ်သက်ရင် သတ္တိတွေ ပြည့်နေပေမယ့် တကယ့်အပြင်မှာတော့ ကိုယ်သဘောကျတဲ့ လူကို ခံစားချက် ၀န်ခံဖို့တောင်မှ သတ္တိမရှိတဲ့ လူပါ လို့ သူ့ကိုယ်သူ ပြောခဲ့ပါတယ်။
View this post on Instagram
Gong Yoo က လွယ်လွယ်နဲ့ စိတ်ထိခိုက်လွယ်တယ်လို့ တစ်စုံတယောက်က ပြောတာ ကြားဖူး တယ်လို့ မေးတဲ့ အခါ မှာတော့ အဲ့တစ်စုံ တစ်ယောက်က Lee Dong Wook လို့ Gong Yoo က သံသယ၀င် နေခဲ့ပါတယ်။ “ကျွန်ေ တ်ာက စိတ်ထိခိုက် မလွယ်ပါဘူး။အဲ့အစား တခြားလူတွေက သာ ကျွန်တော့် ကြောင့် မကြာခဏ စိတ် အနှောင့်အယှက် ဖြစ် နေရတာ.”ဆိုပြီး ပြောခဲ့ပါတယ်။ Yoo Jae Suk က .ဒါကို အများကြီးပြော နေ ပုံ ထောက်ရင် တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်နေပုံ ရတယ်ဆိုပြီး ၀င် ပြောခဲ့ပါတယ်။
View this post on Instagram
Lee Dong Wook က တော့ “You Quiz on the Block.” ရိုက်ကွင်းကို coffee နဲ့ မုန့်ကား ပို့ပေးခဲ့ပါတယ်။ Gong Yoo က “သူက ဘာလို့ ပို့တာလဲ.သူက လိမ်မာတယ်. ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကို ပစ်လိုက်တာပဲ” ဆိုပြီး ဟာသ နှော ပြောခဲ့ပါတယ်။ Lee Dong Wook က တော့ သူနဲ့ Host နှစ်ယောက်ကို စည်းရုံးသိမ်းသွင်းတယ်ဆိုတဲ့ သဘောနဲ့ ဟာသ လုပ် ပြောခဲ့တာပါ။ Lee Dong Wook က တကယ့် မြေ ခွေးနဲ့ တူတယ်လို့ လည်း ပြောခဲ့ပါသေးတယ်။ Lee Dong Wook က တော့ “Tale of the Nine-Tailed.” မှာ gumiho ဇာတ်ကောင် နေရာ က နေ ပါဝင်ထားတာပါ။
View this post on Instagram
#AUNTYMAY