သူမတူတဲ့ အတွေ့အကြုံကောင်းတွေ လိုချင်ရင် Camping ထွက်ကြည့်လိုက်ပါ……

tirachardz/Freepik
Sponsored

နိုင်ငံခြားမှာ ရှိတဲ့ လူငယ်တွေကတော့ Camping ထွက်တဲ့ အလေ့အကျင့်က သူတို့ရဲ့ ကလေးဘဝမှာကတည်းက ရှိခဲ့ကြတဲ့အရာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကျောင်းတွေနဲ့ မိဘတွေရဲ့ စီစဉ်မှုကြောင့် သူတို့ Camping အလေ့နဲ့ ရင်းနှီးကြပါတယ်။ ကိုယ်တွေနိုင်ငံမှာတော့ ခရီးတွေ အလွယ်တကူထွက်မရတဲ့ ဒီကာလမှာ Camping အလေ့တွေ ပိုပြီး ခေတ်စားလာပါတယ်။ တကယ်တော့ Camping ထွက်တယ်ဆိုတာ ဒီနေ့ခေတ် လူငယ်တွေအတွက် သိပ်ကို ကောင်းတဲ့ အတွေ့အကြုံတွေ ရစေမယ့် အပန်းဖြေခရီး ဖြစ်ပါတယ်။ Camping လုပ်တာက ဒီလို အတွေ့အကြုံတွေကို အဓိက ပေးနိုင်ကြပါတယ်။

ကိုယ်ထူကိုယ်ထ စနစ်

Sponsored

Camping ထွက်တဲ့အခါ တစ်ယောက်တည်း ထိုင်နေတာမျိုး၊ ဟိုတယ်တွေလို အခန့်သား ထိုင်နေလို့ ရတာမျိုးတွေ ရှိမှာ မဟုတ်ပါဘူး။ ကိုယ့်နေမယ့် နေရာနားကို သန့်ရှင်းရေး လုပ်ရတာမျိုး၊ မီးပုံဖိုဖို့ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်တွေ ရှာရတာမျိုးတွေက တမူထူးခြားတဲ့ အတွေ့အကြုံတွေ ပေးမှာပါ။ ကိုယ်စီ ကိုယ်စီ ကိုယ်လုပ်စရာ ရှိတာ လုပ်နေရတာမျိုးမို့ တစ်ယောက်တည်း အခန့်သား ထိုင်နေတာမျိုးဆိုရင်လည်း အဆင်မပြေပါဘူးနော်။

READ
သဘောထားကြီးလွန်းပြီး တစ်ဖက်သားကို ခွင့်လွှတ်ပေးနိုင်လွန်းတဲ့ ရာသီခွင် (၃)မျိုး
shutter2u/Freepik

တက်ညီလက်ညီ ရှိမှု

Camping ထွက်တဲ့အခါ Teamwork ရဲ့ ပျော်ရွှင်မှုတွေကို ခံစားရနိုင်ပါတယ်။ အတူတူစုပြီး ကစားတာမျိုး၊ tent အတူတူ ဆောက်ရတာမျိုးတွေက မိတ်ဆွေတွေကြားမှာ ပိုပြီး ရင်းနှီးမှုတွေ တိုးလာစေနိုင်ပါတယ်။ တက်ညီလက်ညီတဲ့ အတူယှဉ်တွဲ လုပ်ရတဲ့ အလုပ်တွေကိုလည်း လုပ်ရတာမို့ ပိုပြီး ရင်းနှီးမှုတွေ ရှိလာပြီး မိသားစုတွေ အတူထွက်မယ်ဆိုရင် ပိုတောင် ကောင်းပါသေးတယ်။

Photo by Vanessa Garcia from Pexels

သဘာဝရဲ့ ရင်းနှီးတဲ့ အတွေ့အကြုံတွေ

တောတောင်အငွေ့အသက်တွေ ရှိတဲ့နေရာမှာ Camping လုပ်တာက အကောင်းဆုံး ဖြစ်ပါတယ်။ မြေပေါ်မှာ tent ထိုးရင်းနဲ့ သဘာဝရဲ့ အငွေ့အသက်တွေကို ခံစားရမှာ ဖြစ်သလို မြို့ပြမှာ မရရှိတဲ့ အေးချမ်းမှုတွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့လေ၊ အေးမြတဲ့ အငွေ့အသက်နဲ့ ဆူညံသံတွေ မရှိတဲ့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ တစ်ညတာ နေထိုင်ရင်တောင် အခေါက်ခေါက် ပြန်လွမ်းမိနေမှာပါ။

READ
အချစ်တစ်ခု အစပြုဖို့ မဖြစ်မနေ လိုအပ်တဲ့ နောက်ကွယ်က အကြောင်းအရင်းများ
Freepik.com

လွတ်လပ်တဲ့ အိပ်စက်မှုပုံစံ

အိမ်မှာ ရှိတဲ့ အိပ်ရာမှာ အိပ်ရတဲ့ အရသာနဲ့ လုံးဝ မတူတဲ့ ခံစားချက်မျိုးကို Camping ထွက်ရင် ရနိုင်ပါတယ်။ နံရံပါးပါးလေးပဲ ရှိတဲ့ တဲလေးထဲက မြေကြီးပေါ်မှာ ဆောက်ထားတယ်ဆိုရင် အခင်းခင်းထားရင်တောင်မှ မြေကြီးနဲ့ ကပ်နေတဲ့ ခံစားမှုမျိုး ရနေအုံးမှာ ဖြစ်ပါတယ်။ လုံးဝ သဘာဝနဲ့ ထိတွေ့ပြီး အိပ်ရတဲ့ အရသာနဲ့ လွတ်လပ်တဲ့ ဘဝပုံစံမျိုးကို ခံစားရမှာပါ။

senivpetro/Freepik

စိတ်တွေ ပေါ့ပါးသွားစေမှု

တောတောင်နဲ့ သဘာဝဆန်တဲ့ နေရာတွေက ကိုယ့်ရဲ့ ပင်ပန်းနေတဲ့ စိတ်တွေကို သက်သာအောင် လုပ်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ မြို့ပြရဲ့ အရိပ်အယောင်တွေ မမြင်ရတဲ့အခါ သဘာဝရဲ့ အငွေ့အသက်တွေနဲ့ အပင်စိမ်းစိမ်းစိုစိုတွေက စိတ်ကို တမျိုးလေး ကြည်လင်သွားစေတတ်ပါတယ်။ ဒါကြောင့် အားလပ်ရက်ခရီးအဖြစ် Camping ထွက်ရင် သိပ်ကို ကောင်းပါတယ်။

Kham

sponsored