Biker ကောင်လေးကို ချစ်သူတော်ထားတဲ့ ကောင်မလေးတွေရမယ့် အခွင့်အရေးလေးများ

Shutterstock/APIWAN BORRIKONRATCHATA
Sponsored

ချစ်တတ်ကြတဲ့ပုံစံတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။ တစ်ချို့ကောင်မလေးတွေက လူကြီးဆန်တာမျိုး၊ တစ်ချို့က ချောတာမျိုး စသဖြင့် ကြိုက်တတ်ကြပါတယ်။ ဆိုင်ကယ်မောင်းရတာကို သဘောကျတတ်တဲ့ biker ကောင်လေးက ကိုယ့်ချစ်သူ ဖြစ်နေရင်တော့ ဒီလို အခွင့်အရေးလေးတွေ ရမှာပါနော်။

(၁) အတူဆိုင်ကယ်စီးတာ

Sponsored

ဆိုင်ကယ်စီးတာချင်း တူရင်တောင် biker ကောင်လေးနဲ့ စီးရတာ ပိုပြီး ရင်ခုန်ရစေမှာပါ။ ဆိုင်ကယ်နဲ့လူနဲ့ တစ်သားတည်း ဖြစ်နေသလို ခံစားမှုနဲ့အတူ လမ်းတွေပေါ် လျှောက်ပတ်စီးနေရတာကလည်း ပျော်စရာ အခိုက်အတန့်ပါပဲ။

drobotdean/Freepik

(၂) သဘာဝကို ခံစားတာ

ဆိုင်ကယ်ကို ချစ်တဲ့ ကောင်လေးတွေက သဘာဝကိုလည်း ချစ်တတ်ကြပါတယ်။ မိုးရေစက်တွေ၊ တိမ်တွေ၊ တောင်တွေ၊ နေရောင်ခြည်တွေကို ကောင်းကောင်း သဘောကျတတ်ပါတယ်။ သူ့ကြောင့် ကိုယ်လည်း ဒီသဘာဝတွေကို ဆိုင်ကယ်စီးရင်း ရနိုင်တာက သဘောကျစရာ ကောင်းလှပါတယ်။

READ
အသည်းကွဲနေတဲ့ခံစားချက်ကြီးကို လုံးဝမေ့ပျောက်သွားစေမယ့်နည်းလမ်း(၅)မျိုး

(၃) ခရီးအတူထွက်တာ

ဆိုင်ကယ်စီးပြီး ခရီးတွေထွက်ရတာက ဘယ်လောက် ကောင်းသလဲဆိုတာကို ဆိုင်ကယ်ချစ်တဲ့သူတွေပဲ သိကြမှာပါ။ ကိုယ့်မြို့ကနေ နှစ်နာရီ သုံးနာရီလောက်ကြာအောင် မောင်းရင် ရောက်တဲ့ ခရီးတွေကို ချစ်သူနဲ့အတူ လျှောက်လည်ရတာကလည်း ဘာနဲ့မှ မလဲနိုင်တဲ့ စိတ်ဝင်စားစရာ ခရီး ဖြစ်နေမှာပါ။

oneinchpunch/Freepik

(၄)  နွေးထွေးမှု

ချစ်သူတွေရဲ့ အတူရှိချိန်ထဲမှာမှ ချစ်သူမောင်းတဲ့ဆိုင်ကယ်နောက်မှာ လိုက်စီးချိန်က နွေးထွေးမှု အရှိဆုံး ဖြစ်နေမှာပါ။ လေထိုးသမျှကို ချစ်သူက ကာပေးထားသလိုဖြစ်ပြီး ခါးလေးကို ဖက်စီးရင် နွေးနွေးထွေးထွေးလေး ဖြစ်နေမှာပါ။

(၅) အန္တရာယ်ကင်းမှု

ဆိုင်ကယ်ကို ဒီအတိုင်း စီးနေတဲ့သူထက် ဆိုင်ကယ်ကို ချစ်တဲ့ biker ကောင်လေးတွေက ဆိုင်ကယ်ကို အမြဲ စစ်ဆေးနေတတ်ပါတယ်။ ယာဉ်အန္တရာယ် လမ်း အန္တရာယ်တွေကိုလည်း သေချာ နားလည်တာကြောင့် မတော်တဆမှု မဖြစ်အောင် သတိထားတတ်ကြပါတယ်။ ဒါ့ကြောင့် သင်လည်း အန္တရာယ်ကင်းတာကို ခံစားမိနေမှာပါ။

READ
ကိုယ့်ရဲ့ ချစ်သူကောင်မလေး အရည်ပျော်သွားစေမယ့် စကားချိုချိုလေးတွေ

Kham

sponsored