သူငယ်ချင်းကောင်း တစ်ယောက်မှာ ရှိနေတတ်တဲ့ အရည်အချင်းများ

Photo by Streetwindy from Pexels
Sponsored

သူငယ်ချင်း၊ မိတ်ဆွေဆိုတာ လူတိုင်းနီးပါးမှာ ရှိပေမယ့် သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း ရဖို့ကတော့ လူတိုင်းမှာ အခွင့်အရေး မရှိပါဘူး။ သူငယ်ချင်းကောင်းဆိုတာကတော့ အခုလို အရည်အချင်းတွေနဲ့ ပြည့်မီနေတတ်ပါတယ်။

၁။ နားလည်ပေးနိုင်တယ်

Sponsored

သူငယ်ချင်းကောင်းဆိုတာ နားလည်အပေးနိုင်ဆုံးသူလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဒေါသတွေ၊ ဝမ်းနည်းမှုတွေကို သူကပဲ နားလည်ပေးနိုင်တတ်ကြပါတယ်။ ကိုယ် ဘာဖြစ်ချင်လဲဆိုတာကိုလည်း သူက သိသလို ကိုယ့်ခံစားချက်တွေကို တကယ် နားလည်တယ်လို့ ခံစားရစေတဲ့သူ ဖြစ်ပါတယ်။

Photo by Andrea Piacquadio from Pexels

၂။ အထင်မသေးတတ်ဘူး

သူငယ်ချင်းကောင်းဆိုတာ ကိုယ့်သူငယ်ချင်းကို သူငယ်ချင်းလို့ပဲ တွေးပြီး အထင်မသေးတတ်ကြသူတွေ ဖြစ်ပါတယ်။ သူငယ်ချင်းက ဘယ်လို အခြေအနေ ဖြစ်ပါစေ၊ အခက်အခဲတွေ ကြုံနေရပါစေ သူငယ်ချင်းအချင်းချင်း အထင်သေးလျစ်လျူရှုတာမျိုး မလုပ်တတ်ကြပါဘူး။

Photo by Andrea Piacquadio from Pexels

၃။ လမ်းမှားကို မရောက်စေဘူး

READ
နေ့စဉ်စားနေတဲ့ ဆားကို လုံးဝမစားပဲ ရပ်တန့်လိုက်ရင် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာမယ့် အရာများ

သူငယ်ချင်းက လမ်းမှားရောက်နေတာ၊ မဟုတ်တာတွေချည်းပဲ လုပ်နေတာမျိုးကို မသိချင်ယောင် ဆောင်မနေတတ်တာ သူငယ်ချင်းကောင်းပါပဲ။ ကိုယ့်သူငယ်ချင်းကို လူကောင်း ဖြစ်အောင်၊ လမ်းမှား မရောက်အောင် အကောင်းဆုံး ပြုလုပ်တတ်ကြသူတွေက သူငယ်ချင်းကောင်း ပီသလို့ပါပဲ။

Photo by Andrea Piacquadio from Pexels

၎။ သက်တောင့်သက်သာ ရှိစေတဲ့သူ

သူငယ်ချင်းဆိုတာ တစ်ယောက်ကို တစ်ယောက် မျက်နှာရိပ်မျက်နှာကဲ ကြည့်ပြီး စကားပြောဖို့ တွန့်ဆုတ်နေတာမျိုး မရှိကြပါဘူး။ သူငယ်ချင်းကောင်းတွေကတော့ သူနဲ့ စကားပြောတိုင်း ကိုယ့်ကို စိတ်သက်သက်သာသာ ဖြစ်နေစေတတ်ပါတယ်။

Photo by Anastasiya Gepp from Pexels

၅။ ကူညီဖို့ ဝန်မလေးဘူး

ကိုယ့်သူငယ်ချင်းက အခက်အခဲ ဖြစ်နေရင်၊ အကူအညီတောင်းရင် ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် သူ တတ်နိုင်တဲ့ အခြေအနေကနေ အကောင်းဆုံး ကူညီပေးတတ်တာကလည်း သူငယ်ချင်းကောင်းတွေမှာပဲ ရှိနေတတ်တာမျိုးပါ။

Kham

sponsored