ဘာကိုမှ ဂရုမစိုက်တတ်တဲ့ ကောင်မလေးတွေမှာသာ ရှိနေတဲ့ အားသာချက်များ

Photo by Alasdair Braxton from Pexels
Sponsored

မိန်းကလေးချင်းတူကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပုံစံတွေ အကျင့်တွေ မတူကြပါဘူး။ ဘာကိုမှ ဂရုမစိုက်တတ်ဘဲ ကိုယ်လုပ်ချင်ရာပဲ လုပ်တတ်တဲ့ ကောင်မလေးတွေကတော့ သူများထက် ထူးခြားနေလေ့ ရှိပါတယ်။ သူတို့မှာတော့ အခုလို အားသာချက်တွေလည်း ပိုင်ဆိုင်နေလေ့ ရှိပါတယ်။

ကိုယ့်အကြောင်း ကိုယ် ပို သိတယ်

Sponsored

ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းတဲ့သူ တစ်ယောက်က ပတ်ဝန်းကျင်အကြိုက် လိုက်နေရတာတွေ ရှိပြီး ကိုယ့်အကြောင်း ကိုယ်တောင် သေချာ မသိတော့တာ ဖြစ်တတ်ပါတယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့သူကတော့ ကိုယ့်အကြောင်း ကိုယ် အများကြီး သိတော့ ကိုယ့်ကိုယ်ကို ကောင်းကောင်း ထိန်းချုပ်တတ်ပါတယ်။

Photo by Andrea Piacquadio from Pexels

လုပ်စရာရှိတာကို ပိုအာရုံစိုက်နိုင်တယ်

ပတ်ဝန်းကျင်ရဲ့ ဟိုတစ်မျိုး ဒီတစ်မျိုး အသံတွေက အလုပ်တွေကို နှောင့်နှေးစေတတ်ပါတယ်။ ဘယ်သူ့ကိုမှ အာရုံမစိုက်တတ်တဲ့သူကတော့ ကိုယ့်အလုပ်ကို ပိုအာရုံစိုက်နိုင်လို့ အောင်မြင်တဲ့ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်အောင် ပြုလုပ်နိုင်ကြပါတယ်။

READ
ဒူးနဲ့တံတောင်ဆစ်တွေမည်းနေတာကို လုံးဝဖြူလာစေမယ့်သဘာဝနည်းလမ်း (၅) ခု
Photo by Ivan Samkov from Pexels

အချိန်တွေ ရှိတယ်

ပတ်ဝန်းကျင်ကို အချိန်ပေးပြီး ဂရုစိုက်နေတာထက်စာရင် ကိုယ် နေတတ်သလို နေကြတဲ့သူတွေကတော့ အချိန်တွေ ပိုရလာပါတယ်။ ဒါကြောင့် လေ့လာရေးနဲ့ ကိုယ် စိတ်ဝင်စားတာတွေကို ပိုလုပ်နိုင်ပါတယ်။ ဒါကြောင့် သူများထက် အရည်အချင်းလည်း ပိုရှိနေတတ်ပါတယ်။

Photo by Andrea Piacquadio from Pexels

စိတ်ချမ်းသာရတယ်

အမြဲတမ်း ပတ်ဝန်းကျင်ကို လိုက်သတိထားတာ မကောင်းပါဘူး။ လူတိုင်းရဲ့ အလိုကို လိုက်ဖို့ဆိုတာ ကိုယ် စိတ်ဆင်းရဲမှပဲ ဖြစ်တာပါ။ ကိုယ်လုပ်ချင်တာ လုပ်ရင်တော့ အမြဲ စိတ်ချမ်းသာရပါတယ်။

Photo by Andrea Piacquadio from Pexels

ဆွဲဆောင်မှု ရှိတယ်

ပုံမှန်နဲ့မတူဘဲ ကွဲထွက်နေတဲ့သူတွေက တခြားသူတွေရဲ့ စိတ်ဝင်စားမှုကို ခံကြရပါတယ်။ သူတို့ရဲ့ ထူးခြားမှုက တခြားသူတွေကို သိလိုစိတ် ပြင်းထန်သွားစေတတ်လို့ အခုလို ဆွဲဆောင်မှုတစ်ခု ဖြစ်လာတာပါ။

Kham

sponsored