Backpacker ခရီးသွားတွေဆီမှာ ရှိနေတဲ့ အဖိုးတန် အလေ့အကျင့်ကောင်းလေးများ

Shutterstock/Olga Danylenko
Sponsored

ခရီးသွားရတာကို လူတိုင်း နှစ်ခြိုက်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက်တော့ ခရီးသွားကြတဲ့ပုံစံတော့ မတူကြပါဘူး။ ခရီးသွားတဲ့အခါ တစ်ချို့တွေက ခရီးသွားရဖို့ကိုသာ အဓိက အာရုံစိုက်ကြတာ ဖြစ်ပါတယ်။ မကြာခဏ ခရီးတွေ သွားတဲ့သူတွေထဲမှာ backpacker တွေလည်း ပါဝင်ပါတယ်။ ကျောပိုးအိတ်တွေနဲ့ ခရီးတွေ အနှံ့ထွက်နေတာကို လူတိုင်း တွေ့ဖူးကြမှာပါ။ ခရီးထွက်ရတာကို အရမ်းကို နှစ်သက်ပါတယ်ဆိုရင်တော့ သူတို့ဆီမှာ ရှိနေတဲ့ ဒီအကျင့်တွေက ခရီးသွားတဲ့အခါ အထောက်အကူ ဖြစ်စေပါတယ်နော်။

(၁) အဆင်ပြေပြီး ဈေးသက်သာတဲ့ တည်းခိုစရာကို ရွေးတယ်

Sponsored

ခရီးထွက်တာကို အဓိက အဖြစ် တွေးတဲ့သူတွေက တည်းခိုစရာကို တခမ်းတနား ရွေးချယ်လေ့ မရှိပါဘူး။ အဆင်ပြေပြီး သန့်ရှင်းတဲ့ နေရာတွေထဲမှာမှ သူတို့က ဈေးအသက်သာဆုံးနေရာတွေကိုသာ ရွေးလေ့ ရှိပါတယ်။ နေ့ဘက်မှာ လျှောက်လည်တာမို့ ညဘက်မှာ အဆင်ပြေပြေ အနားယူနိုင်ရင် အဆင်ပြေပြီလို့ တွေးကြတာ ဖြစ်ပါတယ်။ သူတို့ကတော့ Hostel တွေမှာ အတည်းအများဆုံး ဖြစ်ပြီး hostel မရှိရင် ဈေးအသက်သာဆုံး တည်းခိုခန်းတွေမှာ တည်းလေ့ ရှိပါတယ်။

READ
ချစ်သူအပေါ် စိတ်နာသွားပြီဆိုရင် တွေ့ရတက်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာများ
rawpixel.com/Freepik

(၂) အပိုမသုံးဘူး

ခရီးထွက်တဲ့အခါ အကောင်းဆုံး ခရီးထွက်နိုင်ဖို့ အရေးကြီးပါတယ်။ သူတို့ကတော့ ခရီးထွက်တဲ့အခါ လိုအပ်တဲ့ အသုံးမှန်သမျှ သုံးနိုင်ဖို့ မလိုတဲ့ အသုံးစရိတ်တွေကို လျှော့ချကြပါတယ်။ တည်းခိုစရိတ်ကို အနည်းဆုံးနဲ့ တည်းတာ၊ အစားအသောက်ကို အလွန်အကျွံ  မစားတာ၊ အဝတ်တွေ အများကြီး ဝယ်တာမျိုးကို ခရီးမှာ လုပ်လေ့ မရှိပါဘူး။ ဒါကြောင့် ခရီးထွက်တဲ့အခါ သူတို့က နှစ်နေရာ၊ သုံးနေရာ ဆက်ခရီးထွက်တာမျိုး လုပ်နိုင်ကြပါတယ်။

beststudio/Freepik

(၃) ပစ္စည်းအထားအသို

ခရီးထွက်တာကို အိမ်ပြောင်းသလို သယ်သွားရတာက သင့်ကို ခရီးထွက်တဲ့ အရသာ အပြည့်အဝ မရစေပါဘူး။ ခရီးထွက်တဲ့အခါ Backpacker တွေက လိုအပ်တဲ့ အဝတ်အထည်တွေကို အဓိက ထည့်ပြီး ကျန်တာကို သူတို့ စိတ်တိုင်းကျ ထည့်ပါတယ်။ မင်းသား မင်းသမီးလို မဝတ်ဖြစ်မယ့် အဝတ်အပို ထည့်တာမျိုးကို သူတို့က ရှောင်ရှားကြပါတယ်။ ဒီအချက် သူတို့ကို ခရီးထွက်တဲ့အခါ ပစ္စည်းသိမ်းဆည်းရတဲ့ အလုပ် နည်းသွားပြီး လည်ပတ်ဖို့ အချိန်ပိုရစေပါတယ်။

READ
Idol တစ်ချို့ကို Ban ပေးဖို့ အသနားခံစာတင်ပြီး တောင်းဆိုနေကြ
preeda88/Freepik

(၄) မှတ်တမ်း မှတ်ရာ ထားတာ

သူတို့ကတော့ ခရီးစဉ်တစ်လျှောက်ကို အမြဲ ဓာတ်ပုံရိုက်လေ့ ရှိတဲ့သူတွေ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လူတိုင်းက ခရီးသွားရင် ဓာတ်ပုံရိုက်တယ်ဆိုပေမယ့် backpacker တွေကတော့ သူတို့ လှုပ်ရှားရတဲ့ သွားလာရတဲ့ ခရီးသွားပုံစံကို မြင်အောင် ရိုက်လေ့ ရှိပါတယ်။ တောင်တက်နေတဲ့ ပုံစံ၊ စားနေတဲ့ ပုံစံ၊ ခရီးသွားတဲ့ပုံစံ စသဖြင့် ရိုက်ကူးတာက ကိုယ့်ခရီးစဉ်ကို ကိုယ်ပြန်ခံစားနိုင်တဲ့ အကောင်းဆုံး အမှတ်တရ သိမ်းဆည်းနည်းတွေပါပဲ။

pressfoto/Freepik

(၅) ပိုက်ဆံစုတာ

ခရီးထွက်ဖို့ ပိုက်ဆံစုလိုက်၊ သုံးမိလိုက်နဲ့ တစ်ချို့တွေက လွယ်လွယ်နဲ့ ခရီးမထွက်နိုင်ဘူး ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် ခရီးစရိတ်မှာ စားစရိတ်အများကြီး ထည့်တွက်ပြီး လုံလောက်အောင် မစုနိုင်လို့ ခရီးအထွက်နည်းသူတွေလည်း ရှိနေပါတယ်။ Backpacker သမားတွေကတော့ ခရီးထွက်ဖို့ ပိုက်ဆံကို ခွဲစုတတ်ကြပြီး အမြဲ ခရီးတွေ ထွက်ဖို့ ကြံစည်နေတာပါ။ ဒါကြောင့်လည်း သူတို့တွေက ပုံမှန်သူတွေထက် ခရီးပိုထွက်နိုင်တာ ဖြစ်ပါတယ်။

Kham

 

sponsored