အစားအသောက်ကို ချစ်မြတ်နိုးတဲ့သူတွေမှာ ရှိတတ်တဲ့ ထူးခြားတဲ့ အကျင့်စရိုက်များ

shutterstock/PR Image Factory
Sponsored

ကိုယ့်ရဲ့ အသိမိတ်ဆွေတွေထဲမှာ အစားအသောက်သမားလေးတွေ ရှိတယ်ဆိုရင်တော့ သင်က တော်တော်ကြီးကို ကံကောင်းပါတယ်။ သူတို့တွေကလည်း ပုံမှန်လူတွေလိုပဲ ဘဝကို ကြိုးစားရင်း ဖြတ်သန်းနေကြတဲ့သူတွေ ဆိုပေမယ့် ထူးခြားချက်လေး ပိုင်ဆိုင်ထားကြတာပါ။ အစားအသောက်ကို ချစ်တတ်တဲ့စိတ်ကြောင့် သူတို့မှာ အစားအသောက်နဲ့ ပတ်သတ်ရင် အကျင့်ကောင်းလေးတွေ အခုလိုပဲ ရှိနေတတ်ပါတယ်။

(၁) ဘယ်ဆိုင် လက်ရာကောင်းတယ်ဆိုတာကို သိတယ်

Sponsored

အစားသရဲလေးတွေ ဖြစ်တဲ့အတွက် ဘယ်ဆိုင် ဘယ်နေရာမှာ အသစ်ဖွင့်တယ် ဘယ်ဈေးရှိတယ် ဈေးကတော့ တန်တယ် မတန်ဘူး စတာတွေကို သိကြပါတယ်။ ဒါ့အပြင် အစားအသောက် တစ်မျိုးတစ်စားတည်းကိုတောင် ဘယ်ဆိုင်ကတော့ ဘယ်လို အရသာကို အသားပေးပြီး ချက်တတ်တယ်ဆိုတာမျိုးကို သူတို့က သိကြပါတယ်။ ဆိုင်သစ်ဖွင့်လို့ သွားမစားရသေးရင်တောင် အလိုအလျောက် စုံစမ်းမှုတွေ ပြုလုပ်ပြီး သိသင့်တာတွေကို သိနေတတ်ကြပါသေးတယ်။

Photo by Adrienn from Pexels

(၂) ဘယ်လို စားရတယ်ဆိုတာကို သိတယ်

READ
ဆိုင်မှာ အမြဲ သွားမစားဘဲ ကိုယ်တိုင် အိမ်မှာ မုန့်တွေ လုပ်စားသင့်တဲ့ အကြောင်းအရင်း ၅ ချက်

အစားအသောက်တိုင်းက သူ့ကိုယ်ပိုင် စားသောက်ရတဲ့ ပုံစံတွေ ရှိပါတယ်။ (ဥပမာ- စပါကတီ၊ ခေါက်ဆွဲပြုတ်) စားသောက်တဲ့ပုံစံကို လိုက်ပြီးလည်း အစားအသောက်တွေက အရသာတွေ ပြောင်းသွားတတ်ကြောင်းကိုလည်း ကောင်းကောင်းသိတာမို့ သူတို့ကတော့ အစားအသောက်အသီးသီးရဲ့ စတိုင်ကျကျစားသောက်တဲ့ ပုံစံအပြင် အရသာရှိအောင် စားသောက်တဲ့ပုံစံတွေကိုပါ သိထားကြပါတယ်။

(၃) အစားအသောက်တွေရဲ့ ရာဇဝင်တွေလည်း သိတယ်

အစားအသောက်တွေမှာ ရာဇဝင်ဆိုတာ ရှိပါတယ်။ အစားအသောက် ဘယ်လိုလုပ် ပေါ်ပေါက်လာတယ်။ ဘာကြောင့် လူကြိုက်များသွားရတယ်စတဲ့ အစားအသောက်တွေရဲ့ သမိုင်းတွေကိုလည်း အစားချစ်သူလေးတွေက သိကြပါသေးတယ်။ ဒါ့ကြောင့် အစားကို ချစ်သလို အစားနဲ့ ပတ်သတ်တဲ့ ဗဟုသုတလေးတွေကိုပါ ချစ်တတ်ကြပါသေးတယ်။ ဒါကြောင့် သူတို့နဲ့ တူတူစားမယ်ဆိုရင်တော့ ဒီလို ဗဟုသုတ အဆန်းအပြားလေးတွေပါ သိရနိုင်ပါတယ်။

shutterstock/leungchopan

(၄) အလေအလွင့်ဖြစ်အောင် မလုပ်တတ်ဘူး

READ
ငရုတ်သီးနံ့လေးမွှေးပြီး အရမ်းစားကောင်းတဲ့ကြက်သား ပန်းဂေါ်ဖီစိမ်းကြော် ချိုစပ်ချက်နည်း

အစားအသောက်ကို ချစ်မြတ်နိုးတဲ့သူတွေပီပီ သူတို့က ဘယ်တော့မှ အစားအသောက်တွေကို အလေအလွင့်ဖြစ်အောင် မလုပ်တတ်ကြပါဘူး။ အစားကို ချစ်တာအပြင် အစားအသောက်ရဲ့ တန်ဖိုးက ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သိကြတာကြောင့် အစားအသောက် အလေအလွင့်ဖြစ်တာကို မကြိုက်သလို အလေအလွင့်မဖြစ်အောင်လည်း စားသောက်တတ်ကြပါတယ်။ အကြောင်းကြောင်းကြောင့် ပိုတယ်ဆိုရင်တောင် လမ်းဘေးခွေးလေးတွေကို ပြန်ကျွေးတာမျိုး လုပ်တတ်ကြပါတယ်။

(၅) မျှဝေတတ်တယ်

သူတို့လေးတွေက သူတို့လည်း ကောင်းကောင်း စားရတာကို ကြိုက်နှစ်သက်သလို သူများတွေကိုလည်း ကောင်းကောင်း စားရစေချင်တာပါ။ ဒါကြောင့် ဆိုင်ကောင်းကောင်းလေးတွေ အကြောင်းကို မျှဝေတတ်သလို သူ့ရဲ့ အရသာ ပိုရှိသွားစေမယ့် စားသောက်ပုံနည်းလေးတွေကိုပါ မျှဝေတတ်ပါတယ်။ ဒါ့အပြင် သူများတွေကိုလည်း အစားအသောက်ကို ချစ်ကြစေချင်တတ်ကြပါတယ်။ မရှိတဲ့သူတွေနဲ့ အစားအသောက်ရဲ့ အာဟာရက အများကြီး အကျိုးရှိစေတာမို့ လူတိုင်းကို အစားအသောက်ကို တန်ဖိုးထားစေချင်တတ်ကြပါသေးတယ်။

Kham

sponsored