သင့်အတွက် ပျော်ရွှင်စေတဲ့ နေ့ရက်တွေ ပိုင်ဆိုင်စေမယ့် အကျင့်စရိုက်ကောင်းများ

interstid/Freepik
Sponsored

ပျော်ရွှင်မှုက ကျန်းမာစေပါတယ်။ ပျော်ရွှင်နေတဲ့သူက စိတ်လည်း ချမ်းသာသလို ကိုယ်လည်း ကျန်းမာစေပါတယ်။ လောကကြီးက အမြဲတမ်း ပျော်ရွှင်နေရတာမျိုး မဟုတ်ပေမယ့် ပျော်ရွှင်ရတဲ့သူတစ်ယောက်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ အခုဖော်ပြမယ့် အကျင့်ကောင်းလေးတွေကတော့ ပျော်ပျော်နေနေတတ်သူတွေရဲ့ လက်စွဲ အကျင့်တွေလည်း ဖြစ်ပါတယ်။

(၁) အများကြီး မတွေးဘူး

Sponsored

ပျော်နေတဲ့သူတွေက အတွေးတွေ နယ်မချဲ့တတ်ကြပါဘူး။ အတွေးတွေ များတဲ့သူက ပိုပြီး စိတ်ပူမှုတွေ များနေတတ်ပါတယ်။ ဒါကြောင့် ပျော်ချင်တယ်ဆိုရင်တော့ မလိုအပ်ဘဲ အတွေးတွေ များမနေပါနဲ့။ အတွေးတွေ များလာရင် သင်ပဲ စိတ်ညစ်မိတတ်ပါတယ်။ ဒါကြောင့် လိုအပ်သလိုပဲ တွေးပါ။ နေပါ။ အတွေးတွေ မပိုပါနဲ့နော်။

Freepik.com

(၂) ပျော်စရာ ရှိတာ ပျော်မယ်

စိတ်ညစ်စရာတွေ ရှိလည်း အရေးမကြီးရင် ပျော်စရာ အချိန် ဖြစ်နေရင် ပျော်လိုက်သင့်ပါတယ်နော်။ ပျော်ရွှင်ဖို့အတွက် အချိန်တွေ မဆွဲပါနဲ့။ သင်လည်း ပျော်ရွှင်ဖို့ ထိုက်တန်သလို ကျန်းမာရေးအရလည်း ပျော်ရွှင်တဲ့အချိန်တွေ ရှိပေးဖို့ လိုအပ်တာမို့ ပျော်တဲ့အချိန်တိုင်းမှာ ပျော်လိုက်ပါ။

READ
ပြန်တွေးတိုင်းကြည်နူးရမယ့် အသက်အလိုက်မတူညီတဲ့ပျော်ရွှင်မှုပုံစံ အမျိုးမျိုးအကြောင်း
Photo by Dalila Dalprat from Pexels

(၃) စိတ်ဖိစီးမှုကို ဖြေလျော့မယ်

ပျော်ဖို့ဆိုရင် စိတ်ဖိစီးမှုတွေ မရှိဖို့ လိုအပ်ပါတယ်။ ပျော်ရွှင်စွာ နေတတ်သူတွေက စိတ်ဖိစီးမှု ရှိကြပေမယ့် သူတို့ရဲ့ လျှို့ဝှက်ချက်တစ်ခုက စိတ်ဖိစီးမှုတွေ ဖြစ်လာရင် နည်းတစ်ခုခုနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချတာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို ဖြေလျော့ပေးမယ်ဆိုရင်တော့ သင်လည်း ပျော်ရွှင်မှုတွေ ရလာမှာပါနော်။

Photo by Karolina Grabowska from Pexels

(၄) ကိုယ့်အတွက် အချိန်ပေးတယ်

လူတွေက တစ်နေ့မှ အချိန် ၂၄ နာရီပဲ ရတာပါ။ အိပ်ချိန်နဲ့ အလုပ်ချိန် ၈ နာရီပေါင်းရင် သင့်မှာ ၈ နာရီလောက်ပဲ တစ်နေ့မှာ ကျန်တာပါ။ လူဆိုတာ စက်ရုပ်မဟုတ်လို့ အကြောင်းကိစ္စပေါင်းစုံနဲ့ မအားမလပ်အောင် မနေသင့်ပါဘူးနော်။ ကိုယ့်အတွက် အချိန်ပေးပြီး ပျော်တာ၊ အနားယူတာ လုပ်ပေးမှသာ ကျန်းမာ ပျော်ရွှင်တဲ့ဘဝကို ရမှာ ဖြစ်ပါတယ်။

READ
စုံတွဲတွေ အပြန်အလှန်သည်းခံကြရတဲ့ အမူအကျင့်တွေကို ရေးဆွဲထားတဲ့ချစ်စရာပုံလေးများ
Photo by Ekaterina Bolovtsova from Pexels

(၅) ဟာသကားတွေ ကြည့်ပါ

အပျော်တွေ ရဖို့ ကိုယ်တိုင် ဖန်တီးယူလို့ ရတဲ့ အခြေအနေ တစ်ခုကတော့ ဟာသကားတွေ ကြည့်တာပါပဲ။ ဟာသကားတွေက တကယ်ပဲ လူတွေကို ပျော်ရွှင်စေတာမို့ သင့်အတွက် ကောင်းတဲ့အချက်တစ်ခုပါပဲ။ ဒါကြောင့် ဟာသတွေ ကြည့်ပေးဖို့လည်း မမေ့ပါနဲ့နော်။

Kham

sponsored