အချစ်ဦးကို ဘယ်လို ချဉ်းကပ်ခဲ့လဲဆိုတာကို ရှက်ရှက်နဲ့ ပြောပြခဲ့တဲ့ GOT7’s Jinyoung

IG/peachbaby_jinyoung
Sponsored

GOT7 ကတော့ မကြာသေးခင်မှာ 1theK Original’s Prison Interview ဆိုတဲ့ အစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်ထားခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ မေးခွန်းတွေကို ဖြေပြီး စိန်ခေါ်မှုတွေကို အောင်မြင်အောင် ပြုလုပ်ရတာမျိုး ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာပဲ Jinyoung က သူ့အချစ်ဦးအကြောင်းကို ထုတ်ပြောလိုက်ရတဲ့ အချိန်ခဏ ရှိသွားခဲ့တယ်လို့ koreaboo ကနေ ရေးသားထားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by GOT7 (@got7.with.igot7)

Sponsored

အစီအစဉ်မှာ သူတို့ စိန်ခေါ်မှု တစ်ခုအတွက် ဖြေရတဲ့ မေးခွန်းက အချစ်ဦးနဲ့ ပတ်သတ်တဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေနိုင်မှ စိန်ခေါ်မှုကို အောင်မြင်သွားမှာ ဖြစ်ပါတယ်။ မေးခွန်းကတော့ ကျောင်းသားဘဝမှာ ချစ်မိတဲ့သူတိုင်း ပြောဖူးတဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။

READ
အရမ်းခိုင်မြဲပြီး ဘယ်တော့မှ ပြိုလဲပျက်စီးမသွားမယ့် အချစ်ရေးဆိုတာ ဒါမျိုးကို ပြောတာပါ

 

ဒီအဖြေကို ဖြေဖို့ Jinyoung က ကင်မရာကို ကြည့်ပြီး လို့ ဖြေခဲ့ပေမယ့် အဖြေက မှားတယ်လို့ တုန့်ပြန်ခံလိုက်ရပါတယ်။

ဒါကြောင့် Jackson က jinyoung ရဲ့ အချစ်ဦးအကြောင်းကို မေးပြီး အချစ်ဦးကို ဘာပြောခဲ့လဲလို့ မေးခဲ့ပါတယ်။ ဒါကြောင့် jinyoung က သူ့ရဲ့ အချစ်ဦးနဲ့ ပတ်သတ်တဲ့ အမှတ်တရကို မဖြစ်မနေ ထုတ်ပြောခဲ့ရပါတော့တယ်။

 

Jinyoung ကတော့ သူ့ရဲ့အချစ်ဦးကို သကြားလုံးပေးဖို့ ကြိုးစားခဲ့ပြီး အဲ့ဒီတုန်းက အရမ်းကို ရှက်နေခဲ့တယ်လို့ ဖြေပါတယ်။ ရှက်ရှက်နဲ့ အချစ်ဦးဆီကို သွားပြီး ငါ့မှာ သကြားလုံးတွေ ရှိတယ်ဆိုပြီး သကြားလုံးတွေ ပေးခဲ့ပြီးပြီးချင်း အဝေးကို ထွက်ပြေးခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။

READ
အသက်(၃၀)ကျော်မမတွေလုံးဝဂရုမစိုက်သင့်တော့တဲ့အရာ(၇)မျိုး

Jinyoung ရဲ့ ဝန်ခံချက်က သူတို့ရဲ့ စိန်ခေါ်ခံထားရတဲ့ Mission ကို အောင်မြင်သွားစေခဲ့ပါတယ်။

Jackson ကတော့ Jinyoung ရဲ့ အဖြေကို သေချာနားမလည်လို့ နောက်တစ်ကြိမ် ထပ်မေးခဲ့တဲ့အခါ သကြားလုံးသွားပေးပြီး ထွက်ပြေးခဲ့တာ၊ ရှက်လို့ ဆိုပြီး ပြောပြခဲ့ရပါတယ်။

တကယ့်ကို ချစ်ဖို့ကောင်းတဲ့ အမှတ်တရပါပဲ။

Kham

sponsored