ကျောင်းတက်တုန်းက အနိုင်ကျင့်တာမျိုး ရှိတယ်လို့ ပြစ်တင်ခံခဲ့ရတဲ့ GOT7’s Youngjae

IG/333cyj333
Sponsored

အောက်တိုဘာလ ၂၀ ရက်နေ့တည်းက GOT7’s Youngjae က ကျောင်းတွင်းအနိုင်ကျင့်မှု ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ပြောဆိုခံရမှုတွေ ရှိနေခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ဒီသတင်းက ပြန့်နှံ့နေခဲ့တာ ဖြစ်ပြီး သို့လော သို့လော ပြောဆိုမှုတွေပါ ရှိနေခဲ့ပါတယ်။

Sponsored

မကြာသေးခင်ကပဲ အင်တာနက် သုံးစွဲသူ တစ်ယောက်က Youngjae နဲ့ သူနဲ့ က အထက်တန်း ကျောင်းနေဘက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ Mokpo Technical High School မှာ အတူတက်ခဲ့တာ ဖြစ်ပြီး  Youngjae က အတန်းဖော်တွေအပေါ် အနိုင်ကျင့်မှုတွေ ရှိတယ်ဆိုပြီး ထုတ်ဖော်ရေးသားခဲ့ပါတယ်။ တခြားသူတွေဆီကို အနိုင်ကျင့်ပြီး ပစ္စည်းလုတာတွေနဲ့ အကြောင်းမရှိ ရိုက်နှက်တာမျိုးတွေ လုပ်တတ်ကြောင်းကို ရေးသားထားခဲ့ပါတယ်။

 

ဒီကိစ္စရပ်အတွက် ပြောဆိုမှုတွေ ရှိလာလို့ Youngjae ရဲ့ အေဂျင်စီ ဖြစ်တဲ့ JYP Entertainment ကနေ အကြောင်းအရင်း သေချာစုံစမ်းပြီး သတင်းထုတ်ပြန်ပါ့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

READ
ကိုယ့်ဘဝကို ကျေနပ်ပျော်ရွှင်ဖို့အတွက် တခြားသူတွေနဲ့မနှိုင်းယှဉ်သင့်တဲ့အချက်(၈)ချက်

 

အဲ့ဒီနောက်မှာတော့ အေဂျင်စီကနေ ဒါက သတင်းမှား တစ်ခု ဖြစ်ပါတယ်လို့ အတည်ပြုခဲ့ပါတယ်။ Youngjae နဲ့ ဆွေးနွေးခဲ့ပြီးတဲ့နောက် အဖြစ်မှန်ကို သိခဲ့ရပြီး ဒီလိုကိစ္စ ထွက်ပေါ်လာတာက လုံးဝ အမှန် မဟုတ်ဘဲ ဖြစ်ရပ်မှန်က လူငယ်သဘာဝ စကားများရန်ဖြစ်တာမျိုး ရှိခဲ့တာ ဖြစ်ပါတယ်။ အနိုင်ကျင့်တယ်ဆိုတဲ့ အကြောင်းအရာ မဟုတ်ပါဘူးလို့ ဆိုပြီး လုပ်စရာ ရှိတာတွေ ဆက်လုပ်သွားမယ်လို့ အေဂျင်စီက ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်လို့ soompi နဲ့ allkpop ကနေ ရေးသားထားခဲ့ကြပါတယ်။

READ
လူတိုင်းကို ကိုယ့်အကြောင်းတွေ လွယ်လွယ် ရင်မဖွင့်သင့်ကြောင်း ဖော်ပြနေတဲ့ အချက်(၅)ချက်

Kham

sponsored