အလိုလိုနေရင်း လူတွေကိုယ့်ကိုယ် သတိထားမိလာအောင် ပြုလုပ်နိုင်မယ့် အချက်(၅)ချက်

shutterstock/ MaxFrost
Sponsored

ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဆိုတာ တွေ့စမှာတင် သတိမထားပဲ မနေနိုင်လောက်အောင် သူ့ရဲ့ပုံစံတွေက ဆွဲဆောင်မှုရှိနေတတ်တာပါ။ ဒီလို ဆွဲဆောင်မှုမြင့်မားတဲ့ သူတစ်ယောက်ဖြစ်လာဖို့၊ တွေ့တွေ့ချင်းမှာ ကိုယ့်ကိုယ် လူတွေသတိထားမိလာစေတာကတော့ ဒီအချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဝတ်စားဆင်ယင်ပုံ

shutterstock/indira’s work

လူတစ်ယောက်ကို ပထမဆုံး တန်ဖိုးသတ်မှတ်တတ်တာက သူ့ရဲ့ ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ ဒါပေမယ့်လို့ လူတွေရဲ့ အထင်ကြီးမှုနဲ့ ကိုယ့်ကိုယ်သတိထားမိလာစေဖို့ နာမည်ကြီးတံဆိပ်တွေ ဝတ်ရမယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ သန့်ရှင်းသတ်ရပ်ပြီး ဖက်ရှင်ကျကျ ဝတ်ဆင်ယုံနဲ့ လူတစ်ယောက်က ကိုယ့်ကိုယ်သတိထားမိနိုင်ပါတယ်နော်။

စကားပြောဆိုပုံ

Sponsored

နောက်တစ်ချက်ကတော့ လူတစ်ယောက်ရဲ့ ပြောဆိုပုံ ဟန်ပန်အမူအရာတွေပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူကိုလိုက်ပြီး အဲဒီ့လူကို သတိထားမိစေတာပါပဲ။ ဒါကြောင့် စတွေ့ချင်းမှာပဲ ကိုယ့်ကိုယ် သတိထားမိစေချင်ရင်တော့ အပြောအဆို ညက်ညောပြေပြစ်ပြီး ယုံကြည်မှုရှိနေဖို့ လိုပါတယ်။ ဒါက သင့်ကို တစ်ဘက်လူက သတိထားကိုထားကြည့်မိမယ့် အချက်ပဲ ဖြစ်ပါတယ်။

READ
"မမ" တွေကို ချစ်မိရင် ဒီလိုကောင်းကွက်လေးတွေ ကြုံရမှာပါ..

အပြုံး

shutterstock/zEdward_Indy

လူတစ်ယောက်မှာ အပြုံးက ခင်မင်ရင်းနှီးမှုနဲ့ နှစ်လိုဖွယ်ကောင်းမှုကို ဖော်ပြနေတာပါ။ လူတစ်ယောက် စတွေ့စမှာပဲ ကိုယ့်ကိုယ် သတိထားမိလာစေဖို့ ပထမဆုံး အပြုံးနဲ့ စတင်သင့်ပါတယ်။ အရေးကြီးတဲ့ တစ်စုံတစ်ယောက်နဲ့ ချိန်းဆိုထားတဲ့အခါပဲဖြစ်ဖြစ်၊ ကိုယ်သဘောကျတဲ့ သူဆီက စိတ်ဝင်စားမှုကို ရယူချင်တဲ့အခါပဲဖြစ်ဖြစ် အပြုံးနဲ့ ဆွဲဆောင်နိုင်ပါတယ်။ အပြုံးက သင့်ကိုပိုတောက်ပပြီး ဆွဲဆောင်မှုရှိသူတစ်ယောက် ဖြစ်လာစေမှာပါ။

ကိုယ့်ကိုယ်ကို ယုံကြည်တတ်မှု

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ လူပုံအလယ်မှာတောင် ထင်ပေါ်နေတတ်ပါတယ်။ လူတစ်ယောက် ကိုယ့်ကိုယ်သတိထားမိဖို့ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ကလည်း တကယ့်ကို အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတဲ့ သူတစ်ယောက်ရဲ့ လှုပ်ရှားမှုတိုင်းက တစ်ဘက်လူကို မျက်နှာလွှဲမရအောင် ညို့ယူထားနိုင်ပါတယ်။

ကိုယ်သင်းရနံ့

shutterstock/HBRH

နောက်ဆုံး အရေးပါတဲ့ အချက်တစ်ချက်က ကိုယ်သင်းရနံ့ပါ။ ဘယ်လောက်ပဲ ပြင်ဆင်ခြယ်သထားပါစေအုံး ကိုယ့်ဆီကရတဲ့ ကိုယ်သင်းရနံ့က ဆိုးဝါးနေခဲ့မယ်ဆိုရင် အားလုံးနှာခေါင်းရှုံ့မိကြမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်သလို ကိုယ်သင်းရနံ့ကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားပြီး တစ်ဘက်လူကို အနှောက်အယှက်မဖြစ်စေမယ့် ရေမွှေးမျိုးကို သုံးပေးသင့်ပါတယ်။

READ
ကိုယ်ဝန်ဆောင်စဉ် ဒူးရင်းသီးစားပါက ဘာတွေဖြစ်လာမလဲဆိုတာကို ပညာရှင်များထုတ်ပြန်

Khin

 

 

 

sponsored