သီချင်းနားထောင်ရင်း Eng Skill တက်အောင် ဘယ်လိုလုပ်မလဲ..?

Sponsored

Eng Skill တက်ချင်ရင် English ဇာ တ်ကားတွေ ကြည့်ပါ။သီချင်းတွေ နားေ ထာင်ပါဆိုတဲ့ အကြံပြုစကားတွေ ကို ခဏခဏကြားဖူးကြမှာပါ။စာအုပ်တွေ ဖ တ်ပြီး စာရေးစားပွဲ မှာ လေ့လာ နေရာတာမျိုးထက်စာရင် ဒီလိုမျိုးပေါ့ပေါ့ပါး ပါးေ လး လေ့လာတာမျိုး ကိုယ်စိတ် ၀င်စားတဲ့ အကြောင်းအရာနဲ့ ယှဉ်လေ့လာ တာ မျိုးက ပိုထိရောက်ပါတယ်။ဒီနေရာ မှာတော့ သီချင်းတွေကနေ လေ့လာတဲ့ အြေ ကာင်းကို ပြောချင်ပါတယ်။ သီချင်းေ တွကနေ Eng ကို လေ့လာတဲ့ အခါမှာ Listening Skill နဲ့ Speaking. Skill  ကိုတော့ သိသိသာသာတိုးတက်ေ စမှာပါ။ဘာသာစကားဆိုတာမျိုးက တခြား ပညာရပ်တွေကို လေ့လာ တာမျိုး နဲ့ မတူပါဘူး။စာကြည့်စားပွဲရှေ့မှာ အချိန်ပြည့် ထိုင်ပြီး ကျက်မှတ် နေမှ တတ်မြော က် မယ့်အရာမျိုးတော့ မဟုတ်ပါဘူး။(ဆရာဖြစ်၊ကျွမ်းကျင်အဆင့် ဖြစ်ဖို့ လေ့ လာတယ်ဆိုတာမျိုးကတော့ ချွင်းချက်ပါ)

Sponsored

(၁)မှန်ကန်တဲ့ သီချင်းအမျိုးအစားကို ရွေးပါ။

တခြားသူတွေက ဘယ်လိုသီချင်းမျိုးကို နားထောင်သင့်တယ်ဆိုပြီး အကြံတွေ ပေးပါလိမ့်မယ်။ဒါပေမယ့် ဒီနေရာမှာတော့ ကိုယ်ကြိုက်တဲ့ သီချင်းပုံစံ သီချင်း အမျိုးအစားကိုပဲ ရွေးပြီးနားထောင်ပါ။ဒါပေမယ့် သီချင်းက အရမ်းမြန်တာမျိုး၊ hip-hop သီချင်းမျိုးကိုတော့ ရှောင်ပါ။ကိုယ်က pop ကြိုက်ရင် pop သီချင်း တွေကို ရွေးချယ်နားထောင်ပါ။

READ
အသက် ၂၀ ပိုင်းအရွယ်မှာတင် အောင်မြင်တဲ့အမျိုးသမီးလေးတစ်ယောက်ဖြစ်ဖို့..

(၂)သီချင်းကို အရင်နားထောင်ပါ

သီချင်းကို ဒီအတိုင်းစာသားကို မကြည့်ပဲ အရင်နားထောင်ကြည့်ပါ။သေချာ တာ ကတော့ ဆိုသမျှ စာသားအားလုံးကို သင်နားလည်နိုင်မှာ မဟုတ်ပါဘူး။ဒါပေ မယ့် (၅)ခေါက်လောက် ကြိုးစားနားထောင်ကြည့်ပါ။ပြီးမှ သီချင်းစာသားကို ရှာပြီး လေ့လာပါ။

(၃)စာသားကို လေ့လာပါ

ငါးခေါက်လောက် သီချင်းကို နားထောင်ပြီးရင် စာသားကို ရှာပြီး လေ့လာကြ ည့်ပါ။အဲ့ဒီအခါမှာ မသိတဲ့စာသားတွေရှိရင် E to E Dictionary ကို ကြည့် ပြီး အဓိပ္ပါယ်သိအောင် ကြိုးစားလေ့လာပါ။သီချင်းဖြစ်တာကြောင့် တစ်ချို့ စာသား အသုံးလေးတွေက အရမ်းလှပါတယ်။Note နဲ့ရေးပြီး မသိတဲ့ အဓိပ္ပါယ်၊စာလုံး အတွဲလေးတွေကို မှတ်ပါ။စကားလုံး အသစ်တွေလည်း တိုးလာပါလိမ့်မယ်။

(၄)လိုက်ဆိုပါ

စာသားကို ကြည့်ပြီး သီချင်းကို လိုက်ဆိုပါ။ဘာသာစကားဆိုတာမျိုးက နှုတ် ကနေ ထွက်မှ ပြောတတ်လာမှာပါ။ဒါကြောင့် ပါးစပ်ကို အကျင့်ရအောင် Eng စကားနဲ့ရင်းနှီးအောင် လို့ လိုက်ဆိုခိုင်းတာပါ။မူရင်းအဆိုတော်ရဲ့ အသံထွက် ကို တုပပြီး သူ့လိုမျိုး အသံထွက် လိုက်ဆိုကြည့်ပါ။

READ
ဖြေသမျှ အလုပ်အင်တာဗျူးတိုင်း အဆင်မပြေဖြစ်နေရင် ဒီအချက်တွေကို လုပ်ကြည့်ပါ

(၅)သီချင်းကို အလွတ်ရလုနီးပါး ကျေညက်အောင် လေ့လာပါ

သီချင်းတစ်ပုဒ်ကို အလွတ်ရတဲ့ အထိလေ့လာ ဖို့ လို လို့ လားဆိုရင်တော့ တက ယ်တော့ မလို ပါဘူး။ဒါပေမယ့် ကိုယ်က ခုမှစလေ့လာမှာမျိုးဆိုရင် တော့ အလွ တ် ရလုနီးပါး လေ့လာတာအကောင်းဆုံးပါ။အလွတ်ရလုနီးပါး အဓိပ္ပါယ်ရော စာသားကို ပါ ကျေညက်အောင် လေ့လာရင်တော့ သီချင်းထဲက စကားလုံးသ စ်တွေနဲ့ အသံထွက် တွေက သင်နဲ့ ပိုပြီး အကျွမ်းတ၀င်ရှိစေမှာမို့ အလွတ်ရ လုနီးပါး လေ့လာသင့်တယ်လို့ အကြံပြုတာပါ။

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

sponsored