သင့်အူလမ်းကြောင်းကျန်းမာရေးကို ချက်ချင်းဂရုစိုက်သင့်နေပြီဆိုတာ ပြနေတဲ့ အချက်များ

Freepik- jcomp
Sponsored

ကျန်းမာရေးပြဿနာတွေထဲ အမြဲမပြတ်ဂရုတစိုက်နဲ့စောင့်ကြည့်နေရမယ့်အထဲ အူလမ်းကြောင်းကျန်းမာရေးလည်း အပါအဝင်ပါပဲ။ သင့်ခန္ဓာကိုယ်က အာဟာရအဖြစ်နေ့တိုင်းစားသောက်နေတဲ့ အစားအသောက်တွေရဲ့ ဝင်ရာလမ်းကြောင်း ထွက်ရာလမ်းကြောင်းဟာ ဒီအူလမ်းကြောင်းကနေပဲ လုပ်ဆောင်နေတာမလို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လည်ပတ်နေတဲ့အရာဆိုရင်လည်းမမှားပါဘူး။

ဒီတော့ သင့်ရဲ့အူလမ်းကြောင်းကျန်းမာရေးဟာ အခြေအနေကောင်းနေလား၊ မကောင်းနေဘူးလားဆိုတာကို ဘယ်လိုအခြေအနေမျိုးတွေနဲ့ ဆုံးဖြတ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

Freepik- kjpargeter
Sponsored

ဗိုက်ပူလိုက်ဖောင်းလိုက်ဖြစ်လာခြင်း

အစားလည်းမလျှော့ လေ့ကျင့်ခန်းလည်းမလုပ်ဘဲနဲ့ သင့်ရဲ့ဝမ်းဗိုက်ဟာ အမြဲတမ်း ပူလိုက်၊ ဖောင်းလိုက်ဖြစ်နေမယ်ဆိုရင်တော့ သင့်ရဲ့အူလမ်းကြောင်းလုပ်ဆောင်မှုဟာ ပုံမှန်တော့မဟုတ်တော့ပါဘူး။

ဆံပင်တွေကျွတ်လာမယ်

လူတွေဟာ တစ်နေ့တစ်နေ့ ဇီဝရုပ်ဖြစ်ပျက်မှုကြောင့် ဆံပင်ကျွတ်တာဟာ ပုံမှန်ဖြစ်စေမယ့်လို့ သင်ကတော့ ဆံစပ်နားက ဆံပင်တွေဟာ သိသိသာသာနဲ့လျှင်လျှင်မြန်မြန်ကျွတ်နေခဲ့မယ်ဆိုရင် သတိထားလိုက်ပါတော့။ ဘာကြောင့်လဲဆိုရင် အူလမ်းကြောင်းကနေပြီးတော့ ဗီတာမင် B7 နဲ့ biotin ဓာတ်တွေကို ပုံမှန်ထုတ်ပေးနေကျမလို့ပါပဲ။ ဒီဓာတ်တွေဟာ ဆံပင်အုံထူခြင်းတို့ အသားအရေကို ကာကွယ်ပေးခြင်းတို့ကိုဖြစ်စေတဲ့အတွက်ကြောင့်ပါပဲ။

READ
Taylor Swift ကို စင်နဲ့အနီးဆုံး နေရာကနေ သွားရောက် အားပေးခဲ့တဲ့ ဥက္ကာမင်းမောင်
Freepik- spukkato

ပုံမှန်မဟုတ်တဲ့အစားအသောက်တွေကိုတောင့်တခြင်း

ပုံမှန်ချိန်တွေမှာ သိပ်ပြီးမကြိုက်လို့ စားလေ့စားထမရှိတဲ့အစားအသောက်တွေကို စားချင်နေမယ် ဒါမဟုတ် အချိုတွေ အရမ်းတော့တနေမယ်ဆိုရင်လည်း သင့်ရဲ့ အူလမ်းကြောင်းကျန်မာရေးမှာ တစ်ခုခုဖြစ်နေပြီဆိုတာ သိထားပါ။

ကောင်းကောင်းအိပ်စက်လို့မရခြင်း

အိပ်ပျော်ဖို့အတွက် happy hormone လို့ခေါ်တဲ့ serotonin ဟော်မုန်းလိုအပ်ပါတယ်။ ဒီဟော်မုန်းဟာ အူလမ်းကြောင်းကနေလည်း ထုတတ်ပေးနိုင်တဲ့အတွက်ကြောင့် အူလမ်းကြောင်းကျန်းမာရေးမကောင်းဘဲနဲ့ လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်လာတဲ့အခါမျိုးမှာဆိုရင်တော့ ကောင်းမွန်စွာအိပ်စက်နိုင်မှုကိုလည်း ထိခိုက်လာစေမှာပါ။

Freepik- tirachardz

အရေပြားပြဿနာတွေ

ဝမ်းဗိုက်ထဲက အက်ဆစ်အင်ဇိုင်းတွေဟာ အစားတစ်ခုစားလိုက်တာနဲ့ အဲဒီအစားကြောင့် ခန္ဓာကိုယ်မှာ ဆိုးကျိုးသက်ရောက်မှုတွေကို မဖြစ်စေဖို့ ချေဖျက်ပေးလေ့ရှိပါတယ်။ ဥပမာ ဓာတ်မတည့်မှုတွေမဖစ်အောင်ပေါ့။ ဒါပေမဲ့ အူလမ်းကြောင်းကျန်းမာရေးမကောင်းတော့တဲ့အချိန်မျိုးမှာတော့ ပုံမှန်တည့်နေတဲ့အစားအသောက်တွေတောင်မှပဲ ဓာတ်မတည့်တာတွေဖြစ်လာနိုင်ပါတယ်။

penny

sponsored