ယောကျာ်းလေးတွေ စိတ်ပျက်သွားတတ်ကြတဲ့ ချစ်သူကောင်မလေး ပုံစံများ

shutterstock/  wavebreakmedia   
Sponsored

ကိုယ့်ရဲ့ချစ်သူက ကိုယ့်အတွက် အဆင်မပြေတဲ့ သူတစ်ယောက်လို့ တွေးမိဖူးလား။ ယောကျာ်းလေးအများစုကတော့ ဒီလိုအချက်တွေ ပိုင်ဆိုင်ထားတဲ့ ချစ်သူကောင်မလေးမျိုးကို အရမ်း စိတ်ပျက်တတ်ကြပါတယ်တဲ့နော်။ ဒါကြောင့်ပဲ ယောကျာ်းလေးတွေက ဒီလိုချစ်သူကောင်မလေးတွေကို သူတို့ရဲ့ လက်တွဲဖော်အဖြစ် မရွေးချယ်ချင်ကြပါဘူး။

အရမ်းမျှော်လင့်တတ်တဲ့ သူ

shutterstock/Space_Cat

ကိုယ့်ချစ်သူဆီက အရမ်းကို မျှော်လင့်တတ်တဲ့ ချစ်သူကောင်မလေးပုံစံမျိုးကို ယောကျာ်းလေးတွေက သဘောမကျတတ်ကြပါဘူး။ ဥပမာ – ကောင်မလေးတွေက သူတို့အတွက် အစစအရာရာ ပြည့်စုံတဲ့ ချစ်သူမျိုး ဖြစ်စေချင်နေတာ၊ အလိုက်သိလွန်းတဲ့သူ၊ သူတို့ဘာဖြစ်ချင်တယ်ဆိုတာကို မပြောပဲ သိနိုင်တဲ့ သူမျိုး၊ အကောင်းဆုံးဆိုတာတွေပဲ လိုချင်တာ စသဖြင့် အရမ်းကို မျှော်လင့်တတ်တဲ့ ချစ်သူမိန်းကလေးမျိုးက ကောင်လေးတွေအတွက် ဖိအားဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဒီလိုပုံစံချစ်သူမျိုးကို မရွေးချယ်ချင်တတ်ကြတာ ဖြစ်ပါတယ်။

READ
Bit Hit Entertainment ကဖော်ပြခဲ့တဲ့ အနုပညာမိသားစုဓာတ်ပုံလေးများ

သူတို့ကို အထောက်အပံ့မပေးနိုင်တဲ့ သူ

shutterstock/Josep Suria
Sponsored

ယောကျာ်းလေးတွေက သူတို့အပေါ် ထောက်ပံ့ပေးနိုင်တဲ့ ချစ်သူမျိုးကို အရမ်းကို လိုချင်တတ်ကြပါတယ်။ သူတို့ပျော်နေတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ ဝမ်းနည်းနေတဲ့အချိန်ပဲ ဖြစ်ဖြစ် သူတို့နဲ့ ထပ်တူခံစားပေးတတ်တဲ့ ချစ်သူမျိုးကို မက်မောတတ်ကြပြီး သူတို့အတွက် လိုအပ်တဲ့ အကြံအဥာဏ်ကောင်းတွေနဲ့ ထောက်ပံ့ပေးတတ်တဲ့ ချစ်သူမျိုးကို အရမ်းလိုချင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒါနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ သူတို့အကြောင်းတွေကို သိပ်စိတ်မဝင်စားပဲ အထောက်အပံ့ပေးဖို့ စိတ်မဝင်စားတဲ့ ချစ်သူကောင်မလေးမျိုးကိုတော့ စိတ်ပျက်တတ်ကြပါတယ်။

အမေနဲ့တူတဲ့ ချစ်သူမျိုး

ယောကျာ်းလေးတွေက ချစ်သူထားတယ်ဆိုတာ ချစ်သူနဲ့တူတဲ့ ကောင်မလေးမျိုးကိုပဲ လိုချင်ကြပြီး အမေနဲ့တူတဲ့ ချစ်သူမျိုးကို လိုချင်တတ်ကြတာ မဟုတ်ပါဘူးနော်။ ဒီတော့ တစ်ချိန်လုံး သူတို့ကို တပျစ်တောက်တောက်ပြောတတ်တဲ့ ချစ်သူမျိုး၊ နေရာတကာမှာ လိုက်ပြောနေတတ်တဲ့ အမေနဲ့တူတဲ့ ချစ်သူမိန်းကလေးမျိုးတွေကို သဘောမကျတတ်ကြပါဘူး။

READ
တောင်ကိုးရီးယား ထိပ်ဆုံးမင်းသား (၁၅) ယောက်ရဲ့ အရပ်အမြင့်နှင့် ကိုယ်အလေးချိန်များ

သူတို့ကို ပြောင်းလဲဖို့ကြိုးစားတဲ့ သူ

shutterstock/ Vladimir Sukhachev

ယောကျာ်းလေးတွေက သူတို့ကို ပြောင်းလဲဖို့ကြိုးစားတဲ့ ချစ်သူကောင်မလေးမျိုးကို လုံးဝသဘောမကျတတ်ကြပဲ သူတို့ရဲ့ ပုံစံအမှန်ကို ချစ်ပေးတဲ့သူမျိုးကိုမှ လိုချင်တတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အရမ်းကို ချစ်တဲ့ချစ်သူကောင်မလေးအကြိုက်ကိုတော့ ဘာမှပြောစရာတောင် မလိုပဲ ပြောင်းလဲပေးတတ်ကြပါတယ်။ ဒါကြောင့် သူတို့ကို အတင်းပြောင်းလဲဖို့ ကြိုးစားတဲ့ ချစ်သူကောင်မလေးမျိုးကို မကြိုက်တတ်ကြပါဘူးနော်။

အချိန်မပေးနိုင်တဲ့ သူ

shutterstock/ Bogdan Sonjachnyj

ချစ်သူတွေဆိုတာ နှစ်ယောက်အတူတူရှိမယ့် အချိန်လေးတွေလည်း လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ချိန်လုံး ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ အချိန်မပေးနိုင်တဲ့ ချစ်သူမျိုးကိုတော့ သူတို့မချစ်ချင်ကြပါဘူး။ တစ်ခါတစ်လေ အလုပ်များတာမျိုးကို နားလည်ပေးနိုင်ပေမယ့် အမြဲတမ်း အလုပ်ရှုပ်နေတတ်တဲ့ ချစ်သူမျိုးကိုတော့ စိတ်ပျက်သွားတတ်ကြပါတယ်။

Khin

sponsored