Kpop artist တစ်ယောက်ဖြစ်တဲ့ Ha Sung Woon ဟာ သူ့အဖိုးရဲ့ ယာထဲကနေထွက်တဲ့ ကန်စွန်းဥနဲ့ ဆန်တွေကို သူငယ်ချင်းတွေထံ လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ November 27 ရက်နေ့က Ha Sung Woon ဟာ သူ့ရဲ့ twitter ပေါ်မှာ ဓာတ်ပုံတစ်ချို့ကို ဝေမျှပေးလာခဲ့ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။
하늘이들도 고구마랑 쌀 좋아하나?!ㅎㅎ pic.twitter.com/aXBKYfZlyS
— 하성운 (@gooreumseng) November 27, 2020
ပထမဆုံး ဓာတ်ပုံလေးကတော့ သူကိုယ်တိုင်ရိုက်ထားတဲ့ selfie ဓာတ်ပုံလေးဖြစ်ပြီး ခုလိုမျိုး စာလေးကိုလည်း ရေးသားထားပါသေးတယ် “HANEUL, ကန်စွန်းဥနဲ့ ဆန်တွေကို ကြိုက်ကြရဲ့လား” ဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ HABEUL ဆိုတာကတော့ သူ့ရဲ့ ပရိတ်သတ်တွေကို ရည်ညွှန်းတဲ့ နာမည်လေးပဲ ဖြစ်ပါတယ်နော်။ နောက်ထပ် ဓာတ်ပုံတွေမှာလည်း “ကန်စွန်းဥနဲ့ ဆန်လိုချင်တဲ့ သူတွေ ကျွန်တော့်ဆီကို လာခဲ့ပါ” ဆိုပြီး ရေးထားပါသေးတယ်။
고구마 먹고 싶은 짜람~
여기 여기 붙어랏
케켘케케ㅔㅋ pic.twitter.com/GQEeiNoO8X— 하성운 (@gooreumseng) November 28, 2020
အဲဒီ့နောက်မှာတော့ Dymanicduo Gaeko က Ha Sung Woon နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို အွန်လိုင်းပေါ်မှာ တင်ထားခဲ့ပြီး ခုလိုရေးသားထားပါတယ် “Sung Woon ရဲ့ လက်ဆောင် ကန်စွန်းဥ ကျေးဇူးအများကြီး တင်ပါတယ်” ဆိုပြီး ရေးသားထားခဲ့တာပါ။ ဒါက Ha Sung Woon ဟာ ကန်စွန်းဥနဲ့ ဆန်တွေကို သူ့ရဲ့ သူငယ်ချင်းအိမ်တွေကို လိုက်ဝေပေးခဲ့တဲ့ ပုံပါပဲနော်။
View this post on Instagram
Ha Sung Woon ရဲ့ အဖိုးဖြစ်သူဟာ ကျေးလက်ဘက်မှာ နေထိုင်သူဖြစ်ပြီး လယ်ယာတွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ Ha Sung Woon က အဖိုးရဲ့ ယာထဲက ထွက်တဲ့ အသီးအနှံတွေကို သူနဲ့ ရင်းနှီးတဲ့ သူတွေကို လက်ဆောင်ပေးလေ့ ရှိပါတယ်။ ဒါက တကယ့်ကို ချစ်စရာကောင်းတဲ့ အလေ့အထလေး တစ်ခုပါပဲ။
Khin