အပေါင်းအသင်း မလုပ်ပဲ ရှောင်ရှားသင့်တဲ့ စိတ်ဓာတ်သေးသိမ်တို့ရဲ့ အမူအကျင့်များ

shutterstock/ Mygate
Sponsored

ကိုယ့်ရဲ့ဘေးနား၊ ကိုယ့်ပတ်ဝန်းကျင်မှာ တကယ့်ကို စိတ်ဓာတ်သိမ်ဖျင်းနေတဲ့သူတွေဆိုတာလည်း ရှိနေတတ်ပါတယ်။ သူတို့တွေရဲ့ စိတ်ဓာတ်တွေက တကယ်ကို ဟိုးအောက်ဆုံးမှာသာ ရှိပြီးတော့ သူတို့တွေက တစ်ဖက်လူ အဆင်ပြေနေတာ၊ ပျော်ရွှင်နေတာမျိုးကို မမြင်နိုင်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်နော်။ ဒီလို စိတ်ဓာတ်သေးသိမ်တဲ့ သူတွေမှာ ဒီလိုအမူအကျင့်တွေ ရှိလို့နေပါတယ်။

ကျေးဇူးမသိတတ်ဘူး

shutterstock/Motortion Films

သူလိုအပ်တုန်းကတော့ ကိုယ့်ဆီက အကူအညီရယူတတ်ပေမယ့် ကိုယ်လိုအပ်နေတဲ့ အချိန်မှာတော့ ကိုယ့်ကိုယ် မသိကျိုးကျွံပြုနေတတ်ကြ သူတွေပါ။ ကိုယ်က တကယ်လိုအပ်နေလို့ အကူအညီတောင်းမိရင်တောင် မအားတာနဲ့၊ မလုပ်ပေးနိုင်တာနဲ့ အမျိုးမျိုး အကြောင်းပြတတ်ကြပါတယ်။ ကျေးဇူးရှိခဲ့ဖူးတာကို ထောက်ထားရကောင်းမှန်းမသိတတ်တဲ့ သူမျိုးတွေဖြစ်ပြီး သူတို့လိုအပ်လာတဲ့အချိန်မှာတော့ သူတို့မဟုတ်တော့သလို ပုံစံမျိုးနဲ့ ထပ်လာအကူအညီတောင်းတတ်ကြပါသေးတယ်။

မနာလိုဝန်တိုတတ်တယ်

Sponsored

ဒီလိုလူတွေဟာ တစ်ခြားလူ အဆင်ပြေနေတာမျိုးကို မနာလိုအူတိုတတ်ကြသူတွေပါ။ ရှေ့မှာတော့ ကိုယ့်ရဲ့အောင်မြင်မှုကို ဝမ်းသာပြတတ်ကြပေမယ့် သူတို့ရဲ့အတွင်းစိတ်ထဲမှာတော့ မနာလိုမုန်းတီးစိတ်တွေ ပြည့်နှက်နေတတ်ပါတယ်။ တစ်ခါတစ်လေမှာ အဲဒီ့မနာလိုစိတ်တွေက ဖုံးမရအောင် ပေါ်လာပြီး ကိုယ့်ကိုယ် တစ်ခုမဟုတ် တစ်ခု လာတိုက်ခိုက်တာမျိုးတွေတောင် လုပ်လာတတ်ကြပါတယ်။

READ
ကိုယ့်ထက် အသက်ကြီးတဲ့ သူငယ်ချင်း ပိုင်ဆိုင်ထားရင် ဒီလိုကောင်းကျိုးတွေ ခံစားရမှာပါ

ချောက်တွန်းတတ်တယ်

shutterstock/Alina Rosanova

မနာလိုခြင်းကနေ ဖြစ်တည်လာတဲ့ စိတ်ဟာ တစ်ဖက်လူ ကျရှုံးသွားမှာ၊ ပြိုလဲသွားမှာကို ဘယ်လိုနည်းလမ်းနဲ့မဆို လုပ်လာတတ်ကြတာပါပဲ။ တစ်ခြားသူတွေဆီမှာ ကိုယ့်ရဲ့မကောင်းကြောင်းတွေ၊ မဟုတ်သတင်းတွေ လျှောက်ဖြန့်တတ်ကြပြီး ကိုယ့်ကိုယ် တစ်ခြားသူတွေ အထင်လွဲသွားအောင် လုပ်တတ်ကြပါတယ်။ ဒီလိုလူမျိုးတွေက တကယ့်ကို လျှာနှစ်ခွနဲ့လူတွေဖြစ်ပြီး ကိုယ့်ရှေ့မှာတော့ မခုတ်တတ်တဲ့ ကြောင်လိုမျိုး ရိုးသားပြနေတတ်တဲ့ တကယ့်ကို မပေါင်းအပ်တဲ့ သူတွေပါ။

အဆိုးမြင်စိတ်တွေ များနေတတ်တယ်

ဒီလို စိတ်ဓာတ်သေးသိမ်တဲ့သူတွေဟာ ကိုယ်ကိုယ်တိုင်က သူများအပေါ် မကောင်းစိတ်တွေများနေတဲ့အတွက် တစ်ခြားလူကိုလည်း ကိုယ်လိုပဲလို ထင်တတ်ကြပြီး အဆိုးမြင်တတ်ကြသူတွေ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က စေတနာနဲ့ ပြောမိတဲ့စကားကိုတောင် ကန့်လန့်မြင်ပြီး သူ့ကိုလာတိုက်ခိုက်စော်ကားနေတယ်လို့ ထင်တတ်ကြသူတွေပဲ ဖြစ်ပါတယ်။ ဒီလို အရာရာကို အဆိုးမြင်စိတ်နဲ့ ကြည့်တတ်တဲ့ သူတွေကို ဝေးဝေးက ရှောင်နိုင်တာ ကိုယ့်အတွက် အကောင်းဆုံးပါပဲနော်။

READ
မိန်းကလေး သိပ်မဆန်တတ်တဲ့ သူတွေမှာပဲ တွေ့ရတတ်တဲ့ စိတ်နေစိတ်ထား အမူအကျင့်များ

Khin

sponsored