ပတ်ဝန်းကျင်မှာ ရှိရင်းစွဲအသက်ထက် အများကြီး နုပျိုနေတဲ့သူတွေကို တွေ့တဲ့အခါတိုင်း သူတို့ဘာလို့များ အဲ့လောက် နုနေရတာလဲလို့ တွေးကြည့်ဖူးမှာပါ။ တကယ်တော့ အဲ့လို နုပျိုဖို့ ပိုက်ဆံတွေအများကြီး အကုန်အကျခံ လုပ်ယူထားတာမဟုတ်ပါဘူးနော်။ ဒါဆိုသူတို့ ဘာတွေများ လုပ်လို့လဲဆိုတာ သိရအောင် အဆုံးထိ ဖတ်ကြည့်လိုက်ပါဦး။
(၁) အသက်အရွယ်နဲ့ လိုက်ဖက်အောင် ၀တ်တယ်

ဆယ်ကျော်သက်လို ၀တ်တိုင်းဆယ်ကျော်သက်နဲ့ တူမှာမဟုတ်ပါဘူး။ သင်နုတယ်လို့ ထင်တဲ့သူတွေကို သတိထားကြည့်လိုက်ရင် သူတို့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အ၀တ်အစားတွေကိုပဲ ၀တ်ထားတာကို တွေ့ရမှာပါ။ အသက်အရွယ်နဲ့ လိုက်ဖက်တာလေးတွေ ၀တ်ရင်ပိုနုတယ်နော်။
(၂) နေ့စဉ် အစားအသောက်ထဲမှာ အစပ်ကိုထည့်စားတယ်

ရှူးရှူးရှဲရှဲနဲ့ မခံမရပ်နိုင်လောက်အောင် စပ်တာတွေစားဖို့ ပြောတာမဟုတ်ပါဘူး။ ပုံမှန်စားနေကျထဲမှာ ငရုတ်သီးအနည်းငယ်၊ ဒါမှမဟုတ် ငရုတ်ကောင်းထည့်စားတာကို ပြောချင်တာပါ။ အစပ်အရသာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်ရွက်မှုကိ ကောင်းစေပြီး သင့်ကို သွက်လက်စေနိုင်ပါတယ်။
(၃) အနုပညာနဲ့အမြဲထိတွေ့မှုရှိတယ်

ဂီတက အပင်တွေရဲ့ ရှင်သန်မှုကိုတောင်မှ အထောက်အကူပြုတယ်ဆိုတာ သိရှိပြီးဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ဘယ်အနုပညာနဲ့မဆို ထိတွေ့မှုရှိနေရင် တခြားသူတွေထက် ပိုနုပျိုနိုင်ပါတယ်။ လူကို နုပျိုစေနိုင်ဆုံးကတော့ သီချင်းဆိုတာပါတဲ့။ သီချင်းဆိုတာကတော့ သင့်ငယ်ရွယ်နုပျိုမှုကို ထိန်းထားနိုင်ဆုံးပါပဲ။
(၄) ကြင်နာတတ်တယ်

ကိုယ့်ထက်အားနည်းတဲ့ သူတွေကို ကြင်နာတတ်တဲ့ ၊ တိရစ္ဆာန်လေးတွေကို ကြင်နာတတ်တဲ့ သူလေးတွေဟာ တခြားသူတွေထက် နုပျိုနေတာကို တွေ့ရမှာပါ။ တိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားခြင်းက စိတ်ဖိစီးမှုတွေကို လျော့နည်းစေနိုင်တာကြောင့် ဖိစီးမှုကြောင့်ဖြစ်တဲ့ အိုမင်းရင့်ရော်မှုကိုလည်း နှောင့်နှေးစေပါတယ်တဲ့။
(၅) ဘာသာရေးလုပ်တယ်

ယုံကြည်သက်ဝင်မှု တစ်ခုခုရှိတဲ့အခါ လူတစ်ယောက်ရဲ့ စိတ်က ကြည်လင်နေတတ်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့သူတွေက တခြားသူတွေထက် စိတ်ရှုပ်ထွေးမှုတွေ ပိုနည်းတာကြောင့် မျက်နှာကလည်း အမြဲကြည်လင် နုပျိုနေပါတယ်။
MAY THAZINHTOO