Byul နဲ့ HaHa တို့ကေ တာ့ ပရိသတ်ချစ်ခင်အားပေးမှုကို ရထားတဲ့ စုံတွဲလေးပါ။ HaHa ကိုတော့ မြန်မာပရိသတ်တွေ က Running Man အဖွဲ့ ၀င် တစ်ယောက် အဖြစ် နဲ့ လူသိများပါတယ်။နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ Byul က သူမရဲ့ အကောင့်မှာ မင်္ဂလာ သက် တမ်း ၈ နှစ်ပြည့် အမှတ်တရ စကား ဆိုခဲ့ပါတယ်။သူတို့နှစ်ယောက် အတူတူ ရိုက်ကူး ထားတဲ့ Selfie ပုံနဲ့ အတူ Post တင်ခဲ့တာပါ။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားပါတယ်။
View this post on Instagram
Byul က Our eighth #weddinganniversary. .. ဆိုပြီး အစချီ ထားပါတယ်။”ဒီနှစ်က တော့ အိမ်မှာပဲ. က လေးတွေ ကို သိပ်ပြီး တော့ Netflix အတူတူ ကြည့်ပြီး ဖြတ်သန်း ကြတယ်.(တကယ်တော့ ကလေးတွေ က အခုထိ မအိပ်). ကျွန်မတို့ မင်္ဂလာ နှစ်ပတ် လည် အတွက် ဂုဏ်ပြုပါတယ် ဟန်နီ.” ဆိုပြီး ရေးထားပါတယ်။ခင်ပွန်းကို ချီးကျူး ထားပြီး အခု လို မျိုး လေး ပဲ တစ်ယောက် နဲ့ တစ်ယောက် အားပေးကြရင်း အတူ ဆက်နေ သွားကြမယ်လို့ လည်း Byul က ပြောခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
ချစ်စရာ ကောင်းတဲ့ သူတို့ အတွဲလေးက တော့ ၂၀၁၂ တုန်းက လက်ထပ်ခဲ့တာပါ။သူတို့ရဲ့ ပထမဆုံး သားလေး Dream ကိုတော့ ၂၀၁၃ မှာ မွေး ခဲ့ပြီး ဒုတိယ သားလေး Soul ကို တော့ ၂၀၁၇ မှာ မွေးခဲ့တာပါ။သမီးလေး Song ကိုတော့ ၂၀၁၉ ဇူလိုင် တုန်းက မှ မွေး ခဲ့တာပါ။
View this post on Instagram
View this post on Instagram
#AUNTYMAY