နွေရာသီမှာ ဆံပင်အလှမပျက်စေဖို့ မှန်ကန်တဲ့နည်းလမ်း (၅) သွယ်

Freepik-
Sponsored

ဒီနှစ်နွေကတော်တော်ပူတယ်နော်။ ချွေးတွေအရမ်းထွက်ပြီးဆံပင်တွေလဲ စေးကပ်ကပ်ဖြစ်လို့ စိတ်ညစ်နေကြပြီလား။ နေတွေအရမ်းပူလို့ ဆံပင်တွေပျက်ဆီးလို့ ၀မ်းနည်းနေပြီလား။ အဲတာတွေကို ကာကွယ်လို့ရမယ့် နွေရာသီအတွက် ဆံပင်ထိန်းသိမ်းတဲ့နည်းလမ်းလေတွေ ဝေမျှပေးမယ်နော်။

(၁) ထီးဆောင်းပါ

Freepik-goffkein
Sponsored

အပြင်သွားတိုင်းထီးဆောင်းဖို့မပျင်းပါနဲ့နော်။ ထီးမဆောင်းချင်ဘူးဆိုရင်တောင် ဦးထုပ်လေးဝတ်ပါ။ နေရောင်ခြည်ဒဏ် ကာကွယ်ပေးတဲ့အပြင် ဦးရေပြားမခြောက်သွေ့အောင်လဲ ကာကွယ်တယ်နော်။ လေတိုက်လို့ဆံပင်ရူပ်သွားတာတွေကို ဦးထုပ်ဆောင်ပြီး ကာကွယ်နိုင်သလို ဆံပင်ဆေးဆိုးထားရင်လဲ အရောင်တွေမကျွတ်အောင် ထီးဆောင်းပြီးကာကွယ်နိုင်ပါတယ်။

(၂) ဆံပင်ဖွဖွလေးစည်းပါ

Freepik-vkstudio

ဆံပင်ရှည်ပဲဖြစ်ဖြစ် ဆံပင်စည်းလို့ရတဲ့ အနေအထားဆိုရင် ဖြစ်ဖြစ် ဆံပင်လေးတွေကို ဖွဖွလေးတွေစည်းနော်။ ဆံပင်တင်းတင်းစည်းရင် ခေါင်းကိုက်တာတွေ၊ ဆံပင်ကျွတ်တာတွေဖြစ်နိုင်လို့ ပိုပျက်ဆီးလွယ်တယ်နေိာ။ ဆံပင်စည်းထားရင် ဆံပင်ကို UV ထိတာလဲလျော့ချပေးနိုင်တယ်နော်။ကျစ်ဆံမြီးကျစ်ထားရင်လဲ အဆင်ပြေပါတယ်တဲ့။

(၃) ဆံပင်အပူပေးတာလေးတွေလျော့မယ်

ခေါင်းလျှော်ပြီးတုံး ဆံပင်ကိုအပူအပြင်းဆုံးနဲ့ လေမှုတ်တာလေးတွေလျော့မယ်။ အပြင်ထွက်တိုင်း နေရောင်နဲ့ဆံပင်ကထိနေတာဖြစ်လို့ သဘာဝနည်းလမ်းနဲ့ အခြောက်ခံကြည့်နော်။ ဆံပင်ဖြောင့်တာတွေ ကောက်တာတွေ လျှော့ချပြီး ပုံမုန်လေးပဲထားကြည့်နော်။

(၄) ဆံပင်ပေါင်းပေးပါ

READ
ဆံပင်အသစ်တွေ ပြန်ထွက်လာပြီး ဆံပင်အုံပြန်ထူလာအောင် လုပ်နည်း (၃)ခု
Freepik-goffkein

ပေါင်းဆေးတွေထက်စာရင် သဘာဝပေါင်းနည်းလေးတွေပြောင်းသုံးကြည့်ရအောင်။ ရေထဲကို Apple Cider Vinegar ရောပြီး သဘာဝပေါင်းဆေးအနေနဲ့သုံးကြည့်နော်။ အုန်းဆီကိုခေါင်းမလျှော်ခင်လိမ်းထားပြီးမှ လျှော်ချမယ်ဆိုရင်လဲ ဆံပင်လေးတွေပျော့ပြောင်းနေမှာ အသေအချာပဲနော်။

(၅) ဆံပင်အတွက် Sunscreen 

Freepik-

UV ပါတဲ့ခေါင်းလျှော်ရည်တွေက ဓာတုပစ္စည်းများလို့ မသုံးပါနဲ့နော်။ ဆံပင်ကိုပိုပျက်ဆီးစေလို့ပါ။ အပြင်သွားခါနီး Sunscreen လိမ်းချိန်မှာ လက်ထဲမှာရှိနေတဲ့ အနည်းငယ်ကို ဆံပင်ကိုသုတ်လိမ်းပေးပါနော်။ ဆံပင်ထိပ်ဖျားတွေကို မလိမ်းပဲ အဖျားလေးတွေပဲ လိမ်းပေးဖို့မမေ့နဲ့နော်။

TPS

 

sponsored