သင့်ဆံပင်ကို ဆိုးရွားစွာပျက်စီးစေလို့ ရှောင်ကျဉ်ရမယ့် ခေါင်းလျော်ခြင်းဆိုင်ရာ အမှားများ

shutterstock By StoryTime Studio
Sponsored

ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ဆိုကြသလို ကိုယ့်မျက်နှာနဲ့ လိုက်ဖက်ပြီး ကျန်းမာတဲ့ ဆံသားရှိဖို့ အရေးကြီးပါတယ် ။ မျက်နှာကို skin care တွေနဲ့ ဂရုစိုက်သလို သင့်ဆံသားတွေကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်နော် ။ ဒါ့ကြောင့် လူတိုင်းနေ့စဉ်လုပ်မိနေတတ်တဲ့ ခေါင်းလျော်ခြင်းဆိုင်ရာ ဆံသားပျက်စီးစေတဲ့ အမှားတွေကိုဖော်ပြပေးလိုက်ပါတယ်နော် …

(၁) ခေါင်းခဏ ခဏ လျော်ခြင်း

shutterstock By VGstockstudio
Sponsored

ခေါင်းခဏခဏ လျော်ခြင်း ဆံပင်တွေကိုသန့်ရှင်းစေတယ်လို့ ထင်ရင်တော့မှားပါတယ်နော် ။ တစ်ပတ်ကို ၂ ရက်လောက်လျော်ပေးရင်ပဲ ခေါင်းသန့်ရှင်းရေးအတွက် လုံလောက်ပါတယ်။ ခေါင်းလျော်ရည်တွေသုံးပြီး ခဏခဏလျော်တာက ဆံသား အဆီတွေကိုခမ်းခြောက်စေပြီး ဦးရေပြားကိုလည်း အစိုဓာတ်ခမ်းခြောက်စေပါတယ် ။

(၂) ရေစင်အောင် မလောင်းခြင်း

Shampoo တွေအများကြီးသုံးခြင်းနဲ့ ရေစင်အောင်မလောင်းတာကလည်း ဆံသားပျက်စီးမှုတွေရဲ့ အဓိကအကြောင်းအရင်းပါ။ Shampoo တွေမှာ chemicals တွေများစွာပါဝင်တာကြောင့် ရေမစင်တဲ့အခါ ဆံသားတွေကိုခြောက်ပြီးကြိုးကြေစေတာမျိုးတွေဖြစ်ပေါ်စေပါတယ်။

READ
ပျိုမေတို့ရဲ့နဂိုရှိရင်းစွဲအလှကိုတောင်မှေးမှိန်သွားစေတဲ့ ဖက်ရှင်အမှား (၇) ချက်

(၃) Conditioner အသုံးပြုမှုအမှား

shutterstock By VGstockstudio

Conditioner ကိုတော့ ခေါင်းလျော်ရည်နဲ့လျော်ပြီးမှ ပျော့ဆေးသဘောမျိုးအသုံးပြုကြတာများပါတယ် ။ ဒီနည်းလမ်းကမှားယွင်းနေပါတယ်နော် ။ Conditioner အရင်သုံးပြီးမှ ခေါင်းလျော်ပေးခြင်းက ဆံပင်အုံကိုပိုထူသယောင်ဖြစ်စေပြီးတော့ စေးကပ်ကပ်လည်းမဖြစ်တော့ဘူးပေါ့။

(၄) Shampoo အသုံးပြုမှုအမှား

ခေါင်းလျော်တဲ့အခါ shampoo ကိုဆံပင်အဖျားတွေမှာ အများကြီးမသုံးသင့်ပါဘူး ။ ဆံပင်အဖျားတွေက အဆီဓာတ်ပိုလိုတာမို့လို့ Shampoo ကိုခေါင်းဦးရေပြားနားမှာများများထည့်သုံးပြီး ပိုတာလောက်ကိုပဲ အဖျားနားကိုလျော်သင့်ပါတယ် ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ဆံပင်အဖျား နှစ်ခွတွေဖြစ်တာကိုလည်း သက်သာစေမှာပါ။

(၅) လက်သည်းအရှည်နဲ့ ခေါင်းလျော်ခြင်း၊ ကုတ်ခြင်း

ရေစိုနေတဲ့ ဦးရေပြားက နုသွားတာကြောင့် လက်သည်းအရှည်တွေနဲ့သွားကုတ်တဲ့အခါ အသားပွန်းတာတွေကြောင့် ဗောက်တွေထစေတာပါ ။ ဦးရေပြားကို ကုတ်တဲ့အခါ လက်ထိပ်လေးတွေနဲ့ ညင်ညင်သာသာပွတ်ပေးတာမျိုးလောက်ပဲ လုပ်ပေးသင့်ပါတယ်။

READ
ဆံပင်ပါးသူ၊ဆံပင်အရှည်မြန်ချင်သူများအတွက် နည်းလမ်းကောင်းများ

(၆) ရေပူနဲ့ ခေါင်းလျော်ခြင်း

shutterstock By mansong suttakarn

ရေပူတွေနဲ့ ခေါင်းလျော်တဲ့အခါ ဦးရေပြားချွေးပေါက်တွေကိုလည်း ပိတ်စေပြီး ဆံပင်အမြစ်တွေကိုလည်း အားနည်းစေတာကြောင့် ဆံပင်အရမ်းကျွတ်တတ်ပါတယ် ။ ရေအေးနဲ့ပဲလျော်ပေးသင့်ပါတယ်။

(၇) ရေစိုနေတုန်း ခေါင်းဖြီးခြင်း

shutterstock By Africa Studio

ရေစိုနေတဲ့ ဆံပင်တွေကိုခေါင်းဖြီးတာက ဆံသားကိုပိုပျက်စီးစေပါတယ် ။ ရေစိုနေတဲ့ ဆံပင်မှာ အာဟာရဓာတ်ဖြစ်တဲ့ ဆံပင်အဆီမထွက်သေးတာကြောင့် ဘီးနဲ့ခပ်ကြမ်းကြမ်းဖြီးလိုက်တဲ့အခါ ဆံသားကိုကြိုးကျေစေတာပါ။

Kay

sponsored