အချိန်သိပ်အများကြီး မရှိတဲ့အခါ လှလှလေး ဖန်တီးနိုင်မယ့် ဆံပင်ပုံစံလေးများ

Freepik.com
Sponsored

ဆံပင်ရှည်တဲ့ မိန်းကလေးတွေကတော့ အပြင်သွားမယ်ဆိုရင် ဆံပင်အတွက် အချိန်တွေ သေချာပေးဖို့ လိုအပ်ပါတယ်။ အချိန်တွေ အများကြီး မရတဲ့နေ့ရက်တွေမှာ ဆံပင်တွေ မသပ်မရပ် ဖြစ်နေတာမျိုး၊ ပုံမကျ ပန်းမကျ ဖြစ်နေတာမျိုးတွေကလည်း တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်ရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျစေနိုင်ပါတယ်။ ဒီအတွက် အချိန်တိုလေးအတွင်းမှာ ပြုလုပ်နိုင်ပြီး သင့်ကိုလည်း ကြည့်ကောင်းသွားစေမယ့် ဆံပင်ပုံစံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ရေလှိုင်းလိုဆံပင်ပုံစံ

Sponsored

ဆံပင်ရှည်နေတဲ့သူတွေအတွက် အပြင်သွားတဲ့အခါမှာ စတိုင်ကျကျလေးနဲ့ လူငယ်ဆန်ဆန်လေး ဖြစ်စေမယ့် ဆံပင်ပုံစံလေး တစ်ခုကတော့ ရေလှိုင်းလို ကောက်သားတွေ ပါဝင်တဲ့ ဆံပင်ပုံစံပဲ ဖြစ်ပါတယ်။ ဒီအတွက် ယာယီဆံသားတွေကို ကောက်ပေးနိုင်တဲ့ နည်းလမ်းလေးတွေ သုံးလို့ ရပါတယ်။ ကျစ်ဆံမြှီးကျစ်ထားပြီး ဆံပင်ကို အပူပေးပြီးဖြောင့်တဲ့စက်ကို သုံးပြီး ကျစ်ဆံမြှီးကျစ်ထားတဲ့ ဆံသားကို ဖိပြီး အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ ၅ မိနစ်လောက် အချိန်ပေးပြီးရင်တော့ ကျစ်ထားကို ဖြေလိုက်ရင် အဆင်ပြေပါပြီ။

READ
ချစ်ရသူတွေနဲ့ အတူ မွေးနေ့ပါတီပွဲလေးကျင်းပခဲ့တဲ့ ၀တ်မှုံရွှေရည်
lookstudio/Freepik

Ponytail

အမျိုးမျိုးသော Ponytail တွေက အချိန်တိုအတွင်းမှာ ပြုလုပ်လို့ အဆင်ပြေပါတယ်နော်။ ဆံပင်ကို ခပ်မြင့်မြင့်လေး စည်းလိုက်တာမျိုးက သင့်ကို ပိုပြီး ယုံကြည်မှု ရှိတဲ့သူအဖြစ် အသွင်ပြောင်းစေသလို လူငယ်ဆန်တဲ့ပုံစံမျိုးဖြစ်အောင်လည်း ဖန်တီးပေးနိုင်ပါတယ်။

Photo by Edgar Martínez from Pexels

ဆံထုံး

ဆံထုံးတွေကလည်း ဘယ်တော့မှ မရိုးတဲ့ ဆံပင်ပုံစံထဲမှာ ပါဝင်ပါတယ်။ လူငယ်ဆန်တဲ့ အသွင်မျိုး ရချင်တယ်ဆိုပြီး ဆံပင်ကို ခပ်မြင့်မြင့်လေးမှာ စည်းပြီး ထုံးလိုက်မယ်ဆိုရင်တော့ အချိန်ခဏအတွင်း ပေါ့ပါးတဲ့ စတိုင်မျိုး ရသွားစေနိုင်ပါတယ်။

karlyukav/Freepik

အဖြောင့်အတိုင်း ထားပါ

ထိုင်းမလေးတွေရဲ့ ဆံပင်ပုံစံလေးတွေကို ဒီနေရာမှာ အသုံးဝင်အောင် လုပ်လို့ ရပါတယ်။ ဆံပင်ကို အဖြောင့်အတိုင်းကို ဆီလေး ရွှဲရွှဲလေး ဖြစ်အောင် လိမ်းပြီး သေချာလေး ဖြီးလိုက်တာမျိုးကလည်း သင့်ကို ရိုးရှင်းပြီး ကျော့ရှင်းကြည့်ကောင်းတဲ့ အသွင်မျိုး ရစေပါတယ်။

READ
Crush က သင့်ကို သူငယ်ချင်းအဆင့်ထက် မပိုဘူးဆိုတာ ဖော်ပြနေတဲ့ လက္ခဏာရပ်များ
diana.grytsku/Freepik

တစ်လွှာသိမ်းပြီး စည်းပါ

ဆံသားလည်း ထူပြီး ဆံပင်လည်း ရှည်တယ်ဆိုရင် တစ်လွှာသိမ်းပြီး ဖဲပြားပုံစံခေါင်းစည်းကြိုးလေးတွေနဲ့ စည်းတာကလည်း အဆင်ပြေပါတယ်။ ချစ်စရာကောင်းတဲ့ ကောင်မလေးအသွင်လည်း ဖြစ်စေသလို နုပျိုပြီး တည်ငြိမ်တဲ့ ကောင်မလေးအသွင်မျိုးကိုလည်း ရစေပါတယ်။

Kham

 

sponsored