(၂၄)နာရီမပြည့်ခင် ကြည့်ရှု့သူ(၇)သန်းကျော်ရှိသွားတဲ့ Halsey ရဲ့ Tiktok ဗီဒီယို

[email protected] iamhalsey
Sponsored

အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ Halsey ကိုတော့ တော်တော်များများ သိကြပြီးဖြစ်မှာပါ။ Halsey ရဲ့ Without Me သီချင်းဟာ ဒီနေ့ဒီအချိန်အထိ ဘယ်နှခါ နားထောင်ထောင် လုံးဝမရိုးတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ မကြာသေးခင်အချိန်ကပဲ Halsey ရိုက်ခဲ့တဲ့ Tiktok ဗီဒီယိုဖိုင်ဟာ သူမရဲ့ ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားခဲ့သလို Halsey ရဲ့ ပထမဦးဆုံး Tiktok ဗီဒီယိုဆိုလည်း မမှားပါဘူး။ အဆိုပါ Tiktok ဗီဒီယိုဖိုင်ဟာ တစ်ရက်တောင် မပြည့်သေးတဲ့ အချိန်ကာလအတွင်းမှာ ကြည့်ရှု့သူ ၇သန်းကျော်အထိတောင်ရှိသွားခဲ့ပြီဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

@halseyI did it 😬♬ original sound – Makayla
Sponsored

ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ အတိုင်း အစပိုင်းမှာတော့ Halsey ဟာ သူမရဲ့ ဆံပင်အရှည်ကြီးကို လက်နဲ့ကိုင်ပြီး Tiktok အထာအတိုင်း နောက်ခံစကားပြောအသံနဲ့ စကားတစ်ချို့ပြောနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရုတ်တရက် ခေါင်းကို ရှေ့ငိုက်ချလိုက်ပြီး ခေါင်းပြန်မတ်လိုက်တဲ့အခါမှာတော့ ဆံပင်လုံးဝမရှိတော့ပဲ ကတုံးနီးပါးဖြစ်သွားပါတော့တယ်။ ဒီလိုမျိုးပုံစံကို Halsey ဟာ ဗီဒီယိုရိုက်ပြီး Tiktok မှာ တင်ခဲ့ပါတယ်။ အမှန်တော့ Halsey ဟာ လက်ရှိအချိန်မှာ ဆံပင်ပုံစံကို ပြောင်းချင်နေတာကြောင့် ဘာပုံစံထားရမှန်း မသိဖြစ်နေတာကြောင့် နောက်ဆုံးမှာတော့ အခုလို ကတုံးဆံတောက်ပံစံထားဖြစ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

READ
သင်လုပ်သမျှ ဝေဖန်အပြစ်ပြောနေတဲ့သူတွေကို အကောင်းဆုံးတုံ့ပြန်နိုင်မယ့် နည်းလမ်း (၅)မျိုး

 

 

View this post on Instagram

 

brat 🍬 @samdameshek

A post shared by halsey (@iamhalsey) on

“မိန်းကလေးတော်တော်များများက ဆံပင်ကို တယုတယနဲ့ တန်ဖိုးထားကြပြီး ဆံပင်ကို အရှည်ထားတတ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဆံပင်အရှည်ထားရတာကို ကြိုက်ပါတယ်။ ဒါပေမယ့် ဆံပင်အရှည်က တော်တော်လေးပူပြီး စိတ်အိုက်ရပါတယ်။ ဒါ့ကြောင့် ဆံပင်ပုံစံပြောင်းဖို့ စဉ်းစားရင်းနဲ့ နောက်ဆုံးမှာတော့ ကတုံးဆံတောက်ပဲထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီပုံစံဟာ တစ်ခါမှ ကျွန်မမထားဖူးသေးပါဘူး။ နေရတာတော့ တော်တော်ပေါ့ပါးပြီး အပြင်သွားမယ်ဆို ဆံပင်ပုံသွင်းရမယ့်အချိန်မျိုးတွေတော့ တော်တော်သက်သာသွားပါတယ်။ ဆံပင်မရှိတဲ့ မိန်းကလေးတစ်ယောက်လည်း လှတယ်ဆိုတာ သက်သေပြချင်တာလည်း ပါပါတယ်”လို့ Halsey က ရယ်မောပြီး ပြောကြားခဲ့ပါတယ်။

READ
လူတိုင်းဘ၀မှာလိုအပ်တဲ့ သူငယ်ချင်း ၃ မျိုး

 

 

View this post on Instagram

 

just in time 4 beanie weather 😃

A post shared by halsey (@iamhalsey) on

phk

sponsored