Jin Hua နဲ့တွေ့တဲ့အချိန်မှာ သူမပြောင်းလဲလာခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့တဲ့ Ham So-won

ig/@ham_so1
Sponsored

မင်းသမီးချော Ham So-won က သူမရဲ့ ခင်ပွန်း Chinese social media star ဖြစ်သူ Jin Hua နဲ့တွေ့ပြီးတဲ့အချိန်မှာ သူမနေထိုင်မှု ဘဝပုံစံ ပြောင်းလဲလာခဲ့တဲ့ အကြောင်းကို ပြောပြပေးခဲ့ပါတယ်။ Channel A’s television show တစ်ခုဖြစ်တဲ့ ‘Eye Contact’ အစီအစဉ်မှာ မင်းသမီး Ham So-won က ဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ရတာပါ။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

#남편 #말고 #다른 #멋진 #남자들과 #ㅋㅋㅋ

A post shared by 함소원_공식_instagram (@ham_so1) on

Sponsored

အစီအစဉ်မှာ Ham So-won က သူမ Jin Hua နဲ့ လက်ထပ်လိုက်ပြီးနောက် married life အကြောင်းကို ခုလို ပြောပြခဲ့ပါတယ် “ ကျွန်မ Ji Hua နဲ့ လက်မထပ်ခင်မှာ မနက်ပိုင်းမှာ worked out လုပ်ပြီး ညဖက်ဆို ကလပ်မှာ လုပ်တဲ့ party တွေ သွားတက်တယ် ဒါဟာ ကျွန်မရဲ့ နေ့စဉ်နေထိုင်မှု ပုံစံပါ” ဆိုပြီး ပြောပြခဲ့ပါတယ်။

READ
မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဆယ်လီ လူပျိုသိုးကြီး(၆) ယောက်

 

 

View this post on Instagram

 

#오랜만에 #남편 #한강데이트

A post shared by 함소원_공식_instagram (@ham_so1) on

သူမက ဆက်လက်ပြီး “ ကျွန်မအမေက ကျွန်မကို အမြဲတမ်းမေးတယ် နင်ဘယ်တော့ လက်ထပ်မှာလဲ ဆိုပြီးတော့ ဒါပေမယ့် ကျွန်မ ဒါကို ဂရုမစိုက်ခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ ကျွန်မက ဆင်ဂယ်အဖြစ်နဲ့ နေရတာကို ပျော်တယ် ဆင်ဂယ်ဘဝကို နှစ်သက်တယ် ကျွန်မကို တစ်ချို့လူတွေက လက်ထပ်ဖို့ ကမ်းလှမ်းတာတွေ ရှိတယ် ဒါပေမယ့် ဆင်ဂယ်ဘဝကို မစွန့်လွှတ်နိုင်လို့ သူတို့ကို မရွေးခဲ့ပါဘူး” လို့ အရင်က သူမ ခံယူချက်လေးကို ပြောပြလာပါတယ်။

 

 

View this post on Instagram

 

#하하하#귀여운척#하는#내남편#

A post shared by 함소원_공식_instagram (@ham_so1) on

“ ကျွန်မ Jin Hua နဲ့ တွေ့ပြီးနောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပါတယ် ကလပ်တွေကိုလည်း မသွားချင်တော့ဘူး သူနဲ့ပဲ အချိန်ကုန်ရတာကို ပိုသဘောကျလာတယ် ဒါကြောင့်ပဲ သူ့ကို လက်ထပ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တာပါ သူနဲ့ တွေ့ပြီးနောက်မှာ တော်တော်များများကို ကျွန်မ ပြောင်းလဲသွားခဲ့ပါတယ်” လို့ ပြောပြသွားခဲ့ပါတယ်။

READ
Nike နဲ့ နောက်ထပ် ဖိနပ် Collaboration ထပ်လုပ်လိုက်တဲ့ GDragon

 

Ham So-won နဲ့ Jin Hua တို့နှစ်ယောက်ဟာ February 2018 မှာ လက်ထပ်ခဲ့ကြပြီး ချစ်စရာကောင်းတဲ့ သမီးလေးကို December 2018 မှာ မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြပါတယ်နော်။

Khin

sponsored